မြန်မာနိုင်ငံရဲ့ဒီမိုကရက်တစ်လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

 587

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဘာတွေပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ်လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက "မြန်မာနိုင်ငံရဲ့ကိစ္စဟာ လက်ရှိအချိန်မှာ ပြဿနာတစ်ခုလိုဖြစ်နေပြီး ပုံမှန်အတိုင်းမဟုတ်တော့ဘူး၊ စိန်ခေါ်မှုတွေဖြစ်လာခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံရေးအခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ်လုပ်ငန်းစဉ်များကို ကူညီပေးသွားမှာဖြစ်ပါတယ်" လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အ နောက်အုပ်စုနိုင်ငံတွေဟာ နစကကို ပိတ်ဆို့မှုများချမှတ်ခဲ့သလို အိန္ဒိယကိုလည်း ၄င်းတို့လုပ်ဆောင်သလိုမျိုးလုပ်ဆောင်ဖို့ ဖိအားပေးခဲ့ပေမယ့် အိန္ဒိယအစိုးရက နစကနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ရောက်ရှိလာတဲ့ အင်ဒိုနီးရှားနိုင်ငံရေး၊ လူအခွင့်အရေး၊ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရေး ပြဿနာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယအစိုးရဟာ လက်ရှိအချိန်မှာ အိန္ဒိယနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတို့နဲ့ကုန်သွယ်ရေး၊ စီးပွားရေး၊ အပြန်အလှန်ဆက်ဆံရေးပိုမိုကောင်း မွန်အောင်လုပ်ဆောင်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အိန္ဒိယသတင်းတွေကဖော်ပြပါတယ်။

zawgyi version
ျမန္မာႏိုင္ငံရဲ႕ဒီမိုကရက္တစ္လုပ္ငန္းစဥ္မ်ားကို ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္းအိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေန ဘာေတြပဲျဖစ္ျဖစ္ အိႏၵိယႏိုင္ငံက ျမန္မာႏိုင္ငံရဲ႕ ဒီမိုကရက္တစ္လုပ္ငန္းစဥ္မ်ားကို ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Jaishankar ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက "ျမန္မာႏိုင္ငံရဲ႕ကိစၥဟာ လက္ရွိအခ်ိန္မွာ ျပႆနာတစ္ခုလိုျဖစ္ေနၿပီး ပုံမွန္အတိုင္းမဟုတ္ေတာ့ဘူး၊ စိန္ေခၚမႈေတြျဖစ္လာခဲ့တယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံဟာ အိႏၵိယရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံေရးအေျခအေန ဘယ္လိုပဲျဖစ္ေနပါေစ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကရက္တစ္လုပ္ငန္းစဥ္မ်ားကို ကူညီေပးသြားမွာျဖစ္ပါတယ္" လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့အ ေနာက္အုပ္စုႏိုင္ငံေတြဟာ နစကကို ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့သလို အိႏၵိယကိုလည္း ၄င္းတို႔လုပ္ေဆာင္သလိုမ်ိဳးလုပ္ေဆာင္ဖို႔ ဖိအားေပးခဲ့ေပမယ့္ အိႏၵိယအစိုးရက နစကနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အိႏၵိယႏိုင္ငံကို ေရာက္ရွိလာတဲ့ အင္ဒိုနီးရွားႏိုင္ငံေရး၊ လူအခြင့္အေရး၊ ဥပေဒေရးရာပူးေပါင္းေဆာင္႐ြက္မႈ ဝန္ႀကီးနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ျမန္မာႏိုင္ငံေရး ျပႆနာကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယအစိုးရဟာ လက္ရွိအခ်ိန္မွာ အိႏၵိယနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ျမန္မာ၊ ဘဂၤလားေဒရွ႕္ႏိုင္ငံတို႔နဲ႔ကုန္သြယ္ေရး၊ စီးပြားေရး၊ အျပန္အလွန္ဆက္ဆံေရးပိုမိုေကာင္း မြန္ေအာင္လုပ္ေဆာင္သြားဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ အိႏၵိယသတင္းေတြကေဖာ္ျပပါတယ္။

Related news

© 2021. All rights reserved.