နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍများ နှောင့်နှေးခဲ့ရ၍ ဓာတ်အားသုံးစွဲမှုများကို ချွေတာသုံးစွဲစေလိုဟု နစကအကြီးအကဲပြော

 769

မျိုးကြီး (NP News) - နိုဝင်ဘာ ၂၉

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍများ နှောင့်နှေးခဲ့ရ၍ လျှပ်စစ် ဓာတ်အားသုံးစွဲမှုများကို ချွေတာသုံးစွဲစေလိုကြောင်း နစကအကြီးအကဲက ပြော သည်။

နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်တွင် မကွေးတိုင်း၊ မကွေးမြို့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကိုလည်း တတ်နိုင်သမျှ ချွေတာသုံးစွဲကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထား သည်။

ထို့ပြင် ၎င်းက ယခင်ကဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံ ကိန်းများသည် အကြောင်းအမျိုးမျိုးဖြင့် ရပ်တန့်ခဲ့ရသည့်အတွက် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍများတွင် နှောင့်နှေးခဲ့ရကြောင်း မှတ်ချက်ပြုပြောဆိုထားသည်။

လက်ရှိတွင် နစကအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်အကောင် အထည်ဖော်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားစီမံကိန်းအသစ်များကိုပါ ထပ်မံအ ကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း တွေ့ရသည်။

သို့သော် လက်ရှိအခြေအနေတွင် ရန်ကုန်မြို့အပါအဝင် အခြားသောမြို့များ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အချိန်ပိုင်းအလိုက် ဓာတ်အားဖြန့်ဖြူးလျက်ရှိကြောင်း တွေ့ရသည်။

“ဒီနေ့ဆိုရင် မရမ်းကုန်းမြို့နယ်ထဲမှာ မနက်ကတည်းက လျှပ်စစ်ဓာတ်အားပြတ်တာ ညနေ ၄ နာရီလောက်မှ ပြန်ရတယ်။ ကျွန်မတို့ မနက်ကတည်းက ရုံးကိုရောက်တယ်။ မီးပြတ်နေတော့ ဘာမှ အလုပ်မလုပ်ရဘဲ ထိုင်နေရတယ်။ အလုပ်လည်း မပြီးဘူး။ အလုပ်အတွက်လည်း ထိခိုက်နစ်နာတယ်။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးစေချင်တယ်” ဟု မရမ်းကုန်မြို့နယ်အတွင်း ရုံးအလုပ်လုပ်ကိုင်နေသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် နစကလက်ထက်အတွင်း လျှပ်စစ်ဓာတ်အားလိုင်း(၁၅)လိုင်း၏ တာဝါတိုင်(၆၄)ခုမှာ မိုင်းထောင်ဖောက်ခွဲကာ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် နစကလက်ထက်အတွင်း ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေသည့်အတွက် LNG ဓာတ်အားပေးစက်ရုံများ၏ ဓာတ်ထုတ်လုပ်မှုမှာ (၇၅ဝ)မဂ္ဂါဝပ်ခန့်ကို ရပ်တန့်ထားခဲ့ရကြောင်း သိရသည်။

လာမည့် နွေရာသီကာလ၌ ပြည်သူများ၏ တစ်နေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီရေး ဆောင်ရွက်မပေးနိုင်သော်လည်း ရရှိသည့်ဓာတ်အားကို အချိန်ပိုင်းအ လိုက် မျှဝေခံစားနိုင်ရေး ဖြန့်ဖြူးပေးသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဦးသောင်းဟန်က ယခုရက်ပိုင်းအတွင်း ပြောဆိုထားသည်။

zawgyi version
ႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈက႑မ်ား ေႏွာင့္ေႏွးခဲ့ရ၍ ဓာတ္အားသုံးစြဲမႈမ်ားကို ေခြၽတာသုံးစြဲေစလိုဟု နစကအႀကီးအကဲေျပာ
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၉

ႏိုင္ငံေတာ္၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈက႑မ်ား ေႏွာင့္ေႏွးခဲ့ရ၍ လွ်ပ္စစ္ ဓာတ္အားသုံးစြဲမႈမ်ားကို ေခြၽတာသုံးစြဲေစလိုေၾကာင္း နစကအႀကီးအကဲက ေျပာ သည္။

နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာလ ၂၉ ရက္တြင္ မေကြးတိုင္း၊ မေကြးၿမိဳ႕၌ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လွ်ပ္စစ္ဓာတ္အားလုံေလာက္စြာရရွိေရးအတြက္ ႏိုင္ငံေတာ္မွ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈမ်ားကိုလည္း တတ္ႏိုင္သမွ် ေခြၽတာသုံးစြဲၾကေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာဆိုထား သည္။

ထို႔ျပင္ ၎က ယခင္ကေဆာင္႐ြက္ခဲ့သည့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး စီမံ ကိန္းမ်ားသည္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ရပ္တန႔္ခဲ့ရသည့္အတြက္ ႏိုင္ငံေတာ္၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈက႑မ်ားတြင္ ေႏွာင့္ေႏွးခဲ့ရေၾကာင္း မွတ္ခ်က္ျပဳေျပာဆိုထားသည္။

လက္ရွိတြင္ နစကအေနျဖင့္ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားကို ဆက္လက္အေကာင္ အထည္ေဖာ္လ်က္ရွိၿပီး လွ်ပ္စစ္ဓာတ္အားစီမံကိန္းအသစ္မ်ားကိုပါ ထပ္မံအ ေကာင္အထည္ေဖာ္ရန္ ျပင္ဆင္လ်က္ရွိေၾကာင္း ေတြ႕ရသည္။

သို႔ေသာ္ လက္ရွိအေျခအေနတြင္ ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားေသာၿမိဳ႕မ်ား၌ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ား ျဖစ္ေပၚလ်က္ရွိၿပီး အခ်ိန္ပိုင္းအလိုက္ ဓာတ္အားျဖန႔္ျဖဴးလ်က္ရွိေၾကာင္း ေတြ႕ရသည္။

“ဒီေန႔ဆိုရင္ မရမ္းကုန္းၿမိဳ႕နယ္ထဲမွာ မနက္ကတည္းက လွ်ပ္စစ္ဓာတ္အားျပတ္တာ ညေန ၄ နာရီေလာက္မွ ျပန္ရတယ္။ ကြၽန္မတို႔ မနက္ကတည္းက ႐ုံးကိုေရာက္တယ္။ မီးျပတ္ေနေတာ့ ဘာမွ အလုပ္မလုပ္ရဘဲ ထိုင္ေနရတယ္။ အလုပ္လည္း မၿပီးဘူး။ အလုပ္အတြက္လည္း ထိခိုက္နစ္နာတယ္။ အတတ္ႏိုင္ဆုံးေတာ့ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ေပးေစခ်င္တယ္” ဟု မရမ္းကုန္ၿမိဳ႕နယ္အတြင္း ႐ုံးအလုပ္လုပ္ကိုင္ေနသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ နစကလက္ထက္အတြင္း လွ်ပ္စစ္ဓာတ္အားလိုင္း(၁၅)လိုင္း၏ တာဝါတိုင္(၆၄)ခုမွာ မိုင္းေထာင္ေဖာက္ခြဲကာ ဖ်က္ဆီးခံခဲ့ရေၾကာင္း သိရသည္။

ထို႔ျပင္ နစကလက္ထက္အတြင္း ဓာတ္ေငြ႕ေဈးႏႈန္းျမင့္တက္ေနသည့္အတြက္ LNG ဓာတ္အားေပးစက္႐ုံမ်ား၏ ဓာတ္ထုတ္လုပ္မႈမွာ (၇၅ဝ)မဂၢါဝပ္ခန႔္ကို ရပ္တန႔္ထားခဲ့ရေၾကာင္း သိရသည္။

လာမည့္ ေႏြရာသီကာလ၌ ျပည္သူမ်ား၏ တစ္ေန႔တာ ဓာတ္အားလိုအပ္ခ်က္ကို ျပည့္မီေရး ေဆာင္႐ြက္မေပးႏိုင္ေသာ္လည္း ရရွိသည့္ဓာတ္အားကို အခ်ိန္ပိုင္းအ လိုက္ မွ်ေဝခံစားႏိုင္ေရး ျဖန႔္ျဖဴးေပးသြားရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဦးေသာင္းဟန္က ယခုရက္ပိုင္းအတြင္း ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.