ဘီဘီစီသတင်းထောက် ဖမ်းဆီးခံရခြင်းနဲ့ပတ်သက်ပြီး တရုတ်သံအမတ်ကြီးကို ဗြိတိန်အစိုးရ ဆင့်ခေါ်

 755

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

ဗြိတိန်အစိုးရဟာ တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲများအတွင်း ဘီဘီစီသတင်းဌာနရဲ့သတင်းထောက် ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်လိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ တင်းကြပ်တဲ့စည်းကမ်းတွေကို ကျေနပ်ခြင်းမရှိတဲ့အတွက် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ တရုတ်အာဏာပိုင်တွေက ဘီဘီစီသတင်းထောက်ကို ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိန်းစ့် ကလီဘာလီက "သတင်းထောက် ဖမ်းဆီးခံရခြင်းနဲ့ပတ်သက်ပြီး အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ အရေးကြီးတယ်။ မီဒီယာတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့အချက်က ဗြိတိန်နိုင်ငံရဲ့စိတ်ထဲမှာ အမြဲတမ်းရှိနေတယ်။ သတင်းမီဒီယာသမားတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို တိုက်ခိုက်မှုမခံရဘဲ အနှောင့်အယှက်ကင်းကင်း နဲ့ စိုးရိမ်ကြောက်ရွံ့မှုမရှိ၊ အလုပ်လုပ်နိုင်ဖို့ အရေးကြီးတယ်" လို့ပြောပါတယ်။

ဘီဘီစီသတင်းထောက် အက်ဒ်လောရမ့်ဟာ ရှန်ဟိုင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရကြောင်း၊ ၄င်းဟာ ပြန်မလွတ်ခင် တရုတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့
တိုက်ခိုက်ခြင်းများကို ရင်ဆိုင်ခဲ့ရကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက "ဗြိတိန်အစိုးရဟာ တရုတ်နိုင်ငံရဲ့ COVID policy အပြင် အခြားတရုတ်နိုင်ငံရဲ့ပြည်တွင်းရေးတွေကို ကြားဝင်စွက်ဖက်စရာ မလိုဘူး" လို့ပြောပါတယ်။

တရုတ်နိုင်ငံ ရှန်ကျန်းဒေသမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့စည်းကမ်းများ တင်းကြပ်ခြင်းကြောင့် မီးလောင်မှုကို မကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းစိတ်ဆိုးဒေါသဖြစ်မှု မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲများဖြစ်ပွားလာခဲ့တယ်လို့ သိရပါတယ်။

ဘီဘီစီသတင္းေထာက္ ဖမ္းဆီးခံရျခင္းနဲ႔ပတ္သက္ၿပီး တ႐ုတ္သံအမတ္ႀကီးကို ၿဗိတိန္အစိုးရ ဆင့္ေခၚ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

ၿဗိတိန္အစိုးရဟာ တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားေနတဲ့ ဆႏၵျပပြဲမ်ားအတြင္း ဘီဘီစီသတင္းဌာနရဲ႕သတင္းေထာက္ ဖမ္းဆီးထိန္းသိမ္းခံရျခင္းနဲ႔ပတ္သက္ၿပီး ၿဗိတိန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးကို ဆင့္ေခၚလိုက္တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ တင္းၾကပ္တဲ့စည္းကမ္းေတြကို ေက်နပ္ျခင္းမရွိတဲ့အတြက္ ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ရာ တ႐ုတ္အာဏာပိုင္ေတြက ဘီဘီစီသတင္းေထာက္ကို ႐ိုက္ႏွက္ ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိန္းစ့္ ကလီဘာလီက "သတင္းေထာက္ ဖမ္းဆီးခံရျခင္းနဲ႔ပတ္သက္ၿပီး အႀကီးအက်ယ္ စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္။ မီဒီယာလြတ္လပ္ခြင့္ကို ကာကြယ္ဖို႔ အေရးႀကီးတယ္။ မီဒီယာေတြကို ကာကြယ္ေပးရမယ္ဆိုတဲ့အခ်က္က ၿဗိတိန္ႏိုင္ငံရဲ႕စိတ္ထဲမွာ အၿမဲတမ္းရွိေနတယ္။ သတင္းမီဒီယာသမားေတြဟာ သူတို႔ရဲ႕လုပ္ငန္းေတြကို တိုက္ခိုက္မႈမခံရဘဲ အေႏွာင့္အယွက္ကင္းကင္း နဲ႔ စိုးရိမ္ေၾကာက္႐ြံ႕မႈမရွိ၊ အလုပ္လုပ္ႏိုင္ဖို႔ အေရးႀကီးတယ္" လို႔ေျပာပါတယ္။

ဘီဘီစီသတင္းေထာက္ အက္ဒ္ေလာရမ့္ဟာ ရွန္ဟိုင္းၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲအတြင္း ဖမ္းဆီးခံခဲ့ရေၾကာင္း၊ ၄င္းဟာ ျပန္မလြတ္ခင္ တ႐ုတ္လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕
တိုက္ခိုက္ျခင္းမ်ားကို ရင္ဆိုင္ခဲ့ရေၾကာင္း ဘီဘီစီသတင္းဌာနက ေဖာ္ျပပါတယ္။

ၿဗိတိန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးေျပာေရးဆိုခြင့္ရွိသူက "ၿဗိတိန္အစိုးရဟာ တ႐ုတ္ႏိုင္ငံရဲ႕ COVID policy အျပင္ အျခားတ႐ုတ္ႏိုင္ငံရဲ႕ျပည္တြင္းေရးေတြကို ၾကားဝင္စြက္ဖက္စရာ မလိုဘူး" လို႔ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ရွန္က်န္းေဒသမွာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့စည္းကမ္းမ်ား တင္းၾကပ္ျခင္းေၾကာင့္ မီးေလာင္မႈကို မကယ္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းစိတ္ဆိုးေဒါသျဖစ္မႈ ျမင့္တက္လာခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံတဝွမ္းမွာ ဆႏၵျပပြဲမ်ားျဖစ္ပြားလာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.