ကမ္ဘာ့အကြီးဆုံး မီးတောင်ဖြစ်တဲ့ ဟာဝိုင်အီမိုနာလိုအာ မီးတောင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲနေ

 1689

ရောင်နီ (NP News) - နိုဝင်ဘာ ၂၉

ဟာဝိုင်အီရှိ ကမ္ဘာ့အကြီးဆုံး မီးတောင်ဖြစ်တဲ့ အမြင့်ပေ ၄၁၆၈ မီတာ (၁၃၆၇၄ ပေ) ရှိ မိုနာလိုအာ မီးတောင်ဟာ ဆယ်စုနှစ်လေးစုနီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါ တယ်။

ယခုမီးတောင် ထိပ်ပိုင်းတစ်ဝိုက် ချော်ရည်များ စီးဆင်းနေပေမယ့်လည်း မီးတောင်ပေါက်ကွဲမှုကြောင့် အခြေအနေ များ ပြောင်းလဲသွားပါက အနီးအနား မီးတောင်ကုန်းဆင်းရပ်ကွက်များရှိ နေထိုင်သူများကို ခြိမ်းခြောက်နိုင်တယ်လို့ United States Geological Survey မှ နိုဝင်ဘာလ ၂၇ ရက်၊ တနင်္ဂနွေနေ့ နဲ့ နိုဝင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယင်းကြောင့် ကျွန်းရှိ ဒေသခံများအနေနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်သင့်ကြောင်း Geological Survey က ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ သတိပေးခဲ့ပါတယ်။

လောလောဆယ်တော့ မီးတောင်ပေါက်ကွဲမှုဇုန် အပြောင်းအလဲမရှိသေးပေမယ့် မီးတောင် ဘယ်လောက်ကြာကြာ ပေါက်ကွဲပြီး လူနေထူထပ်တဲ့နေရာတွေဆီ ချော်ရည်တွေ စီးဆင်းနိုင်မလဲဆိုတာကိုတော့ ခန့်မှန်းလို့မရနိုင်ဘူးလို့ Geological Survey ရဲ့ ပြောခွင့်ရအမျိုးသမီး မီရယ်လ်ကောဘက် က ပြောပါတယ်။

"ဒါပေမယ့် ကျွန်မတို့ဟာ အခု ဟာဝိုင်အီ အရပ်ဘက်ကာကွယ်ရေးနဲ့ အဆက်မပြတ်ဆက်သွယ်နေပြီး၊ သူတို့က ရပ်ရွာအဖွဲ့ဝင်တွေကို အခြေအနေတွေကို အချိန်နဲ့ တပြေးညီ အသိပေးနေတယ်" လို့ သူမက ပြောပါတယ်။

ဟာဝိုင်အီ မီးတောင်စောင့်ကြည့်လေ့လာရေးဌာနက အရေးပေါ်စီမံခန့်ခွဲရေးဝန်ထမ်းများနဲ့တိုင်ပင်ပြီး မီးတောင် ပေါ်ရှိ ဝေဟင်ထောက်လှမ်းမှုကို အမြန်ဆုံး လုပ်ဆောင်မှာဖြစ်ကြောင်း ပြောကြားပါတယ်။ မီးတောင် ထိပ်ပိုင်း ဧရိယာနဲ့ ဒေသအတွင်းရှိ လမ်းအချို့ကို ပိတ်ဆို့ထားကာ နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ အမိန့် ပေးထားကြောင်း ဟာဝိုင်အီအာဏာပိုင်များ က ပြောကြားပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် ကျွန်းကြီးရှိ အချို့အစိတ်အပိုင်းများမှာ ပြာများ ဝ.၆ စင်တီမီတာအထိ စုပုံနိုင်ကြောင်း ဟွန်နိုလူလူရှိ အမျိုးသားမိုးလေဝသဌာနမှ ထုတ်ပြန်တဲ့ အကြံဉာဏ်ပေးချက်အရ သိရပါတယ်။ ဟာဝိုင်အီကျွန်းများမှာ မီးတောင်ရှင် ၆ လုံး ရှိပြီး ကမ္ဘာ့အကြီးဆုံးမီးတောင်ဖြစ်တဲ့ မိုနာလိုအာ ဟာ ၁၈၄၃ ခုနှစ်မှစ ၃၃ ကြိမ် ပေါက်ကွဲခဲ့တယ်လို့ ဘူမိဗေဒစစ်တမ်းအရ သိရပါတယ်။

Zawgyi Version;
ကမာၻ႔အႀကီးဆုံး မီးေတာင္ျဖစ္တဲ့ ဟာဝိုင္အီမိုနာလိုအာ မီးေတာင္ ဆယ္စုႏွစ္မ်ားစြာအတြင္း ပထမဆုံးအႀကိမ္ ေပါက္ကြဲေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၉

ဟာဝိုင္အီရွိ ကမာၻ႔အႀကီးဆုံး မီးေတာင္ျဖစ္တဲ့ အျမင့္ေပ ၄၁၆၈ မီတာ (၁၃၆၇၄ ေပ) ရွိ မိုနာလိုအာ မီးေတာင္ဟာ ဆယ္စုႏွစ္ေလးစုနီးပါးအတြင္း ပထမဆုံးအႀကိမ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါ တယ္။

ယခုမီးေတာင္ ထိပ္ပိုင္းတစ္ဝိုက္ ေခ်ာ္ရည္မ်ား စီးဆင္းေနေပမယ့္လည္း မီးေတာင္ေပါက္ကြဲမႈေၾကာင့္ အေျခအေန မ်ား ေျပာင္းလဲသြားပါက အနီးအနား မီးေတာင္ကုန္းဆင္းရပ္ကြက္မ်ားရွိ ေနထိုင္သူမ်ားကို ၿခိမ္းေျခာက္ႏိုင္တယ္လို႔ United States Geological Survey မွ ႏိုဝင္ဘာလ ၂၇ ရက္၊ တနဂၤေႏြေန႔ နဲ႔ ႏိုဝင္ဘာလ ၂၈ ရက္၊ တနလၤာေန႔ မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ယင္းေၾကာင့္ ကြၽန္းရွိ ေဒသခံမ်ားအေနနဲ႔ ႀကိဳတင္ျပင္ဆင္မႈ လုပ္ထုံးလုပ္နည္းမ်ားကို ျပန္လည္သုံးသပ္သင့္ေၾကာင္း Geological Survey က ၎ရဲ႕ဝက္ဘ္ဆိုက္မွာ သတိေပးခဲ့ပါတယ္။

ေလာေလာဆယ္ေတာ့ မီးေတာင္ေပါက္ကြဲမႈဇုန္ အေျပာင္းအလဲမရွိေသးေပမယ့္ မီးေတာင္ ဘယ္ေလာက္ၾကာၾကာ ေပါက္ကြဲၿပီး လူေနထူထပ္တဲ့ေနရာေတြဆီ ေခ်ာ္ရည္ေတြ စီးဆင္းႏိုင္မလဲဆိုတာကိုေတာ့ ခန႔္မွန္းလို႔မရႏိုင္ဘူးလို႔ Geological Survey ရဲ႕ ေျပာခြင့္ရအမ်ိဳးသမီး မီရယ္လ္ေကာဘက္ က ေျပာပါတယ္။

"ဒါေပမယ့္ ကြၽန္မတို႔ဟာ အခု ဟာဝိုင္အီ အရပ္ဘက္ကာကြယ္ေရးနဲ႔ အဆက္မျပတ္ဆက္သြယ္ေနၿပီး၊ သူတို႔က ရပ္႐ြာအဖြဲ႕ဝင္ေတြကို အေျခအေနေတြကို အခ်ိန္နဲ႔ တေျပးညီ အသိေပးေနတယ္" လို႔ သူမက ေျပာပါတယ္။

ဟာဝိုင္အီ မီးေတာင္ေစာင့္ၾကည့္ေလ့လာေရးဌာနက အေရးေပၚစီမံခန႔္ခြဲေရးဝန္ထမ္းမ်ားနဲ႔တိုင္ပင္ၿပီး မီးေတာင္ ေပၚရွိ ေဝဟင္ေထာက္လွမ္းမႈကို အျမန္ဆုံး လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေျပာၾကားပါတယ္။ မီးေတာင္ ထိပ္ပိုင္း ဧရိယာနဲ႔ ေဒသအတြင္းရွိ လမ္းအခ်ိဳ႕ကို ပိတ္ဆို႔ထားကာ ေနထိုင္သူမ်ားကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းၾကဖို႔ အမိန႔္ ေပးထားေၾကာင္း ဟာဝိုင္အီအာဏာပိုင္မ်ား က ေျပာၾကားပါတယ္။

မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ကြၽန္းႀကီးရွိ အခ်ိဳ႕အစိတ္အပိုင္းမ်ားမွာ ျပာမ်ား ဝ.၆ စင္တီမီတာအထိ စုပုံႏိုင္ေၾကာင္း ဟြန္ႏိုလူလူရွိ အမ်ိဳးသားမိုးေလဝသဌာနမွ ထုတ္ျပန္တဲ့ အႀကံဉာဏ္ေပးခ်က္အရ သိရပါတယ္။ ဟာဝိုင္အီကြၽန္းမ်ားမွာ မီးေတာင္ရွင္ ၆ လုံး ရွိၿပီး ကမာၻ႔အႀကီးဆုံးမီးေတာင္ျဖစ္တဲ့ မိုနာလိုအာ ဟာ ၁၈၄၃ ခုႏွစ္မွစ ၃၃ ႀကိမ္ ေပါက္ကြဲခဲ့တယ္လို႔ ဘူမိေဗဒစစ္တမ္းအရ သိရပါတယ္။

Related news

© 2021. All rights reserved.