စကုမြို့၌ မွေးမြူရေးသိပ္ပံကျောင်း ဖွင့်လှစ်ပေးနိုင်ရေးစီစဉ်နေဟု နစကအကြီးအကဲဆို

663

မျိုးကြီး (NP News) - နိုဝင်ဘာ ၂၈
မကွေးတိုင်း၊ စကုမြို့၌ မွေးမြူရေးသိပ္ပံကျောင်း ဖွင့်လှစ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂၇ ရက်တွင် မကွေးတိုင်းအတွင်းရှိ မင်းဘူးမြို့နှင့် စကုမြို့တို့ရှိ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ်အချိန် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုမွေးမြူရေးအတွက် လိုအပ်သည့် ရေများ လုံလောက်စွာရရှိရေးဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ပွင့်ဖြူမြို့၌ စိုက်ပျိုးရေးသိပ္ပံကျောင်းရှိပြီဖြစ်ပြီး စကုမြို့၌လည်း မွေးမြူ ရေးသိပ္ပံကျောင်းတစ်ခု ဖွင့်လှစ်ပေးနိုင်ရေးဆောင်ရွက်နေကြောင်း နစကအကြီး အကဲက ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင် နစက၏ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေဖြင့် အခြေခံပညာဦးစီးဌာနရှိ ကျောင်းများ၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက် တန်းကျောင်း(၅ဝ)တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

zawgyi version
စကုၿမိဳ႕၌ ေမြးျမဴေရးသိပၸံေက်ာင္း ဖြင့္လွစ္ေပးႏိုင္ေရးစီစဥ္ေနဟု နစကအႀကီးအကဲဆို
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၈
မေကြးတိုင္း၊ စကုၿမိဳ႕၌ ေမြးျမဴေရးသိပၸံေက်ာင္း ဖြင့္လွစ္ေပးႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေနေၾကာင္း နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာလ ၂၇ ရက္တြင္ မေကြးတိုင္းအတြင္းရွိ မင္းဘူးၿမိဳ႕ႏွင့္ စကုၿမိဳ႕တို႔ရွိ ရပ္မိရပ္ဖမ်ားႏွင့္ေတြ႕ဆုံစဥ္အခ်ိန္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို အေျခခံသည့္ ကုန္ ထုတ္လုပ္မႈလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ရမည္ျဖစ္ၿပီး စိုက္ပ်ိဳေမြးျမဴေရးအတြက္ လိုအပ္သည့္ ေရမ်ား လုံေလာက္စြာရရွိေရးေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ၎က ဆိုသည္။
လက္ရွိတြင္ ပြင့္ျဖဴၿမိဳ႕၌ စိုက္ပ်ိဳးေရးသိပၸံေက်ာင္းရွိၿပီျဖစ္ၿပီး စကုၿမိဳ႕၌လည္း ေမြးျမဴ ေရးသိပၸံေက်ာင္းတစ္ခု ဖြင့္လွစ္ေပးႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း နစကအႀကီး အကဲက ထည့္သြင္းေျပာဆိုခဲ့သည္။
ထို႔ျပင္ နစက၏ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ယခုဘ႑ာႏွစ္ ျဖည့္စြက္ခြင့္ျပဳေငြျဖင့္ အေျခခံပညာဦးစီးဌာနရွိ ေက်ာင္းမ်ား၌ စက္မႈ၊ စိုက္ပ်ိဳးႏွင့္ ေမြးျမဴေရးအထက္ တန္းေက်ာင္း(၅ဝ)တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္ စတင္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။