အိန္ဒိယနိုင်ငံသို့ ရုရှားနိုင်ငံမှ သံမဏိကုန်ချောတင်သွင်းမှု လေးနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်းသိရ

 585

Pika (NP News) - နိုဝင်ဘာ ၂၉

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုများတွင် ပါဝင်ရန် အမေရိကန်က အိန္ဒိယကို တိုက်တွန်း ပြောဆို နေခဲ့သော်လည်း အိန္ဒိယသည် အမေရိကန်၏ ပြောစကားကိုလက်မခံဘဲ ရုရှားနှင့် ပုံမှန်အတိုင်း ဆက်ဆံခဲ့ပြီး၊ ပြီးခဲ့သည့် ဧပြီလမှ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသို့ ရုရှားနိုင်ငံမှ သံမဏိကုန်ချောများတင်ပို့မှုက လေးနှစ်အတွင်း အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယသို့ ရုရှားနိုင်ငံမှ သံမဏိကုန်ချောများတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန်(၃၄ဝဝဝ) ခန့်ရှိခဲ့ပြီး ယခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း တင်သွင်းမှုများသည် တန်ချိန်(၁၄၉ဝဝဝ) အထိ မြင့်တက်ခဲ့ကြောင်းလည်း သိရ သည်။ ရုရှားသည် သံမဏိကုန်ချောများတင်ပို့သည့် ထိပ်တန်းနိုင်ငံ(၅)နိုင်ငံထဲတွင် ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

အိန္ဒိယသို့ တောင်ကိုရီးယား၏ သံမဏိကုန်ချောတင်ပို့မှုများသည် (၁ ဒသမ ၃) သန်းခန့်ရှိခဲ့ပြီး စုစုပေါင်းဝယ်ယူမှု အားလုံး၏ (၄၁)ရာခိုင်နှုန်းခန့် ရှိကြောင်းလည်းသိရသည်။ အိန္ဒိယ၏အကြီးဆုံး သံမဏိထုတ်လုပ်သည့်ကုမ္ပဏီ JSW Steel Ltd (JSTL.NS) က ယခုနှစ်အတွင်း အခက်အခဲများကြားမှ ရုရှားနိုင်ငံ၏သံမဏိတင်ပို့မှုများသည် (၆)ကြိမ်၊ (၇)ကြိမ်ထိ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ရုရှားထံမှ သံမဏိကုန်ချောများ ဝယ်ယူမှုအပြင် ကျောက်မီးသွေးဝယ်ယူမှုများလည်း ရှိခဲ့ကြောင်း လည်း သိရသည်။ အိန္ဒိယနိုင်ငံသို့ ရုရှားနိုင်ငံမှ ကျောက်မီးသွေးတင်ပို့မှုများသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် (၂)သန်းခန့် ရှိခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန်(၅)သန်း နှင့် (၆)သန်းကြားထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။

Zawgyi Version;
အိႏၵိယႏိုင္ငံသို႔ ႐ုရွားႏိုင္ငံမွ သံမဏိကုန္ေခ်ာတင္သြင္းမႈ ေလးႏွစ္အတြင္း အျမင့္ဆုံးသို႔ ေရာက္ရွိလာေၾကာင္းသိရ
Pika (NP News) - ႏိုဝင္ဘာ ၂၉

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ပိတ္ဆို႔အေရးယူမႈမ်ားတြင္ ပါဝင္ရန္ အေမရိကန္က အိႏၵိယကို တိုက္တြန္း ေျပာဆို ေနခဲ့ေသာ္လည္း အိႏၵိယသည္ အေမရိကန္၏ ေျပာစကားကိုလက္မခံဘဲ ႐ုရွားႏွင့္ ပုံမွန္အတိုင္း ဆက္ဆံခဲ့ၿပီး၊ ၿပီးခဲ့သည့္ ဧၿပီလမွ ေအာက္တိုဘာလအတြင္း အိႏၵိယႏိုင္ငံသို႔ ႐ုရွားႏိုင္ငံမွ သံမဏိကုန္ေခ်ာမ်ားတင္ပို႔မႈက ေလးႏွစ္အတြင္း အျမင့္ဆုံးစံခ်ိန္သို႔ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

အိႏၵိယသို႔ ႐ုရွားႏိုင္ငံမွ သံမဏိကုန္ေခ်ာမ်ားတင္ပို႔မႈသည္ ၿပီးခဲ့သည့္ႏွစ္တြင္ တန္ခ်ိန္(၃၄ဝဝဝ) ခန႔္ရွိခဲ့ၿပီး ယခုႏွစ္ ဧၿပီလမွ ေအာက္တိုဘာလအတြင္း တင္သြင္းမႈမ်ားသည္ တန္ခ်ိန္(၁၄၉ဝဝဝ) အထိ ျမင့္တက္ခဲ့ေၾကာင္းလည္း သိရ သည္။ ႐ုရွားသည္ သံမဏိကုန္ေခ်ာမ်ားတင္ပို႔သည့္ ထိပ္တန္းႏိုင္ငံ(၅)ႏိုင္ငံထဲတြင္ ပါဝင္ခဲ့ေၾကာင္းလည္း သိရသည္။

အိႏၵိယသို႔ ေတာင္ကိုရီးယား၏ သံမဏိကုန္ေခ်ာတင္ပို႔မႈမ်ားသည္ (၁ ဒသမ ၃) သန္းခန႔္ရွိခဲ့ၿပီး စုစုေပါင္းဝယ္ယူမႈ အားလုံး၏ (၄၁)ရာခိုင္ႏႈန္းခန႔္ ရွိေၾကာင္းလည္းသိရသည္။ အိႏၵိယ၏အႀကီးဆုံး သံမဏိထုတ္လုပ္သည့္ကုမၸဏီ JSW Steel Ltd (JSTL.NS) က ယခုႏွစ္အတြင္း အခက္အခဲမ်ားၾကားမွ ႐ုရွားႏိုင္ငံ၏သံမဏိတင္ပို႔မႈမ်ားသည္ (၆)ႀကိမ္၊ (၇)ႀကိမ္ထိ ရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံသည္ ႐ုရွားထံမွ သံမဏိကုန္ေခ်ာမ်ား ဝယ္ယူမႈအျပင္ ေက်ာက္မီးေသြးဝယ္ယူမႈမ်ားလည္း ရွိခဲ့ေၾကာင္း လည္း သိရသည္။ အိႏၵိယႏိုင္ငံသို႔ ႐ုရွားႏိုင္ငံမွ ေက်ာက္မီးေသြးတင္ပို႔မႈမ်ားသည္ ၿပီးခဲ့သည့္ႏွစ္တြင္ တန္ခ်ိန္ (၂)သန္းခန႔္ ရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ တန္ခ်ိန္(၅)သန္း ႏွင့္ (၆)သန္းၾကားထိ ျမင့္တက္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.