တရုတ်နိုင်ငံက ၂ဝ၃၅ ခုနှစ်မှာ နျူကလီးယားထိပ်ဖူး (၁၅ဝဝ)ခန့် တိုးမြင့်ပိုင်ဆိုင်လာဖွယ်ရှိနေဟုဆို

 617

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

တရုတ်နိုင်ငံဟာ ၄င်းတို့ရဲ့လက်ရှိနျူကလီးယား လက်နက်များကို ပိုမိုဖွံ့ဖြိုးတိုး တက်အောင်တည်ဆောက်မယ်ဆိုရင်၂ဝ၃၅ ခုနှစ်မှာ နျူကလီးယားထိပ်ဖူး ၁၅ဝဝ ခန့်အထိ တိုးမြင့်ပိုင်ဆိုင်လာဖွယ်ရှိနေကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရဟာ တရုတ်အစိုးရရဲ့နျူကလီးယားလက်နက်များ တိုးမြင့်လုပ် ဆောင်မယ့်ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်လျက်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်စစ်ဘက်အကြီးတန်းအရာရှိတစ်ဦးက"တရုတ်ဟာ နျူကလီး ယားထိပ်ဖူးတွေကို အရှိန်ဟုန်နဲ့လုပ်ဆောင်နေတာတွေကို ဖုန်းကွယ်ထားလို့မရဘူး၊တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘာတွေကို ရည်ညွှန်းနေသလဲဆိုတာကို မေးခွန်းတွေမြင့်တက်လာစေခဲ့တယ်"လို့ပြောပါတယ်။

အမေရိကန်စစ်ဌာနချုပ်ဟာ တရုတ်စစ်ဘက်နဲ့ပတ်သက်ပြီး နှစ်စဉ်ဖော်ပြနေတဲ့ သုံးသပ်မှုအစီအရင်ခံစာမှာ အခုလိုမျိုးဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ နျူကလီးယားထိပ်ဖူး ၄ဝဝ ခန့်ရှိနေတယ်လို့ ၂ဝ၂၁ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ အမေရိကန်စစ်ဘက်ရဲ့ စစ်ရေးအစီရင်ခံစာတွေထဲမှာဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ နျူကလီးယားထိပ်ဖူး တိုးမြင့်ပိုင်ဆိုင်ရေးကို ကြိုးပမ်းနေရာ ၂ဝ၃ဝ ခုနှစ်မှာ နျူကလီးယားထိပ်ဖူး နောက်ထပ် ၁ဝဝဝ ခန့်ထပ်မံပိုင်ဆိုင်လာဖွယ်ရှိနေကြောင်း အမေရိကန်စစ်ဌာနချုပ်က သုံးသပ်ထားပါတယ်။

ကမ္ဘာပေါ်ရှိနိုင်ငံများထဲ အမေရိကန် နဲ့ တရုတ်တို့ဟာ လက်ရှိအချိန်မှာ နျူကလီး ယားထိပ်ဖူးအများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံများဖြစ်လျက်ရှိနေကြောင်းသိရပါတယ်။ တရုတ်က ရုရှား၊ အမေရိကန်တို့ နဲ့နှိုင်းယှဉ်ရင် နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှုအရေအတွက် နည်းပါးပေမယ့် နျူကလီးယားလက်နက်များ လျော့ချရေးကို ဆွေးနွေးဖို့ အဆင့်သင့်ရှိနေကြောင်း၊ အမေရိကန်ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံ ပိုင်ဆိုင်ထားတဲ့ နျူကလီးယား ထိပ်ဖူးအရေအတွက်အထိလျော့ချဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံဘက်က ပြောဆိုထားပါတယ်။ အမေရိကန်ဟာ လက်ရှိအချိန်မှာ နျူကလီးယားထိပ်ဖူး ၃၇ဝဝ ပိုင်ဆိုင်ထားပြီး နျူကလီးယားထိပ်ဖူး ၁၄၇ဝ ကို ဖြန့်ကျက်ချထားကြောင်း (SIPRI) ကဆိုပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံက ၂ဝ၃၅ ခုႏွစ္မွာ န်ဴကလီးယားထိပ္ဖူး (၁၅ဝဝ)ခန႔္ တိုးျမင့္ပိုင္ဆိုင္လာဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

တ႐ုတ္ႏိုင္ငံဟာ ၄င္းတို႔ရဲ႕လက္ရွိန်ဴကလီးယား လက္နက္မ်ားကို ပိုမိုဖြံ႕ၿဖိဳးတိုး တက္ေအာင္တည္ေဆာက္မယ္ဆိုရင္၂ဝ၃၅ ခုႏွစ္မွာ န်ဴကလီးယားထိပ္ဖူး ၁၅ဝဝ ခန႔္အထိ တိုးျမင့္ပိုင္ဆိုင္လာဖြယ္ရွိေနေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္အစိုးရဟာ တ႐ုတ္အစိုးရရဲ႕န်ဴကလီးယားလက္နက္မ်ား တိုးျမင့္လုပ္ ေဆာင္မယ့္ရည္႐ြယ္ခ်က္နဲ႔ပတ္သက္ၿပီး စိုးရိမ္မႈျမင့္တက္လ်က္ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္စစ္ဘက္အႀကီးတန္းအရာရွိတစ္ဦးက"တ႐ုတ္ဟာ န်ဴကလီး ယားထိပ္ဖူးေတြကို အရွိန္ဟုန္နဲ႔လုပ္ေဆာင္ေနတာေတြကို ဖုန္းကြယ္ထားလို႔မရဘူး၊တ႐ုတ္ႏိုင္ငံရဲ႕လုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ဘာေတြကို ရည္ၫႊန္းေနသလဲဆိုတာကို ေမးခြန္းေတြျမင့္တက္လာေစခဲ့တယ္"လို႔ေျပာပါတယ္။

အေမရိကန္စစ္ဌာနခ်ဳပ္ဟာ တ႐ုတ္စစ္ဘက္နဲ႔ပတ္သက္ၿပီး ႏွစ္စဥ္ေဖာ္ျပေနတဲ့ သုံးသပ္မႈအစီအရင္ခံစာမွာ အခုလိုမ်ိဳးေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ န်ဴကလီးယားထိပ္ဖူး ၄ဝဝ ခန႔္ရွိေနတယ္လို႔ ၂ဝ၂၁ ခုႏွစ္ကထုတ္ျပန္ခဲ့တဲ့ အေမရိကန္စစ္ဘက္ရဲ႕ စစ္ေရးအစီရင္ခံစာေတြထဲမွာေဖာ္ျပထားပါတယ္။ တ႐ုတ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ န်ဴကလီးယားထိပ္ဖူး တိုးျမင့္ပိုင္ဆိုင္ေရးကို ႀကိဳးပမ္းေနရာ ၂ဝ၃ဝ ခုႏွစ္မွာ န်ဴကလီးယားထိပ္ဖူး ေနာက္ထပ္ ၁ဝဝဝ ခန႔္ထပ္မံပိုင္ဆိုင္လာဖြယ္ရွိေနေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္က သုံးသပ္ထားပါတယ္။

ကမာၻေပၚရွိႏိုင္ငံမ်ားထဲ အေမရိကန္ နဲ႔ တ႐ုတ္တို႔ဟာ လက္ရွိအခ်ိန္မွာ န်ဴကလီး ယားထိပ္ဖူးအမ်ားဆုံးပိုင္ဆိုင္ထားတဲ့ ႏိုင္ငံမ်ားျဖစ္လ်က္ရွိေနေၾကာင္းသိရပါတယ္။ တ႐ုတ္က ႐ုရွား၊ အေမရိကန္တို႔ နဲ႔ႏႈိင္းယွဥ္ရင္ န်ဴကလီးယားထိပ္ဖူး ပိုင္ဆိုင္မႈအေရအတြက္ နည္းပါးေပမယ့္ န်ဴကလီးယားလက္နက္မ်ား ေလ်ာ့ခ်ေရးကို ေဆြးေႏြးဖို႔ အဆင့္သင့္ရွိေနေၾကာင္း၊ အေမရိကန္ဟာ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံ ပိုင္ဆိုင္ထားတဲ့ န်ဴကလီးယား ထိပ္ဖူးအေရအတြက္အထိေလ်ာ့ခ်ဖို႔ လိုအပ္ေၾကာင္း တ႐ုတ္ႏိုင္ငံဘက္က ေျပာဆိုထားပါတယ္။ အေမရိကန္ဟာ လက္ရွိအခ်ိန္မွာ န်ဴကလီးယားထိပ္ဖူး ၃၇ဝဝ ပိုင္ဆိုင္ထားၿပီး န်ဴကလီးယားထိပ္ဖူး ၁၄၇ဝ ကို ျဖန႔္က်က္ခ်ထားေၾကာင္း (SIPRI) ကဆိုပါတယ္။

Picture

Htun Aung Kyaw

01/12/2022 18:50

NP ရေ ဒီတခုက လွဲနေတယ်ဗျ။ (ကမ္ဘာပေါ်ရှိနိုင်ငံများထဲ အမေရိကန် နဲ့ တရုတ်တို့ဟာ လက်ရှိအချိန်မှာ နျူကလီး ယားထိပ်ဖူးအများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံများဖြစ်လျက်ရှိနေကြောင်း) လက်ရှိ ကမ္ဘာပေါ်မှာ Nuclear warheads အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံက ရုရှားပါ၊ Stockholm International Peace Research Institute ရဲ့ စစ်တမ်းအရဆို ထိပ်ဆုံး၆နိုင်ငံက အစဉ်လိုက်ဆိုရင် ( Russia, USA, UK, France, China, India ) ပါ ဒါပေမယ့် တရုတ်ရဲ့အရေအတွက်ကတော့ တိုးလာဖို့များပါတယ် တိုးလာသည့်တိုင်အောင် Russia နဲ့ US ရဲ့ အရည်အတွက်ကို မှီဖို့တော့ လိုပါသေးတယ်

Related news

© 2021. All rights reserved.