ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော ကားအက်ဆီးဒန့်တွင် မြန်မာနိုင်ငံသားများ သေဆုံးခဲ့

 762

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

မြန်မာအလုပ်သမားများ စီးနင်းလာသည့် ဘက်စ်ကားတစ်စီးသည် နိုဝင်ဘာလ ၂၉ ရက်၊ ညပိုင်းက ထိုင်းနိုင်ငံရှိ တောင်ကြားလမ်းဘေး ချောက်ထဲသို့ ထိုးကျသွားခဲ့ရာ ကားပေါ်လိုက်ပါလာသူ မြန်မာအလုပ်သမား သုံးဦး သေဆုံး ကာ ၄၄ ဦး ဒဏ်ရာရသွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ကားပေါ်တွင် မြန်မာနိုင်ငံသား ၄၇ ဦး စီးနင်းလိုက်ပါခဲ့ကာ မဲဆောက်ဒေသမှ ဆောင်ခလာဒေသ ဟတ်ရိုင်ရှိ စက်ရုံ သို့ သွားရောက်ခြင်းဖြစ်ကြောင်း Doi Ruak အရောက်တွင် တောင်ကွေ့ကြောလမ်းမှာ အက်ဆီးဒန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

ယာဉ်မောင်းသမားသည် အရှိန်ဖြင့်မောင်းလာခဲ့ပြီး တောင်စောင်းအကွေ့နား ရောက်ရှိချိန်တွင် ကားဘရိတ်နင်းရာ ဘရိတ်မမိတော့ဘဲ အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်သွားခဲ့ကြောင်း၊ လမ်းပေါ်ရှိ အတားအဆီးများကိုလည်း ဝင်တိုက်မိကာ ကားလမ်ဘေးရှိ တောင်ကြားထဲ ကျရောက်သွားခဲ့ကြောင်း ထိုင်းသတင်းများက ဆိုသည်။

အဆိုပါ ကားအက်ဆီဒန့်ဖြစ်ပွားသည့်နေရာကို တက်ခရိုင်ဒေသရှိ မြန်မာကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများလည်း ရောက်ရှိလာပြီး လိုအပ်သည့်အကူအညီများ ပေးခဲ့ကြောင်းသိရသည်။ ကားအက်ဆီးဒန့်ဖြစ်ပွားသည့်နေရာသို့ ထိုင်းအာဏာပိုင်အဖွဲ့အပြင် ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူများကို အရေးပေါ်ဆေးရုံတင်ပို့ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရသူများကို ဆေးရုံသို့တင်ပို့ရန် ကြိုးပမ်းခဲ့ကြောင်း၊ ဒဏ်ရာရသူများထဲတွင် မြန်မာစက်ရုံအလုပ်သမား အမျိုးသား၊ အမျိုးသမီး ပါဝင်ပြီး၊ အချို့က ချောက်ထဲကျရောက်ခဲ့တဲ့ ကားထဲတွင် ပိတ်မိနေကာ ငိုကြွေးနေကြောင်း ဆိုသည်။ အဆိုပါမြန်မာနိုင်ငံသားများသည် ထိုင်းအစိုးရနှင့် မြန်မာအစိုးရကြား MOU စနစ်ဖြင့် တရားဝင် အလုပ်လာရောက်လုပ်ကိုင်နေသူများဖြစ်ပြီး အကူအညီပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများ က ဆိုသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ ျဖစ္ပြားခဲ့ေသာ ကားအက္ဆီးဒန႔္တြင္ ျမန္မာႏိုင္ငံသားမ်ား ေသဆုံးခဲ့
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

ျမန္မာအလုပ္သမားမ်ား စီးနင္းလာသည့္ ဘက္စ္ကားတစ္စီးသည္ ႏိုဝင္ဘာလ ၂၉ ရက္၊ ညပိုင္းက ထိုင္းႏိုင္ငံရွိ ေတာင္ၾကားလမ္းေဘး ေခ်ာက္ထဲသို႔ ထိုးက်သြားခဲ့ရာ ကားေပၚလိုက္ပါလာသူ ျမန္မာအလုပ္သမား သုံးဦး ေသဆုံး ကာ ၄၄ ဦး ဒဏ္ရာရသြားခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ကားေပၚတြင္ ျမန္မာႏိုင္ငံသား ၄၇ ဦး စီးနင္းလိုက္ပါခဲ့ကာ မဲေဆာက္ေဒသမွ ေဆာင္ခလာေဒသ ဟတ္႐ိုင္ရွိ စက္႐ုံ သို႔ သြားေရာက္ျခင္းျဖစ္ေၾကာင္း Doi Ruak အေရာက္တြင္ ေတာင္ေကြ႕ေၾကာလမ္းမွာ အက္ဆီးဒန႔္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္မ်ား၏ စုံစမ္းစစ္ေဆးမႈမ်ားအရ သိရသည္။

ယာဥ္ေမာင္းသမားသည္ အရွိန္ျဖင့္ေမာင္းလာခဲ့ၿပီး ေတာင္ေစာင္းအေကြ႕နား ေရာက္ရွိခ်ိန္တြင္ ကားဘရိတ္နင္းရာ ဘရိတ္မမိေတာ့ဘဲ အရွိန္မထိန္းႏိုင္ျဖစ္ကာ တိမ္းေမွာက္သြားခဲ့ေၾကာင္း၊ လမ္းေပၚရွိ အတားအဆီးမ်ားကိုလည္း ဝင္တိုက္မိကာ ကားလမ္ေဘးရွိ ေတာင္ၾကားထဲ က်ေရာက္သြားခဲ့ေၾကာင္း ထိုင္းသတင္းမ်ားက ဆိုသည္။

အဆိုပါ ကားအက္ဆီဒန႔္ျဖစ္ပြားသည့္ေနရာကို တက္ခ႐ိုင္ေဒသရွိ ျမန္မာေကာင္စစ္ဝန္႐ုံးမွ တာဝန္ရွိသူမ်ားလည္း ေရာက္ရွိလာၿပီး လိုအပ္သည့္အကူအညီမ်ား ေပးခဲ့ေၾကာင္းသိရသည္။ ကားအက္ဆီးဒန႔္ျဖစ္ပြားသည့္ေနရာသို႔ ထိုင္းအာဏာပိုင္အဖြဲ႕အျပင္ ကူညီကယ္ဆယ္ေရးအဖြဲ႕မ်ား ေရာက္ရွိလာခဲ့ၿပီး ဒဏ္ရာရသူမ်ားကို အေရးေပၚေဆး႐ုံတင္ပို႔ခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ထိုင္းကယ္ဆယ္ေရးအဖြဲ႕မ်ားက ဒဏ္ရာရသူမ်ားကို ေဆး႐ုံသို႔တင္ပို႔ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း၊ ဒဏ္ရာရသူမ်ားထဲတြင္ ျမန္မာစက္႐ုံအလုပ္သမား အမ်ိဳးသား၊ အမ်ိဳးသမီး ပါဝင္ၿပီး၊ အခ်ိဳ႕က ေခ်ာက္ထဲက်ေရာက္ခဲ့တဲ့ ကားထဲတြင္ ပိတ္မိေနကာ ငိုေႂကြးေနေၾကာင္း ဆိုသည္။ အဆိုပါျမန္မာႏိုင္ငံသားမ်ားသည္ ထိုင္းအစိုးရႏွင့္ ျမန္မာအစိုးရၾကား MOU စနစ္ျဖင့္ တရားဝင္ အလုပ္လာေရာက္လုပ္ကိုင္ေနသူမ်ားျဖစ္ၿပီး အကူအညီေပးႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း ထိုင္းအစိုးရတာဝန္ရွိသူမ်ား က ဆိုသည္။

Related news

© 2021. All rights reserved.