အမေရိကန် အထက်လွှတ်တော်က တရုတ်ဆီမီးကွန်ဒတ်တာများအပေါ် ကန့်သတ်ချက်များ တင်းကျပ်ထား

 639

ရောင်နီ (NP News) - နိုဝင်ဘာ ၂၉

အမေရိကန်အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က တရုတ်စစ်ဘက် ကန်ထရိုက်တာများမှ ထုတ်လုပ်ထားတယ်လို့ယူဆရတဲ့ ဆီမီးကွန်ဒတ်တာများကို အသုံးပြုတဲ့ကုမ္ပဏီများနဲ့ စီးပွားရေးလုပ်ကိုင်ခြင်းမှ တားမြစ်ဖို့နဲ့ ၎င်းရဲ့အဆိုပြုချက်ကိုထောက်ခံဖို့ လွှတ်တော်အမတ်များကို နိုဝင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့က တိုက်တွန်းခဲ့ပါတယ်။

"တကယ်လို့ အမေရိကန်စီးပွားရေးဆိုင်ရာများက ဖက်ဒရယ်အစိုးရကို သူတို့ရဲ့ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှု တွေကို ရောင်းချချင်တယ်ဆိုရင်၊ တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုကြောင့် ကျွန်တော်တို့ရဲ့အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ တရုတ်လုပ်ချစ်ပ်တွေကို မသုံးသင့်ပါဘူး" လို့ အထက်လွှတ်တော်အမတ် ချက်ခ်ချူမား က ကျေးဇူးတော်နေ့ အားလပ်ရက်ပြီးနောက် အထက်လွှတ်တော် ပြန်လည်ဖွင့်လှစ်စဉ်မှာ မှတ်ချက်ပြုပြောကြားပါ တယ်။

"အမေရိကန်မှာ လုပ်ထားတဲ့ ချစ်ပ်ပြားတွေကိုသာ အစိုးရဆိုင်ရာနဲ့ စီးပွားရေးတွေမှာ အသုံးပြုသင့်တယ်" လို့ ၎င်း က ဆိုပါတယ်။ ချူမားနဲ့ ရီပတ်ပလီကန် အထက်လွှတ်တော်အမတ် ဂျွန်ကောနန် တို့ဟာ အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်အက်ဥပဒေ (NDAA) ကို ပြင်ဆင်ချက်အဖြစ် ၎င်းတို့ရဲ့ဆီမီးကွန်ဒက်တာ ကန့်သတ်ချက် အဆိုပြုချက် ကို မိတ်ဆက်ခဲ့ပါတယ်။

အဆိုပြုချက်ဟာ တရုတ်ချစ်ပ်များ အသုံးပြုမှုအပေါ် လက်ရှိတားမြစ်ချက်ကို ကျယ်ပြန့်စေမှာဖြစ်ပြီး ယင်းအတွက် ၂ဝ၂၃ ခုနှစ်မှာ ဒေါ်လာ ၈ဝဝ ဘီလျံထိ အသုံးပြုမယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ အထက္လႊတ္ေတာ္က တ႐ုတ္ဆီမီးကြန္ဒတ္တာမ်ားအေပၚ ကန႔္သတ္ခ်က္မ်ား တင္းက်ပ္ထား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၉

အေမရိကန္အထက္လႊတ္ေတာ္ ဒီမိုကရက္တစ္ပါတီ ေခါင္းေဆာင္က တ႐ုတ္စစ္ဘက္ ကန္ထ႐ိုက္တာမ်ားမွ ထုတ္လုပ္ထားတယ္လို႔ယူဆရတဲ့ ဆီမီးကြန္ဒတ္တာမ်ားကို အသုံးျပဳတဲ့ကုမၸဏီမ်ားနဲ႔ စီးပြားေရးလုပ္ကိုင္ျခင္းမွ တားျမစ္ဖို႔နဲ႔ ၎ရဲ႕အဆိုျပဳခ်က္ကိုေထာက္ခံဖို႔ လႊတ္ေတာ္အမတ္မ်ားကို ႏိုဝင္ဘာလ ၂၈ ရက္၊ တနလၤာေန႔က တိုက္တြန္းခဲ့ပါတယ္။

"တကယ္လို႔ အေမရိကန္စီးပြားေရးဆိုင္ရာမ်ားက ဖက္ဒရယ္အစိုးရကို သူတို႔ရဲ႕ထုတ္ကုန္ ဒါမွမဟုတ္ ဝန္ေဆာင္မႈ ေတြကို ေရာင္းခ်ခ်င္တယ္ဆိုရင္၊ တ႐ုတ္အစိုးရရဲ႕ ပါဝင္ပတ္သက္မႈေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕အမ်ိဳးသားလုံၿခဳံေရးကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ တ႐ုတ္လုပ္ခ်စ္ပ္ေတြကို မသုံးသင့္ပါဘူး" လို႔ အထက္လႊတ္ေတာ္အမတ္ ခ်က္ခ္ခ်ဴမား က ေက်းဇူးေတာ္ေန႔ အားလပ္ရက္ၿပီးေနာက္ အထက္လႊတ္ေတာ္ ျပန္လည္ဖြင့္လွစ္စဥ္မွာ မွတ္ခ်က္ျပဳေျပာၾကားပါ တယ္။

"အေမရိကန္မွာ လုပ္ထားတဲ့ ခ်စ္ပ္ျပားေတြကိုသာ အစိုးရဆိုင္ရာနဲ႔ စီးပြားေရးေတြမွာ အသုံးျပဳသင့္တယ္" လို႔ ၎ က ဆိုပါတယ္။ ခ်ဴမားနဲ႔ ရီပတ္ပလီကန္ အထက္လႊတ္ေတာ္အမတ္ ဂြၽန္ေကာနန္ တို႔ဟာ အမ်ိဳးသားကာကြယ္ေရး ခြင့္ျပဳခ်က္အက္ဥပေဒ (NDAA) ကို ျပင္ဆင္ခ်က္အျဖစ္ ၎တို႔ရဲ႕ဆီမီးကြန္ဒက္တာ ကန္႔သတ္ခ်က္ အဆိုျပဳခ်က္ ကို မိတ္ဆက္ခဲ့ပါတယ္။

အဆိုျပဳခ်က္ဟာ တ႐ုတ္ခ်စ္ပ္မ်ား အသုံးျပဳမႈအေပၚ လက္ရွိတားျမစ္ခ်က္ကို က်ယ္ျပန႔္ေစမွာျဖစ္ၿပီး ယင္းအတြက္ ၂ဝ၂၃ ခုႏွစ္မွာ ေဒၚလာ ၈ဝဝ ဘီလ်ံထိ အသုံးျပဳမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.