ဗိုလ်တထောင်ဘုရားအနီးရှိ လူကူးခုံးတံတား၌ PDF လူငယ်(၄)ဦးအား လက်လုပ်ဗုံးများနှင့်အတူ ဖမ်းဆီး

 1547

NP News - နိုဝင်ဘာ ၃ဝ

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီးရှိ လူကူးခုံးတံတား ၌ PDF လူငယ်(၄)ဦးအား လက်လုပ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၃ဝ ရက်) နံနက် ၁၁ နာရီကျော်အချိန်ခန့်တွင် ဗိုလ်တထောင်ဘုရားအနီးရှိ လူကူးခုံးတံတား၌ လူငယ်(၄)ဦးအား မသင်္ကာ၍ ခေါ်စစ်စဉ်အချိန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

“တစ်ယောက်က ခုခံလို့ ပစ်လိုက်တာ ထိသွားတယ်။ သေတော့ မသေဘူး။ စုစု ပေါင်း (၄)ယောက်မိတာပေါ့။ လုံခြုံရေးအဖွဲ့တွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ သူတို့မှာက လက်လုပ်ဗုံးပဲပါတာ။ သေနတ် မပါဘူးလေ။ မသင်္ကာလို့ ခေါ်စစ်တာ မှာ ထွက်ပြေးသွားတာပေါ့။ လိုက်ဖမ်းတော့ ပြန်ခုခံတော့ ပစ်ခတ်ဖမ်းဆီးလိုက်တာ” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ ဖမ်းဆီးရမိသည့် လူငယ်(၄)ဦးအနက် တစ်ဦးတွင် ဦးခေါင်း၌ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရသည်။

၎င်းဖြစ်စဉ်အတွင်း လူငယ်(၄)ဦးနှင့်အတူ လက်လုပ်ဗုံး(၂)လုံး၊ ကီးပတ်ဖုန်း၊ ဓာတ်ခဲတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

zawgyi version
ဗိုလ္တေထာင္ဘုရားအနီးရွိ လူကူးခုံးတံတား၌ PDF လူငယ္(၄)ဦးအား လက္လုပ္ဗုံးမ်ားႏွင့္အတူ ဖမ္းဆီး
NP News - ႏိုဝင္ဘာ ၃ဝ

ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဗိုလ္တေထာင္ဘုရားအနီးရွိ လူကူးခုံးတံတား ၌ PDF လူငယ္(၄)ဦးအား လက္လုပ္ဗုံးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ႏိုဝင္ဘာလ ၃ဝ ရက္) နံနက္ ၁၁ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ဗိုလ္တေထာင္ဘုရားအနီးရွိ လူကူးခုံးတံတား၌ လူငယ္(၄)ဦးအား မသကၤာ၍ ေခၚစစ္စဥ္အခ်ိန္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

“တစ္ေယာက္က ခုခံလို႔ ပစ္လိုက္တာ ထိသြားတယ္။ ေသေတာ့ မေသဘူး။ စုစု ေပါင္း (၄)ေယာက္မိတာေပါ့။ လုံၿခဳံေရးအဖြဲ႕ေတြေတာ့ ထိခိုက္ဒဏ္ရာရတာမရွိဘူး။ သူတို႔မွာက လက္လုပ္ဗုံးပဲပါတာ။ ေသနတ္ မပါဘူးေလ။ မသကၤာလို႔ ေခၚစစ္တာ မွာ ထြက္ေျပးသြားတာေပါ့။ လိုက္ဖမ္းေတာ့ ျပန္ခုခံေတာ့ ပစ္ခတ္ဖမ္းဆီးလိုက္တာ” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ထိုသို႔ ဖမ္းဆီးရမိသည့္ လူငယ္(၄)ဦးအနက္ တစ္ဦးတြင္ ဦးေခါင္း၌ က်ည္ထိမွန္ဒဏ္ရာရရွိခဲ့ၿပီး စိုးရိမ္ရသည့္အေျခအေနတြင္ရွိေၾကာင္း သိရသည္။

၎ျဖစ္စဥ္အတြင္း လူငယ္(၄)ဦးႏွင့္အတူ လက္လုပ္ဗုံး(၂)လုံး၊ ကီးပတ္ဖုန္း၊ ဓာတ္ခဲတို႔ကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

Picture

စိုင္းဟြမ္ မိန္း အိုရီယြန္

30/11/2022 17:39

လူငယ်လေးဦးလို့မသုံးစမ်းပါနဲ့ အကြမ်းဖက်သမားလေးဦးပါ

Related news

© 2021. All rights reserved.