ဘဏ်များအနေဖြင့် လုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်မည်ဆိုပါက ငွေကျပ်(၅)သိန်း ဗဟိုဘဏ်သို့ပေးသွင်းရန် သတ်မှတ်

 588

မျိုးကြီး (NP News) - နိုဝင်ဘာ ၃ဝ

ဘဏ်များအနေဖြင့် လုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်မည်ဆိုပါက အခကြေးငွေအဖြစ် ငွေကျပ်(၅)သိန်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းရမည်ဖြစ်ကြောင်း သတ်မှတ်လိုက်သည်။

ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း ဘဏ်များ၏ လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းများအတွက် အခကြေးငွေသတ်မှတ်ခြင်းကိစ္စကို ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံးကာ ဘဏ်များ၏ လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းများအတွက် အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာညွှန်ကြားချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ဘဏ်များအနေဖြင့် ရုံးချုပ်အပါအဝင်ဖွင့်လှစ်ပြီး ဘဏ်ခွဲများ လုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်မည်ဆိုပါက ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာသည် ယခင်လုပ်ငန်းနေရာနှင့် မြို့နယ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ငန်းနေရာ ပြောင်းရွှေ့ခြင်းအတွက် အခကြေးငွေကျပ် (၅)သိန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ပေးသွင်းရမည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဘဏ်များအနေဖြင့် ရုံးချုပ်အပါအဝင် ဖွင့်လှစ်ပြီး ဘဏ်ခွဲများလုပ်ငန်းနေရာ ပြောင်းရွှေ့ဖွင့်လှစ်ရန် တင်ပြလျှောက်ထားရာ၌ သက်ဆိုင်ရာညွှန်ကြားချက်များနှင့်အတူ လုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းအတွက် အခကြေးငွေ ကျပ် (၅)သိန်း ပေးသွင်းသည့်အထောက်အထားကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

အဆိုပါညွှန်ကြားချက်သည် ယခု ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှစ၍ စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

Zawgyi Version;
ဘဏ္မ်ားအေနျဖင့္ လုပ္ငန္းေနရာေျပာင္းေ႐ႊ႕ဖြင့္လွစ္မည္ဆိုပါက ေငြက်ပ္(၅)သိန္း ဗဟိုဘဏ္သို႔ေပးသြင္းရန္ သတ္မွတ္
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၃ဝ

ဘဏ္မ်ားအေနျဖင့္ လုပ္ငန္းေနရာေျပာင္းေ႐ႊ႕ဖြင့္လွစ္မည္ဆိုပါက အခေၾကးေငြအျဖစ္ ေငြက်ပ္(၅)သိန္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သို႔ ေပးသြင္းရမည္ျဖစ္ေၾကာင္း သတ္မွတ္လိုက္သည္။

ဗဟိုဘဏ္က ယခုရက္ပိုင္းအတြင္း ဘဏ္မ်ား၏ လုပ္ငန္းေနရာေျပာင္းေ႐ႊ႕ျခင္းမ်ားအတြက္ အခေၾကးေငြသတ္မွတ္ျခင္းကိစၥကို ၫႊန္ၾကားခ်က္ထုတ္ျပန္ထားျခင္းျဖစ္သည္။

ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားဥပေဒအရ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္ကိုက်င့္သုံးကာ ဘဏ္မ်ား၏ လုပ္ငန္းေနရာေျပာင္းေ႐ႊ႕ျခင္းမ်ားအတြက္ အခေၾကးေငြသတ္မွတ္ျခင္းဆိုင္ရာၫႊန္ၾကားခ်က္ကို ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ဗဟိုဘဏ္က ဆိုသည္။

ဘဏ္မ်ားအေနျဖင့္ ႐ုံးခ်ဳပ္အပါအဝင္ဖြင့္လွစ္ၿပီး ဘဏ္ခြဲမ်ား လုပ္ငန္းေနရာေျပာင္းေ႐ႊ႕ဖြင့္လွစ္မည္ဆိုပါက ေျပာင္းေ႐ႊ႕ဖြင့္လွစ္မည့္ေနရာသည္ ယခင္လုပ္ငန္းေနရာႏွင့္ ၿမိဳ႕နယ္တူသည္ျဖစ္ေစ၊ မတူသည္ျဖစ္ေစ လုပ္ငန္းေနရာ ေျပာင္းေ႐ႊ႕ျခင္းအတြက္ အခေၾကးေငြက်ပ္ (၅)သိန္းကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သို႔ေပးသြင္းရမည္ဟု သတ္မွတ္လိုက္ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ဘဏ္မ်ားအေနျဖင့္ ႐ုံးခ်ဳပ္အပါအဝင္ ဖြင့္လွစ္ၿပီး ဘဏ္ခြဲမ်ားလုပ္ငန္းေနရာ ေျပာင္းေ႐ႊ႕ဖြင့္လွစ္ရန္ တင္ျပေလွ်ာက္ထားရာ၌ သက္ဆိုင္ရာၫႊန္ၾကားခ်က္မ်ားႏွင့္အတူ လုပ္ငန္းေနရာေျပာင္းေ႐ႊ႕ဖြင့္လွစ္ျခင္းအတြက္ အခေၾကးေငြ က်ပ္ (၅)သိန္း ေပးသြင္းသည့္အေထာက္အထားကို ပူးတြဲတင္ျပရမည္ျဖစ္ေၾကာင္း ၫႊန္ၾကားထားသည္။

အဆိုပါၫႊန္ၾကားခ်က္သည္ ယခု ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာ ၂၅ ရက္မွစ၍ စတင္အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

Related news

© 2021. All rights reserved.