အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ရုရှားတပ်မတော်နှစ်ရပ်၏ အကြီးအကဲ(၂)ဦး နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

 1533

မျိုးကြီး (NP News) - နိုဝင်ဘာ ၃ဝ

မြန်မာ-ရုရှားတပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားစစ်ဦးစီးချုပ်ရုံးအကြီးအကဲတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ နိုဝင်ဘာလ ၂၉ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich တို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ရုရှားတပ်မတော်(၂)ရပ်အကြား ကာကွယ်ရေးဆိုင်ရာအပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက် လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများကို နှစ်နိုင်ငံအကြီးအကဲနှစ်ဦး အကြား ဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေ အနေများ၊ ရုရှားနိုင်ငံသို့ မြန်မာ့တပ်မတော်သားပညာတော်သင်များ စေလွှတ်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာနှင့်နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားတပ်မ တော် စစ်ဦးစီးချုပ်ရုံးအကြီးအကဲတို့ ဆွေးနွေးခဲ့ကြောင်း နစကမှ ဆိုသည်။

လက်ရှိ ကမ္ဘာပေါ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်းမှ အလေးထားဆောင်ရွက်လျက်ရှိမှုနှင့် ယခုကဲ့သို့ မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်း ချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ အထောက်အကူပြုနိုင်သည့်အခြေအနေများကို နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်မှ နိုင်ငံတော်အာဏာရယူပြီးနောက် ပိုင်းတွင် မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လျက်ရှိပြီး အပြန်အ လှန်ခရီးစဉ်များမှာလည်း ပိုမိုများပြားလာသည်ကို တွေ့ရှိရသည်။

zawgyi version
အၾကမ္းဖက္မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာ-႐ုရွားတပ္မ ေတာ္ႏွစ္ရပ္၏ အႀကီးအကဲ(၂)ဦး ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြး
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၃ဝ

ျမန္မာ-႐ုရွားတပ္မေတာ္ႏွစ္ရပ္အၾကား အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ႐ုရွားစစ္ဦးစီးခ်ဳပ္႐ုံးအႀကီးအကဲတို႔ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ ႏိုဝင္ဘာလ ၂၉ ရက္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ႐ုရွားတပ္မေတာ္၊ စစ္ဦးစီးခ်ဳပ္႐ုံးအႀကီးအကဲႏွင့္ ပထမ ဒုတိယ ၾကည္းတပ္ဦးစီးခ်ဳပ္ Colonel – General Kim Alexey Rostislavovich တို႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ-႐ုရွားတပ္မေတာ္(၂)ရပ္အၾကား ကာကြယ္ေရးဆိုင္ရာအပါအဝင္ ပညာေရး၊ က်န္းမာေရးႏွင့္ နည္းပညာပိုင္းဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္ လက္တိုးျမႇင့္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကို ႏွစ္ႏိုင္ငံအႀကီးအကဲႏွစ္ဦး အၾကား ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခ အေနမ်ား၊ ႐ုရွားႏိုင္ငံသို႔ ျမန္မာ့တပ္မေတာ္သားပညာေတာ္သင္မ်ား ေစလႊတ္လ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္မည့္အေျခအေနမ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံအၾကား စီးပြားေရးဆိုင္ရာႏွင့္နည္းပညာပိုင္းဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားတြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ႐ုရွားတပ္မ ေတာ္ စစ္ဦးစီးခ်ဳပ္႐ုံးအႀကီးအကဲတို႔ ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ဆိုသည္။

လက္ရွိ ကမာၻေပၚ၌ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးအတြက္ ႏိုင္ငံတိုင္းမွ အေလးထားေဆာင္႐ြက္လ်က္ရွိမႈႏွင့္ ယခုကဲ့သို႔ ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္မႈသည္ ေဒသတြင္း ၿငိမ္း ခ်မ္းေရးႏွင့္ ကမာၻ႔ၿငိမ္းခ်မ္းေရးတို႔ကိုပါ အေထာက္အကူျပဳႏိုင္သည့္အေျခအေနမ်ားကို ႏွစ္ဖက္အၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ ပိုင္းတြင္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ပိုမိုေကာင္းမြန္လ်က္ရွိၿပီး အျပန္အ လွန္ခရီးစဥ္မ်ားမွာလည္း ပိုမိုမ်ားျပားလာသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.