ယူကရိန်း စစ်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးနိုင်မယ့် အခြေအနေများကို ရုရှားပြော

 743

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

ယူကရိန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးလိုတယ်ဆိုရင် ရုရှားဘက်က ယခင်တောင်းဆိုခဲ့ဖူးတဲ့ အချက်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးလိုကြောင်းပြသဖို့ လိုအပ်တယ်လို့ရုရှား သမ္မတပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်ကပြောပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ ယူကရိန်းဟာ နိုင်ငံရေးဆန္ဒအမှန်တကယ်ရှိနေတယ်ဆိုတာကို ရုရှားဘက်က ရှုမြင်သုံးသပ်မိချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေစတင်နိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာတွေ့ဆုံဆွေးနွေးမှုတွေဖြစ်ဖို့အလားအလာနည်းနေကြောင်း ဒီမီထရီပက်ကောဗ့်က ပြောပါတယ်။ ယူကရိန်းခေါင်းဆောင်ဟာ လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တွန့်ဆုတ်နေပုံရကြောင်း ရုရှားသမ္မတပြောရေး ဆိုခွင့်ရှိသူက ဒီလအစောပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီမီထရီပက်ကောဗ့်က "ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ ယူကရိန်းဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိရမှာဖြစ်ပါတယ်။ ဒါ့ပြင် ရုရှားအစိုးရရဲ့တောင်းဆိုချက်တွေကို လက်ခံတွေ့ဆုံဆွေးနွေးလိုတဲ့စေတနာရှိရမယ်"လို့ပြောပါတယ်။ ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄ ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား စစ် ပွဲဟာ အချိန် ၁ဝ လနီးပါး ကြာမြင့်နေလျက်ရှိနေကြောင်းသိရပါတယ်။ ရုရှားဟာ ၂ဝ၁၄ ခုနှစ်နဲ့ ၂ဝ၁၅ခုနှစ်တို့မှာ ပြင်သစ်နဲ့ ဂျာမနီတို့ ကြားဝင်စေ့စပ်မှုများကြောင့်ရရှိခဲ့တဲ့ မင့်စ့်သဘောတူညီချက် ၁ နဲ့ ၂ ကို ချိုးဖောက်ခဲ့ကြောင်း ယူကရိန်းဘက်က စွပ်စွဲထားပါတယ်။ ရုရှား သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူက ယူကရိန်းဟာ စစ်ပွဲကိုအဆုံးသတ်နိုင်ရေးအတွက် စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ အမှန်တကယ်ဆန္ဒရှိဖို့ လိုအပ်ကြောင်းဆိုပါတယ်။

ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ မတ်လက တူရကီရဲ့ကြားဝင်စေ့စပ်မှုတွေကြောင့် ဆွေးနွေးနိုင်ခဲ့ပေမယ့် ယင်းနောက်ပိုင်းကတည်းကဆွေးနွေးပွဲတွေထပ်မံလုပ်ဆောင်နိုင်ခြင်းတော့မရှိကြောင်း သတင်းတွေကဖော်ပြထားပါတယ်။

zawgyi version
ယူကရိန္း စစ္ပြဲအဆုံးသတ္ေရးအတြက္ ေဆြးေႏြးႏိုင္မယ့္ အေျခအေနမ်ားကို ႐ုရွားေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

ယူကရိန္းဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးလိုတယ္ဆိုရင္ ႐ုရွားဘက္က ယခင္ေတာင္းဆိုခဲ့ဖူးတဲ့ အခ်က္ေတြနဲ႔ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္းျပသဖို႔ လိုအပ္တယ္လို႔႐ုရွား သမၼတပူတင္ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္ကေျပာပါတယ္။

ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ဖို႔ ယူကရိန္းဟာ ႏိုင္ငံေရးဆႏၵအမွန္တကယ္ရွိေနတယ္ဆိုတာကို ႐ုရွားဘက္က ရႈျမင္သုံးသပ္မိခ်ိန္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြစတင္ႏိုင္မွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတြ႕ဆုံေဆြးေႏြးမႈေတြျဖစ္ဖို႔အလားအလာနည္းေနေၾကာင္း ဒီမီထရီပက္ေကာဗ့္က ေျပာပါတယ္။ ယူကရိန္းေခါင္းေဆာင္ဟာ လက္ရွိအခ်ိန္မွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ တြန႔္ဆုတ္ေနပုံရေၾကာင္း ႐ုရွားသမၼတေျပာေရး ဆိုခြင့္ရွိသူက ဒီလအေစာပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဒီမီထရီပက္ေကာဗ့္က "ၿငိမ္းခ်မ္းေရး ေတြ႕ဆုံေဆြးေႏြးဖို႔ ယူကရိန္းဟာ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးဖို႔ ဆႏၵရွိရမွာျဖစ္ပါတယ္။ ဒါ့ျပင္ ႐ုရွားအစိုးရရဲ႕ေတာင္းဆိုခ်က္ေတြကို လက္ခံေတြ႕ဆုံေဆြးေႏြးလိုတဲ့ေစတနာရွိရမယ္"လို႔ေျပာပါတယ္။ ႐ုရွားဟာ ယူကရိန္းကို ေဖေဖာ္ဝါရီလ ၂၄ ရက္မွာစတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား စစ္ ပြဲဟာ အခ်ိန္ ၁ဝ လနီးပါး ၾကာျမင့္ေနလ်က္ရွိေနေၾကာင္းသိရပါတယ္။ ႐ုရွားဟာ ၂ဝ၁၄ ခုႏွစ္နဲ႔ ၂ဝ၁၅ခုႏွစ္တို႔မွာ ျပင္သစ္နဲ႔ ဂ်ာမနီတို႔ ၾကားဝင္ေစ့စပ္မႈမ်ားေၾကာင့္ရရွိခဲ့တဲ့ မင့္စ့္သေဘာတူညီခ်က္ ၁ နဲ႔ ၂ ကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ယူကရိန္းဘက္က စြပ္စြဲထားပါတယ္။ ႐ုရွား သမၼတရဲ႕ေျပာေရးဆိုခြင့္ရွိသူက ယူကရိန္းဟာ စစ္ပြဲကိုအဆုံးသတ္ႏိုင္ေရးအတြက္ ေစ့စပ္ေဆြးေႏြးမႈေတြလုပ္ဖို႔ အမွန္တကယ္ဆႏၵရွိဖို႔ လိုအပ္ေၾကာင္းဆိုပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့စစ္ပြဲကို အဆုံးသတ္ႏိုင္ဖို႔ မတ္လက တူရကီရဲ႕ၾကားဝင္ေစ့စပ္မႈေတြေၾကာင့္ ေဆြးေႏြးႏိုင္ခဲ့ေပမယ့္ ယင္းေနာက္ပိုင္းကတည္းကေဆြးေႏြးပြဲေတြထပ္မံလုပ္ေဆာင္ႏိုင္ျခင္းေတာ့မရွိေၾကာင္း သတင္းေတြကေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.