ယူကရိန်းကို ပက်ထရီယော့ ဒုံးကျည်များ ကူညီပေးဖို့ အမေရိကန်အစိုးရ စဉ်းစားနေဟုဆို

 556

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

အမေရိကန် စစ်ဌာနချုပ် အကြီးတန်းအရာရှိတစ်ဦးက အမေရိကန်အစိုးရဟာ ယူကရိန်းအစိုးရတပ်ဖွဲ့များကို မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ ဒုံးကျည်များ ကူညီထောက်ပံ့ပေးရေးသင့်မသင့်ဆိုတဲ့အချက်ကိုစဉ်းစားလျက်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ယူကရိန်းအစိုးရဟာ တန်ဖိုးကြီးတဲ့ လက်နက်စနစ်များ ကူညီထောက်ပံ့ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တောင်းဆိုခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းကို ပက်ထရီယော့ ဒုံးကျည်များ ကူညီပေးဖို့ စဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ပက်ထရီယော့ ဒုံးကျည်ထောက်ပံ့ပေးမှုရှိ၊ မရှိဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့တာဝန် ရှိသူတစ်ဦးက "အရာအားလုံးဟာ စားပွဲဝိုင်းမှာရှိနေတယ်။ ဆွေးနွေးပြီးသာ အတိ အကျ သိရမှာပါ"လို့ပြောပါတယ်။

အမေရိကန်လေတပ်ရဲ့ဗိုလ်မှူးချုပ်တစ်ဦးဖြစ်တဲ့ ပက်ရိုင်ဒါက ယူကရိန်းကို အဓိကဦးစားပေးထောက်ပံ့မှာက လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပြီး အမေရိကန်ဟာ ယူကရိန်းကို ကာကွယ်ရေးပစ္စည်းများထောက်ပံ့ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်တဲ့အရာအားလုံးကို ဆွေးနွေးလျက်ရှိနေကြောင်း၊ ပက်ထရီယော့ ဒုံးကျည်များ လွှဲပြောင်းပေးခြင်းနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ် စီစဉ်ထားတာမျိုးတော့မရှိကြောင်းဆိုပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူး ဂျန်စတိုတန်ဘတ်ချ်က ပက်ထရီယော့ဒုံးကျည်များ ယူကရိန်းကို ပေးပို့ကူညီဖွယ်ရှိနေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ပက်ထရီယော့ဒုံးကျည်များကို ကူညီပေးမယ်ဆိုရင် ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လက်နက်များ အသုံးပြုပုံ နဲ့ ပြုပြင်ထိန်းသိမ်းပေးပုံတွေ သင်ကြားပေးရမှာဖြစ်လို့ လုပ်ငန်းစဉ်တွေက အရှုပ်ထွေးတော့ရှိနေကြောင်း ဂျန်စတိုတန်ဘတ်ချ်ကပြောပါတယ်။ ရုရှားဘက်ကတော့ ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်များ ကူညီပေးမယ့် အစီအစဉ်ကို ကန့်ကွက်ထားသလို နေတိုးအုပ်စုဝင်နိုင်ငံတွေရဲ့တပ်ဖွဲ့တွေကူညီထောက်ပံ့ပေးမှာကိုပါ သတိပေးပြောဆိုထားကြောင်းသိရပါတယ်။

zawgyi version
ယူကရိန္းကို ပက္ထရီေယာ့ ဒုံးက်ည္မ်ား ကူညီေပးဖို႔ အေမရိကန္အစိုးရ စဥ္းစားေနဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

အေမရိကန္ စစ္ဌာနခ်ဳပ္ အႀကီးတန္းအရာရွိတစ္ဦးက အေမရိကန္အစိုးရဟာ ယူကရိန္းအစိုးရတပ္ဖြဲ႕မ်ားကို ေျမျပင္မွ ေဝဟင္ပစ္ ပက္ထရီေယာ့ ဒုံးက်ည္မ်ား ကူညီေထာက္ပံ့ေပးေရးသင့္မသင့္ဆိုတဲ့အခ်က္ကိုစဥ္းစားလ်က္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုပါတယ္။

ယူကရိန္းအစိုးရဟာ တန္ဖိုးႀကီးတဲ့ လက္နက္စနစ္မ်ား ကူညီေထာက္ပံ့ေပးဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေတာင္းဆိုခဲ့ၿပီးေနာက္ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနဟာ ယူကရိန္းကို ပက္ထရီေယာ့ ဒုံးက်ည္မ်ား ကူညီေပးဖို႔ စဥ္းစားေနေၾကာင္း သတင္းေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ယူကရိန္းကို ပက္ထရီေယာ့ ဒုံးက်ည္ေထာက္ပံ့ေပးမႈရွိ၊ မရွိဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕တာဝန္ ရွိသူတစ္ဦးက "အရာအားလုံးဟာ စားပြဲဝိုင္းမွာရွိေနတယ္။ ေဆြးေႏြးၿပီးသာ အတိ အက် သိရမွာပါ"လို႔ေျပာပါတယ္။

အေမရိကန္ေလတပ္ရဲ႕ဗိုလ္မႉးခ်ဳပ္တစ္ဦးျဖစ္တဲ့ ပက္႐ိုင္ဒါက ယူကရိန္းကို အဓိကဦးစားေပးေထာက္ပံ့မွာက ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ျဖစ္ၿပီး အေမရိကန္ဟာ ယူကရိန္းကို ကာကြယ္ေရးပစၥည္းမ်ားေထာက္ပံ့ေရးနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ႏိုင္တဲ့အရာအားလုံးကို ေဆြးေႏြးလ်က္ရွိေနေၾကာင္း၊ ပက္ထရီေယာ့ ဒုံးက်ည္မ်ား လႊဲေျပာင္းေပးျခင္းနဲ႔ပတ္သက္ၿပီး အၿပီးသတ္ဆုံးျဖတ္ စီစဥ္ထားတာမ်ိဳးေတာ့မရွိေၾကာင္းဆိုပါတယ္။ ေနတိုးမဟာမိတ္အဖြဲ႕ အတြင္းေရးမႉး ဂ်န္စတိုတန္ဘတ္ခ်္က ပက္ထရီေယာ့ဒုံးက်ည္မ်ား ယူကရိန္းကို ေပးပို႔ကူညီဖြယ္ရွိေနေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းကထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။

ပက္ထရီေယာ့ဒုံးက်ည္မ်ားကို ကူညီေပးမယ္ဆိုရင္ ယူကရိန္းတပ္ဖြဲ႕ဝင္ေတြကို လက္နက္မ်ား အသုံးျပဳပုံ နဲ႔ ျပဳျပင္ထိန္းသိမ္းေပးပုံေတြ သင္ၾကားေပးရမွာျဖစ္လို႔ လုပ္ငန္းစဥ္ေတြက အရႈပ္ေထြးေတာ့ရွိေနေၾကာင္း ဂ်န္စတိုတန္ဘတ္ခ်္ကေျပာပါတယ္။ ႐ုရွားဘက္ကေတာ့ ယူကရိန္းကို ပက္ထရီေယာ့ဒုံးက်ည္မ်ား ကူညီေပးမယ့္ အစီအစဥ္ကို ကန႔္ကြက္ထားသလို ေနတိုးအုပ္စုဝင္ႏိုင္ငံေတြရဲ႕တပ္ဖြဲ႕ေတြကူညီေထာက္ပံ့ေပးမွာကိုပါ သတိေပးေျပာဆိုထားေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.