တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံရဲ့ပြိုင်ဘက် နိုင်ငံဖြစ်လာခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ပြော

 623

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်က တရုတ်နဲ့ ဗြိတိန်နိုင်ငံရဲ့ အနီးကပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေက ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ အပြန်အလှန် အကျိုး စီးပွားကိုအခြေခံပြီး တရုတ်နဲ့ကုန်သွယ်ရေးတိုးမြင့်အောင်လုပ်ဆောင်မှုက အဆုံးသတ်သွားခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ဗြိတိန်ရဲ့ပြိုင်ဘက်နိုင်ငံဖြစ်လာခဲ့ကြောင်း ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က တရုတ်နိုင်ငံကို ၄င်းတို့နိုင်ငံရဲ့ပြိုင်ဘက်အဖြစ် ရှုမြင်သုံးသပ်ခဲ့ပေမယ့် ရိုးရှင်းတဲ့ထိပ်တိုက်ရင်ဆိုင်ရေးချဉ်းကပ်မှုတွေကို ရှောင်ရှားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံကြားဆက်ဆံရေးက လမ်းကြောင်းအသစ်ဘက်ကို ဦးတည်မှာဖြစ်ကြောင်းဆိုပါတယ်။ ဗြိတိန်နဲ့ တရုတ်နိုင်ငံကြားဆက်ဆံရေးက ခေတ်သစ်ကိုစတင်လာပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ဆူနက်ကပြောပါတယ်။ ၄င်းက "တရုတ်နဲ့ဗြိတိန်နိုင်ငံကြားအပြန်အလှန် ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ရွှေခေတ်က ပြီး ဆုံးသွားပြီပါတယ်"လို့ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က တရုတ်နိုင်ငံရဲ့ခေါင်းဆောင်မှုဟာ အာဏာရှင်ဆန်လာကြောင်း၊ တရုတ်အာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး lockdown ဖြေလျော့ရေးဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က တရုတ်အစိုးရအာဏာပိုင်တွေဟာ ပြည်သူတွေရဲ့မကျေနပ်ချက်တွေကို ဖြေရှင်းရမယ့်အစား ပြည်သူတွေကို ဖြိုခွင်းဖို့ကိုသာ ဦးစားပေးရွေးချယ်ခဲ့ကြောင်းဆိုပါတယ်။ ဗြိတိန်အစိုးရဟာ ရာသီဥတုပြုပြင်ပြောင်းလဲမှုတိုက်ဖျက်ရေး ကိစ္စတွေလိုမျိုးအချို့ပြဿနာများ၊ ကမ္ဘာတည်ငြိမ်ရေးနဲ့ ကမ္ဘာ့ရေးရာကိစ္စတွေမှာ တရုတ်ရဲ့သိသာအရေးပါမှုတွေကို လျစ်လျူရူထားလို့ မရကြောင်း ဗြိတိန်ဝန်ကြီး ချုပ်ကပြောပါတယ်။

ဗြိတိန်နိုင်ငံဟာ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့အတွက် တရုတ်နဲ့ ဆက်ဆံရေး မျှော်လင့်သလောက်ကောင်းမွန်မှုမရှိခဲ့ကြောင်း သုံးသပ်မှုတွေလည်းရှိခဲ့ဖူးပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းလစ်ထရက် လက်ထက်က တရုတ်နဲ့ ဗြိတိန်အစိုးရကြား ဆက်ဆံရေးမျှော်လင့်သလောက်ကောင်းမွန်မှုမရှိခဲ့ကြောင်း ဝေဖန်မှုများမြင့်တက်ခဲ့ပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံက ၿဗိတိန္ႏိုင္ငံရဲ႕ၿပိဳင္ဘက္ ႏိုင္ငံျဖစ္လာခဲ့ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဆူနက္ေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ရီရွီဆူနက္က တ႐ုတ္နဲ႔ ၿဗိတိန္ႏိုင္ငံရဲ႕ အနီးကပ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈေတြက ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း၊ အျပန္အလွန္ အက်ိဳး စီးပြားကိုအေျခခံၿပီး တ႐ုတ္နဲ႔ကုန္သြယ္ေရးတိုးျမင့္ေအာင္လုပ္ေဆာင္မႈက အဆုံးသတ္သြားခဲ့ၿပီးျဖစ္သည့္အတြက္ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံက ၿဗိတိန္ရဲ႕ၿပိဳင္ဘက္ႏိုင္ငံျဖစ္လာခဲ့ေၾကာင္း ဆိုပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္က တ႐ုတ္ႏိုင္ငံကို ၄င္းတို႔ႏိုင္ငံရဲ႕ၿပိဳင္ဘက္အျဖစ္ ရႈျမင္သုံးသပ္ခဲ့ေပမယ့္ ႐ိုးရွင္းတဲ့ထိပ္တိုက္ရင္ဆိုင္ေရးခ်ဥ္းကပ္မႈေတြကို ေရွာင္ရွားမွာျဖစ္ေၾကာင္း၊ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးက လမ္းေၾကာင္းအသစ္ဘက္ကို ဦးတည္မွာျဖစ္ေၾကာင္းဆိုပါတယ္။ ၿဗိတိန္နဲ႔ တ႐ုတ္ႏိုင္ငံၾကားဆက္ဆံေရးက ေခတ္သစ္ကိုစတင္လာၿပီျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဆူနက္ကေျပာပါတယ္။ ၄င္းက "တ႐ုတ္နဲ႔ၿဗိတိန္ႏိုင္ငံၾကားအျပန္အလွန္ ဆက္ဆံေရးနဲ႔ ကုန္သြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ ေ႐ႊေခတ္က ၿပီး ဆုံးသြားၿပီပါတယ္"လို႔ေျပာပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္က တ႐ုတ္ႏိုင္ငံရဲ႕ေခါင္းေဆာင္မႈဟာ အာဏာရွင္ဆန္လာေၾကာင္း၊ တ႐ုတ္အာဏာပိုင္ေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး lockdown ေျဖေလ်ာ့ေရးဆန႔္က်င္ဆႏၵျပသူေတြကို ၿဖိဳခြင္းမႈေတြ လုပ္ေဆာင္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္က တ႐ုတ္အစိုးရအာဏာပိုင္ေတြဟာ ျပည္သူေတြရဲ႕မေက်နပ္ခ်က္ေတြကို ေျဖရွင္းရမယ့္အစား ျပည္သူေတြကို ၿဖိဳခြင္းဖို႔ကိုသာ ဦးစားေပးေ႐ြးခ်ယ္ခဲ့ေၾကာင္းဆိုပါတယ္။ ၿဗိတိန္အစိုးရဟာ ရာသီဥတုျပဳျပင္ေျပာင္းလဲမႈတိုက္ဖ်က္ေရး ကိစၥေတြလိုမ်ိဳးအခ်ိဳ႕ျပႆနာမ်ား၊ ကမာၻတည္ၿငိမ္ေရးနဲ႔ ကမာၻ႔ေရးရာကိစၥေတြမွာ တ႐ုတ္ရဲ႕သိသာအေရးပါမႈေတြကို လ်စ္လ်ဴ႐ူထားလို႔ မရေၾကာင္း ၿဗိတိန္ဝန္ႀကီး ခ်ဳပ္ကေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံဟာ အေမရိကန္ နဲ႔ မဟာမိတ္ႏိုင္ငံျဖစ္တဲ့အတြက္ တ႐ုတ္နဲ႔ ဆက္ဆံေရး ေမွ်ာ္လင့္သေလာက္ေကာင္းမြန္မႈမရွိခဲ့ေၾကာင္း သုံးသပ္မႈေတြလည္းရွိခဲ့ဖူးပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္းလစ္ထရက္ လက္ထက္က တ႐ုတ္နဲ႔ ၿဗိတိန္အစိုးရၾကား ဆက္ဆံေရးေမွ်ာ္လင့္သေလာက္ေကာင္းမြန္မႈမရွိခဲ့ေၾကာင္း ေဝဖန္မႈမ်ားျမင့္တက္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.