မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားမှတစ်ဆင့် ရခိုင်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် အထောက်အထားမဲ့ ဘင်္ဂါလီ (၁ဝဝ)ကျော်ကို ဖမ်းဆီးရမိ

 702

NP News - နိုဝင်ဘာ ၃ဝ

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားမှတစ်ဆင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် အထောက်အထားမဲ့ ဘင်္ဂါလီ(၁ဝဝ)ကျော်ကို ဖမ်း ဆီးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအထောက်အထားမဲ့ ဘင်္ဂါလီ(၁ဝဝ)ကျော်ကို ယခုရက်ပိုင်း၌ ရန်ကုန်တိုင်းအ တွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းဖြစ်စဉ်များအား သိရှိသူသတင်းအရင်းအ မြစ်တစ်ဦးက NP News ကို ပြောသည်။

ယခုရက်ပိုင်း နိုဝင်ဘာလ ၂၇ ရက်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စက်မှုဇုန်အနီးတွင် အထောက်အထားမဲ့ ဘင်္ဂါလီဦးရေ (၇ဝ) နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ညောင်နှစ်ပင်စက်မှုဇုန်အနီးတွင် (၁ဝ)ဘီးကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ၌ သွားရောက်စစ်ဆေးခဲ့ရာတွင် အမျိုးသား(၅၄)ဦးနှင့် အမျိုးသမီး(၁၄)ဦး စုစုပေါင်း ဘင်္ဂါလီ ၆၈ ဦးကို တွေ့ရှိခဲ့ရပြီး ၎င်းတို့အား လှည်းကူးရဲစခန်းတွင် ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဘင်္ဂါလီများသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တစ်ဦးလျှင် ပွဲစားခအဖြစ် ငွေကျပ်သိန်းတစ်ရာနီးပါး ပေးဆောင်ခဲ့ရကြောင်း အထက်ပါသတင်း အရင်းအမြစ်က ဆိုသည်။

အလားတူပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ ဘင်္ဂါလီလူဦးရေ (၃ဝ)ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

၎င်းဘင်္ဂါလီ(၃ဝ)ကျော်မှာလည်း မလေးနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပွဲစားခအများအပြား ပေးဆောင်ခဲ့ရကြောင်း သိရသည်။

zawgyi version
NP News - နိုဝင်ဘာ ၃ဝ








Picture

09883352034

30/11/2022 20:14

မနေ့ကဒီနေ့မနက်ဖြန်ပေါင်းများစွာသတိထားရမယ်

Related news

© 2021. All rights reserved.