လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် ခရီးသွားများအတွက် ကိုဗစ်သတ်မှတ်ချက်ကို ဒီဇင်ဘာ (၁)ရက်မှစ၍ ဖြေလျှော့ပေးမည်

 693

ယွန်း (NP News) - နိုဝင်ဘာ ၃ဝ

နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများအတွက် ကိုဗစ် (၁၉)ရောဂါဆိုင်ရာ သတ်မှတ်ချက်ကို ဒီဇင်ဘာ(၁)ရက်မှစ၍ ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း နစကမှ ထုတ် ပြန်ထားသည်။

နစကမှပြီးခဲ့သည့် နိုဝင်ဘာ(၂၉)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နစကအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် နိုင်ငံတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများ အပေါ်မူတည်၍ ကိုဗစ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ထုတ်ပြန်ခြင်းနှင့် ဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ပြည်တွင်း၌ကူးစက်ဖြစ်ပွားမှု ကျဆင်းလျက်ရှိပြီး (၁၄) ရက်ဆက်တိုက် ပိုးတွေ့နှုန်း(၁)ရာခိုင်နှုန်းအောက် ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားများတွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့နှုန်း (၁) ရာခိုင်နှုန်း အောက်တွင်သာရှိနေပြီး နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာကြောင်း သိရသည်။

ယခင်က နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများမှ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့်အချိန်တွင် ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေအထောက်အထားပြသပြီး လေယာဉ်ဆိုက်ရောက်ချိန်တွင် ကိုဗစ်ရောဂါကို RDT ဖြင့် ဓာတ်ခွဲစစ်ဆေးမှုခံယူရန်လိုကြောင်း ထုတ်ပြန်ထားခဲ့သည်။

သို့သော် နစကအနေဖြင့် အဆိုပါသတ်မှတ်ချက်များကို လာမည့် ဒီဇင်ဘာ(၁)ရက်မှစ၍ ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သို့ရာတွင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များဖြင့် ဝင်ရောက်လာကြသည့် ခရီးသွားများနှင့် နယ်စပ်ဝင်ထွက် ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာကြသည့် ခရီးသွားများအတွက် အောက်တိုဘာ(၈)ရက်တွင် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ေလေၾကာင္းလိုင္းျဖင့္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လာမည့္ ခရီးသြားမ်ားအတြက္ ကိုဗစ္သတ္မွတ္ခ်က္ကို ဒီဇင္ဘာ (၁)ရက္မွစ၍ ေျဖေလွ်ာ့ေပးမည္
ယြန္း (NP News) - ႏိုဝင္ဘာ ၃ဝ

ႏိုင္ငံတကာေလေၾကာင္းလိုင္း ခရီးစဥ္မ်ားျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္သည့္ ခရီးသြားမ်ားအတြက္ ကိုဗစ္ (၁၉)ေရာဂါဆိုင္ရာ သတ္မွတ္ခ်က္ကို ဒီဇင္ဘာ(၁)ရက္မွစ၍ ေျဖေလွ်ာ့ေပးသြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ ျပန္ထားသည္။

နစကမွၿပီးခဲ့သည့္ ႏိုဝင္ဘာ(၂၉)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

နစကအေနျဖင့္ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ ေဒသတြင္းႏိုင္ငံမ်ားတြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျဖစ္ပြားမႈအေျခအေနႏွင့္ ႏိုင္ငံတြင္း ကိုဗစ္ေရာဂါ ကူးစက္ျဖစ္ပြားမႈအေျခအေနမ်ား အေပၚမူတည္၍ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းသတ္မွတ္ခ်က္မ်ားကို ထုတ္ျပန္ျခင္းႏွင့္ ေျဖေလွ်ာ့ေပးျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ လက္ရွိတြင္ ျပည္တြင္း၌ကူးစက္ျဖစ္ပြားမႈ က်ဆင္းလ်က္ရွိၿပီး (၁၄) ရက္ဆက္တိုက္ ပိုးေတြ႕ႏႈန္း(၁)ရာခိုင္ႏႈန္းေအာက္ ေရာက္ရွိေနေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အလားတူ ႏိုင္ငံတြင္းသို႔ ဝင္ေရာက္လာသည့္ ခရီးသြားမ်ားတြင္ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ႏႈန္း (၁) ရာခိုင္ႏႈန္း ေအာက္တြင္သာရွိေနၿပီး ႏိုင္ငံတစ္ဝန္း ကာကြယ္ေဆးထိုးလႊမ္းၿခဳံမႈ ျမင့္မားလာေၾကာင္း သိရသည္။

ယခင္က ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္မ်ားျဖင့္ ျမန္မာႏိုင္ငံသို႔ဝင္ေရာက္မည့္ ခရီးသြားမ်ားမွ ကာကြယ္ေဆးအႀကိမ္ျပည့္မထိုးႏွံသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ဆိုက္ေရာက္သည့္အခ်ိန္တြင္ ကိုဗစ္ေရာဂါ ကင္းရွင္းေၾကာင္း RT-PCR နည္းျဖင့္ စစ္ေဆးထုတ္ေပးထားသည့္ ဓာတ္ခြဲအေျဖအေထာက္အထားျပသၿပီး ေလယာဥ္ဆိုက္ေရာက္ခ်ိန္တြင္ ကိုဗစ္ေရာဂါကို RDT ျဖင့္ ဓာတ္ခြဲစစ္ေဆးမႈခံယူရန္လိုေၾကာင္း ထုတ္ျပန္ထားခဲ့သည္။

သို႔ေသာ္ နစကအေနျဖင့္ အဆိုပါသတ္မွတ္ခ်က္မ်ားကို လာမည့္ ဒီဇင္ဘာ(၁)ရက္မွစ၍ ေျဖေလွ်ာ့ေပးသြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

သို႔ရာတြင္ ကယ္ဆယ္ေရးေလယာဥ္ခရီးစဥ္မ်ားျဖင့္ ဝင္ေရာက္လာၾကသည့္ ခရီးသြားမ်ားႏွင့္ နယ္စပ္ဝင္ထြက္ ဂိတ္မ်ားမွတစ္ဆင့္ ဝင္ေရာက္လာၾကသည့္ ခရီးသြားမ်ားအတြက္ ေအာက္တိုဘာ(၈)ရက္တြင္ ထုတ္ျပန္ထားသည့္ က်န္းမာေရးဆိုင္ရာသတ္မွတ္ခ်က္မ်ားအတိုင္းသာ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.