ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း၌ အရှည် (၅၅၄)မီတာရှိသည့် Sky Cable ကိုတည် ဆောက်နေပြီး မကြာမီ ဖွင့်လှစ်မည်

 1427

ပုံစာ - ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းရှိ ပထမဆုံး LED မှန်တံတား

မျိုးကြီး (NP News) - ဒီဇင်ဘာ ၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း၌ အရှည် (၅၅၄) မီတာရှိသည့် Sky Cable ကိုတည်ဆောက်နေပြီး မကြာမီတွင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုရက်ပိုင်းအတွင်း ပြင် လွင်ဦးမြို့ရှိ ပွဲကောက်ရေတံခွန်၌ ဆောင်ရွက်နေသည့်လုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင်ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း နစကအကြီးအကဲက ဆိုသည်။

ထို့ကြောင့် လက်ရှိတွင် ပွဲကောက်ရေတံခွန်အား အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအပန်းဖြေစခန်းအတွင်း၌ ရေတံခွန် (၃)ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ထည့်သွင်းဆောက်လုပ်ထားကာ အောက်ခြေရှုခင်းများကို ခံစားနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အပန်းဖြေစခန်း၌ မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်း လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများကို ထည့်သွင်းကာ အဆင့်မြှင့်တင်ထားကြောင်း သိရသည်။

၎င်းအပြင် လက်ရှိတွင် အရှည် (၅၅၄)မီတာရှိသည့် Sky Cable ကိုလည်း တည် ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားသည်။

ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၎င်းက ဆိုသည်။

zawgyi version
ပြဲေကာက္ေရတံခြန္အပန္းေျဖစခန္း၌ အရွည္ (၅၅၄)မီတာရွိသည့္ Sky Cable ကိုတည္ ေဆာက္ေနၿပီး မၾကာမီ ဖြင့္လွစ္မည္
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၃

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕ရွိ ပြဲေကာက္ေရတံခြန္အပန္းေျဖစခန္း၌ အရွည္ (၅၅၄) မီတာရွိသည့္ Sky Cable ကိုတည္ေဆာက္ေနၿပီး မၾကာမီတြင္ ဖြင့္လွစ္သြားမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယခုရက္ပိုင္းအတြင္း ျပင္ လြင္ဦးၿမိဳ႕ရွိ ပြဲေကာက္ေရတံခြန္၌ ေဆာင္႐ြက္ေနသည့္လုပ္ငန္းမ်ားကို သြားေရာက္စစ္ေဆးခဲ့ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ပြဲေကာက္ေရတံခြန္သည္ ယခင္က စနစ္က်သည့္ အကြက္ခ်မႈမရွိျခင္း၊ ေဈးဆိုင္ခန္းမ်ား မ်ားျပားလာျခင္း၊ စည္းကမ္းမဲ့အမႈိက္စြန႔္ပစ္ျခင္း၊ သစ္ပင္မ်ားခုတ္လွဲျခင္းမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ႏွင့္ ေဂဟစနစ္ပ်က္စီးယိုယြင္းမႈမ်ား ျဖစ္ေပၚလာခဲ့ေၾကာင္း နစကအႀကီးအကဲက ဆိုသည္။

ထို႔ေၾကာင့္ လက္ရွိတြင္ ပြဲေကာက္ေရတံခြန္အား အဆင့္ျမႇင့္တင္ျပဳျပင္ထိန္းသိမ္းျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါအပန္းေျဖစခန္းအတြင္း၌ ေရတံခြန္ (၃)ခုရွိၿပီး ျမန္မာႏိုင္ငံတြင္ ပထမဆုံး LED မွန္တံတားကိုလည္း ထည့္သြင္းေဆာက္လုပ္ထားကာ ေအာက္ေျခရႈခင္းမ်ားကို ခံစားႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

အပန္းေျဖစခန္း၌ မွန္တံတား၊ ႀကိဳးတံတားမ်ားအျပင္ log house၊ coffee shop၊ ေတာတြင္း ေလွ်ာက္လမ္းမ်ား၊ အပန္းေျဖေနရာမ်ား၊ ကေလးကစားကြင္းမ်ားကို ထည့္သြင္းကာ အဆင့္ျမႇင့္တင္ထားေၾကာင္း သိရသည္။

၎အျပင္ လက္ရွိတြင္ အရွည္ (၅၅၄)မီတာရွိသည့္ Sky Cable ကိုလည္း တည္ ေဆာက္လ်က္ရွိၿပီး မၾကာမီအခ်ိန္အတြင္း ဖြင့္လွစ္ႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာဆိုထားသည္။

ျပင္ဦးလြင္ၿမိဳ႕သည္ ပန္းၿမိဳ႕ေတာ္၊ ခရီးသြားၿမိဳ႕ေတာ္ျဖစ္သည္ႏွင့္အညီ ပန္းမ်ိဳးစုံကို စိုက္ပ်ိဳးထားရွိၿပီး ႏွစ္စဥ္ပန္းပြဲေတာ္မ်ားကိုလည္း က်င္းပျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း၎က ဆိုသည္။

Related news

© 2021. All rights reserved.