တကောင်းတောင်ဒေသ၌ နစကနှင့် တရုတ်ကုမ္ပဏီတို့ ဖယ်ရိုနီကယ်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် သဘောတူ စာချုပ်ချုပ်ဆို

 915

ပုံစာ - ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းတောင် နီကယ်စက်ရုံ

NP News - နိုဝင်ဘာ ၃ဝ

တကောင်းတောင်ဒေသ၌ နစက၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီ တစ်ခုတို့ ဖယ်ရိုနီကယ်ထုတ်လုပ်မှုလုပ် ငန်းဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖယ်ရိုနီကယ်ထုတ်လုပ်မှုလုပ်ငန်းကို မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းတောင်ဒေသ၌ ဆောင်ရွက်မည်ဖြစ် ကြောင်း ဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

၎င်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာန၏ အမှတ်(၁)သတ္တုတွင်းလုပ် ငန်းနှင့် တရုတ်နိုင်ငံ၊ Myanmar CNMC Nickel Co.,Ltd(M CNICO) တို့ သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

သဘောတူစာချုပ်အရ ထုတ်လုပ်မှုအပေါ်တွင် ခွဲဝေခံစားသည့်စနစ်ဖြင့် ဖယ်ရိုနီကယ်ထုတ်လုပ်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

အထက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လက်ရှိတွင် တရုတ်ကုမ္ပဏီဘက်မှ ကိုယ်စားလှယ်(၄)ဦးနှင့် မြန်မာဘက်မှ ကိုယ်စား လှယ်(၅)ဦးပါဝင်သည့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီ(JMC)ကို ဖွဲ့စည်းကာ တာဝန် ပေးအပ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

စစ်ကိုင်းတိုင်းသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များကို တော်လှန်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့သော တိုင်းတစ်ခုလည်း ဖြစ်သည်။

zawgyi version
တေကာင္းေတာင္ေဒသ၌ နစကႏွင့္ တ႐ုတ္ကုမၸဏီတို႔ ဖယ္႐ိုနီကယ္ထုတ္လုပ္မႈလုပ္ငန္းေဆာင္႐ြက္ရန္ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆို
NP News - ႏိုဝင္ဘာ ၃ဝ

တေကာင္းေတာင္ေဒသ၌ နစက၏ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနႏွင့္ တ႐ုတ္ႏိုင္ငံမွ ကုမၸဏီ တစ္ခုတို႔ ဖယ္႐ိုနီကယ္ထုတ္လုပ္မႈလုပ္ ငန္းေဆာင္႐ြက္ရန္ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ ဖယ္႐ိုနီကယ္ထုတ္လုပ္မႈလုပ္ငန္းကို မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္ႏွင့္ စစ္ကိုင္းတိုင္း၊ ထီးခ်ိဳင့္ၿမိဳ႕နယ္ရွိ တေကာင္းေတာင္ေဒသ၌ ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း ဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

၎လုပ္ငန္းမ်ားေဆာင္႐ြက္ရန္အတြက္ ဝန္ႀကီးဌာန၏ အမွတ္(၁)သတၱဳတြင္းလုပ္ ငန္းႏွင့္ တ႐ုတ္ႏိုင္ငံ၊ Myanmar CNMC Nickel Co.,Ltd(M CNICO) တို႔ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

သေဘာတူစာခ်ဳပ္အရ ထုတ္လုပ္မႈအေပၚတြင္ ခြဲေဝခံစားသည့္စနစ္ျဖင့္ ဖယ္႐ိုနီကယ္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း သိရသည္။

အထက္ပါလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္အတြက္ လက္ရွိတြင္ တ႐ုတ္ကုမၸဏီဘက္မွ ကိုယ္စားလွယ္(၄)ဦးႏွင့္ ျမန္မာဘက္မွ ကိုယ္စား လွယ္(၅)ဦးပါဝင္သည့္ ပူးတြဲစီမံခန႔္ခြဲေရးေကာ္မတီ(JMC)ကို ဖြဲ႕စည္းကာ တာဝန္ ေပးအပ္ထားၿပီးျဖစ္ေၾကာင္း ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

စစ္ကိုင္းတိုင္းသည္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို ေတာ္လွန္တိုက္ခိုက္မႈ အမ်ားဆုံးျဖစ္ပြားခဲ့ေသာ တိုင္းတစ္ခုလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.