အိန္ဒိယနိုင်ငံ အင်ဖာမြို့ နှင့် မန္တလေးမြို့ကြား တိုက်ရိုက်လေကြောင်းပျံသန်းပြေးဆွဲရန် စီစဉ်

 708

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

အိန္ဒိယအစိုးရသည် မဏိပူရပြည်နယ် အင်ဖာမြို့ နှင့် မြန်မာနိုင်ငံ မန္တလေးမြို့တို့ကို နိုင်ငံတကာလေကြောင်း ပျံသန်းပြေးဆွဲမှုများကို မကြာခင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများက ဆိုသည်။

အိန္ဒိယအစိုးရသည် အိန္ဒိယအရှေ့မြောက်အရပ်ရှိ နိုင်ငံများနှင့် ချိတ်ဆက်ဆောင် ရွက်မှု ပိုမိုကောင်းမွန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေရာ အင်ဖာမြို့နှင့် မန္တလေးမြို့တို့ကိုလေကြောင်း ပျံသန်းမှုပြုလုပ်မည်ဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ ထရီပူရာပြည်နယ် အာဂါတာလီ လေဆိပ်နှင့်ဘင်္ဂလားဒေရှ့်နိုင်ငံကြား လေကြောင်းပျံသန်းမှုများ မကြာခင်စတင်မည်ဖြစ်ကြောင်းသိရသည်။ အိန္ဒိယဗဟိုအစိုးရ၏ UDAN အစီအစဉ်အစိတ်ပိုင်းအဖြစ် မဏိပူရပြည်နယ် နှင့် မြန် မာနိုင်ငံ ၊ ထရီပူရာပြည်နယ်နှင့်ဘင်္ဂလားဒေရှ့်နိုင်ငံကြား လေကြောင်းပျံသန်းပေးဆွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။

အိန္ဒိယ လေကြောင်းပို့ဆောင်ရေးဝန်ကြီး စင်ဒီယာက အိန္ဒိယနိုင်ငံ၏အရှေ့မြောက်ဘက်ခြမ်းရှိ နိုင်ငံနှစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေရှ့်၊ မြန်မာနိုင်ငံတို့ နှင့်လေကြောင်းပျံသန်းမှုများ မကြာခဏ ပြုလုပ်ရန်စီစဉ်နေကြောင်း ၊အင်ဖာမြို့မှ မန္တလေး၊ အာဂါတာလာမြို့မှ စစ်တကောင်းမြို့များသို့ လေကြောင်း တိုက်ရိုက်ပျံသန်းပြေးဆွဲမှုများက ဒေသအတွင်း၌ နိုင်ငံတကာလေကြောင်းချိတ်ဆက်ပျံသန်းမှုများပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံရှိအကြီးဆုံး လေကြောင်းလိုင်းတစ်ခုဖြစ်သော IndiGo လေကြောင်းလိုင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံနှင့် လေကြောင်းတိုက် ရိုက်ပျံသန်းမှုများကိုဆိုင်းငံ့ခဲ့သော်လည်း လာမည့်နှစ်မတ်လတွင် မြန်မာနိုင်ငံနှင့် လေကြောင်းတိုက်ရိုက်ပျံသန်းရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

zawgyi version
အိႏၵိယႏိုင္ငံ အင္ဖာၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕ၾကား တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းေျပးဆြဲရန္ စီစဥ္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

အိႏၵိယအစိုးရသည္ မဏိပူရျပည္နယ္ အင္ဖာၿမိဳ႕ ႏွင့္ ျမန္မာႏိုင္ငံ မႏၲေလးၿမိဳ႕တို႔ကို ႏိုင္ငံတကာေလေၾကာင္း ပ်ံသန္းေျပးဆြဲမႈမ်ားကို မၾကာခင္လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း အိႏၵိယသတင္းဌာနမ်ားက ဆိုသည္။

အိႏၵိယအစိုးရသည္ အိႏၵိယအေရွ႕ေျမာက္အရပ္ရွိ ႏိုင္ငံမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ ႐ြက္မႈ ပိုမိုေကာင္းမြန္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေနရာ အင္ဖာၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔ကိုေလေၾကာင္း ပ်ံသန္းမႈျပဳလုပ္မည္ျဖစ္သည္။

ထို႔ျပင္ အိႏၵိယႏိုင္ငံ ထရီပူရာျပည္နယ္ အာဂါတာလီ ေလဆိပ္ႏွင့္ဘဂၤလားေဒရွ႕္ႏိုင္ငံၾကား ေလေၾကာင္းပ်ံသန္းမႈမ်ား မၾကာခင္စတင္မည္ျဖစ္ေၾကာင္းသိရသည္။ အိႏၵိယဗဟိုအစိုးရ၏ UDAN အစီအစဥ္အစိတ္ပိုင္းအျဖစ္ မဏိပူရျပည္နယ္ ႏွင့္ ျမန္ မာႏိုင္ငံ ၊ ထရီပူရာျပည္နယ္ႏွင့္ဘဂၤလားေဒရွ႕္ႏိုင္ငံၾကား ေလေၾကာင္းပ်ံသန္းေပးဆြဲရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း အိႏၵိယအစိုးရတာဝန္ရွိသူတစ္ဦးကေျပာသည္။

အိႏၵိယ ေလေၾကာင္းပို႔ေဆာင္ေရးဝန္ႀကီး စင္ဒီယာက အိႏၵိယႏိုင္ငံ၏အေရွ႕ေျမာက္ဘက္ျခမ္းရွိ ႏိုင္ငံႏွစ္ႏိုင္ငံျဖစ္ေသာ ဘဂၤလားေဒရွ႕္၊ ျမန္မာႏိုင္ငံတို႔ ႏွင့္ေလေၾကာင္းပ်ံသန္းမႈမ်ား မၾကာခဏ ျပဳလုပ္ရန္စီစဥ္ေနေၾကာင္း ၊အင္ဖာၿမိဳ႕မွ မႏၲေလး၊ အာဂါတာလာၿမိဳ႕မွ စစ္တေကာင္းၿမိဳ႕မ်ားသို႔ ေလေၾကာင္း တိုက္႐ိုက္ပ်ံသန္းေျပးဆြဲမႈမ်ားက ေဒသအတြင္း၌ ႏိုင္ငံတကာေလေၾကာင္းခ်ိတ္ဆက္ပ်ံသန္းမႈမ်ားပိုမိုေကာင္းမြန္ေစမည္ျဖစ္ေၾကာင္း ဆိုသည္။

အိႏၵိယႏိုင္ငံရွိအႀကီးဆုံး ေလေၾကာင္းလိုင္းတစ္ခုျဖစ္ေသာ IndiGo ေလေၾကာင္းလိုင္းသည္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံႏွင့္ ေလေၾကာင္းတိုက္ ႐ိုက္ပ်ံသန္းမႈမ်ားကိုဆိုင္းငံ့ခဲ့ေသာ္လည္း လာမည့္ႏွစ္မတ္လတြင္ ျမန္မာႏိုင္ငံႏွင့္ ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.