ဦးဇော်ဇော် ရှယ်ယာအများဆုံးပါဝင်သည့် ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ်သို့ပြောင်းလဲရန် တင်ပြထား

 1235

NP News - နိုဝင်ဘာ ၂၉

ဦးဇော်ဇော်၏ ရှယ်ယာအများဆုံးပါဝင်သည့် ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ပဏီအ ဖြစ်သို့ ပြောင်းလဲရန် တင်ပြထားကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း နစကမှ ထုတ်ပြန်သည့် နိုင်ငံ့ပြန်တမ်း၌ ဧရာဝတီဘဏ်လီမိတက်သည် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ အမျိုးအစားပြောင်းလဲရန် တင်ပြထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်ရှိ ဧရာဝတီဘဏ်လီမိတက်သည် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီအဖြစ်မှ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီအဖြစ်သို့ အမျိုးအစားပြောင်းလဲခြင်း ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာမှတ်ပုံတင်အရာရှိထံသို့ တင်ပြထားကြောင်း နိုင်ငံ့ပြန်တမ်းတွင် ဖော်ပြထားသည်။

ဧရာဝတီဘဏ်လီမိတက်မှ တင်ပြသည့်လျှောက်ထားမှုကို လက်ခံထားပြီး တရား ရုံး၏ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း နိုင်ငံ့ပြန်တမ်းတွင် ဖော်ပြထားသည်။

ဧရာဝတီဘဏ်လီမိတက်တွင် မြန်မာနိုင်ငံ၌ လူသိများသည့် သူဋ္ဌေးတစ်ဦးဖြစ်သော ဦးဇော်ဇော်မှာ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားကြောင်း သိရသည်။

zawgyi version
ဦးေဇာ္ေဇာ္ ရွယ္ယာအမ်ားဆုံးပါဝင္သည့္ ဧရာဝတီဘဏ္ကို အမ်ားပိုင္ကုမၸဏီအျဖစ္သို႔ေျပာင္းလဲရန္ တင္ျပထား
NP News - ႏိုဝင္ဘာ ၂၉

ဦးေဇာ္ေဇာ္၏ ရွယ္ယာအမ်ားဆုံးပါဝင္သည့္ ဧရာဝတီဘဏ္ကို အမ်ားပိုင္ကုမၸဏီအ ျဖစ္သို႔ ေျပာင္းလဲရန္ တင္ျပထားေၾကာင္း သတင္းရရွိသည္။

ယခုရက္ပိုင္းအတြင္း နစကမွ ထုတ္ျပန္သည့္ ႏိုင္ငံ့ျပန္တမ္း၌ ဧရာဝတီဘဏ္လီမိတက္သည္ အမ်ားႏွင့္သက္ဆိုင္သည့္ ကုမၸဏီအျဖစ္သို႔ အမ်ိဳးအစားေျပာင္းလဲရန္ တင္ျပထားၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ရန္ကုန္တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ မဟာဗႏၶဳလလမ္းႏွင့္ မဟာဗႏၶဳလပန္းၿခံလမ္းေထာင့္ရွိ ဧရာဝတီဘဏ္လီမိတက္သည္ အမ်ားႏွင့္မသက္ဆိုင္သည့္ကုမၸဏီအျဖစ္မွ အမ်ားႏွင့္သက္ဆိုင္သည့္ကုမၸဏီအျဖစ္သို႔ အမ်ိဳးအစားေျပာင္းလဲျခင္း ဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ားကို ကုမၸဏီမ်ားဆိုင္ရာမွတ္ပုံတင္အရာရွိထံသို႔ တင္ျပထားေၾကာင္း ႏိုင္ငံ့ျပန္တမ္းတြင္ ေဖာ္ျပထားသည္။

ဧရာဝတီဘဏ္လီမိတက္မွ တင္ျပသည့္ေလွ်ာက္ထားမႈကို လက္ခံထားၿပီး တရား ႐ုံး၏ အမိန႔္တစ္ရပ္ရပ္အရ တားျမစ္ျခင္းမရွိလွ်င္ ကုမၸဏီ၏ မွတ္ပုံတင္ထားေသာ ကုမၸဏီအမ်ိဳးအစားေျပာင္းလဲျခင္းဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ားကို ေျပာင္းလဲေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံ့ျပန္တမ္းတြင္ ေဖာ္ျပထားသည္။

ဧရာဝတီဘဏ္လီမိတက္တြင္ ျမန္မာႏိုင္ငံ၌ လူသိမ်ားသည့္ သူေ႒းတစ္ဦးျဖစ္ေသာ ဦးေဇာ္ေဇာ္မွာ ရွယ္ယာအမ်ားဆုံးပိုင္ဆိုင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.