One Championship ချန်ပီယံ ရိုင်နီယာ ဒါရစ်ဒါ ကစားသမားဘဝအတွင်း ပထမဆုံး ရှုံးပွဲကိုတွေ့ကြုံခဲ့

7885

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃
ရုရှားနာမည်ကျော်တိုက်ခိုက်ရေးသမား အနာတိုလီမာလီခင်ဟာ ဒီဇင်ဘာလ ၃ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ONE on Prime Video 5 ပွဲစဉ်မှာ လိုက်ဟဲဗီးဝိတ်တန်းလက်ရှိချန်ပီယံ ရိုင်နီယာ ဒီရစ်ဒါကို အလဲထိုးပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ကြောင်းသိရပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ One Championship ဟဲဗီးဝိတ်တန်း ယာယီချန်ပီယံဆု မာလီခင်နဲ့ ရိုင်နီယာတို့ရဲ့ ONE on Prime Video 5 ပွဲစဉ်မှာ အဓိကတွဲဆိုင်းအဖြစ်ပါဝင်ခဲ့ပြီး အကြိတ်အနှယ်ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ မာလီခင်ဟာ အဆိုပါပွဲစဉ်မှာ နပန်းချုပ်ကွက်တွေကို အဓိကထား ယှဉ်ပြိုင်ကာချန်ပီယံဆုတွေရယူထားနိုင်တဲ့ ရိုင်နီယာဒီရစ်ဒါကို လက်ရည်အသာနဲ့ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့ပြီး ချုပ်ကွက်တွေဟာ ဒီပွဲစဉ်မှာမျှော်လင့်သလောက် အလုပ်မဖြစ်ခဲ့တဲ့အတွက် ရိုင်နီယာလည်း ကစားသမားဘဝအတွင်း ပထမဆုံး ရှုံးပွဲကိုတွေ့ကြုံခဲ့ရပါတယ်။
ရိုင်နီယာဟာ မာလီခင်ကို ယှဉ်မထိုးသတ်နိုင်ဘဲ ချုပ်ကွက် နဲ့ အသာယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မာလီခင်ရဲ့အားပါပြင်းထန်တဲ့ထိုးချက်တွေက ဒီရစ်ဒါကို အခက်အခဲများစွာဖြစ်ခဲ့ရပြီး ပထမအချီပွဲချိန် ၄ မီနစ်ကျော်မှာ မာလီခင်က ရိုင်နီယာဒီရစ်ဒါကို အလဲထိုးအနိုင်ရကာ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကို ရရှိခဲ့ပါတယ်။ မာလီခင်ဟာ ကစားသမားဘဝအတွင်း MMA ပွဲပေါင်း (၁၂)ပွဲမှာ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး One Championship ဟဲဗီးဝိတ်တန်း ယာယီချန်ပီယံဆုနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရိုင်နီယာဒီရစ်ဒါကတော့ မာလီခင်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် သူရဲ့တိုက်ခိုက်ရေးကစားသမားဘဝအတွင်း ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်ခဲ့ရကာ အောင်လအန်ဆန်ကိုအနိုင်ရကာ သိမ်းပိုက်ထားတဲ့ ချန်ပီယံခါးပတ်နှစ်ခုအနက် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကို စွန့်လွှတ်လိုက်ရပါတယ်။

zawgyi version
One Championship ခ်န္ပီယံ ႐ိုင္နီယာ ဒါရစ္ဒါ ကစားသမားဘဝအတြင္း ပထမဆုံး ရႈံးပြဲကိုေတြ႕ႀကဳံခဲ့
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃
႐ုရွားနာမည္ေက်ာ္တိုက္ခိုက္ေရးသမား အနာတိုလီမာလီခင္ဟာ ဒီဇင္ဘာလ ၃ ရက္က ယွဥ္ၿပိဳင္ခဲ့တဲ့ ONE on Prime Video 5 ပြဲစဥ္မွာ လိုက္ဟဲဗီးဝိတ္တန္းလက္ရွိခ်န္ပီယံ ႐ိုင္နီယာ ဒီရစ္ဒါကို အလဲထိုးၿပီး ခ်န္ပီယံဆုကို ရရွိသြားခဲ့ေၾကာင္းသိရပါတယ္။
အသက္ ၃၄ ႏွစ္အ႐ြယ္ရွိ One Championship ဟဲဗီးဝိတ္တန္း ယာယီခ်န္ပီယံဆု မာလီခင္နဲ႔ ႐ိုင္နီယာတို႔ရဲ႕ ONE on Prime Video 5 ပြဲစဥ္မွာ အဓိကတြဲဆိုင္းအျဖစ္ပါဝင္ခဲ့ၿပီး အႀကိတ္အႏွယ္ယွဥ္ၿပိဳင္တိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။ မာလီခင္ဟာ အဆိုပါပြဲစဥ္မွာ နပန္းခ်ဳပ္ကြက္ေတြကို အဓိကထား ယွဥ္ၿပိဳင္ကာခ်န္ပီယံဆုေတြရယူထားႏိုင္တဲ့ ႐ိုင္နီယာဒီရစ္ဒါကို လက္ရည္အသာနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ႏိုင္ခဲ့ၿပီး ခ်ဳပ္ကြက္ေတြဟာ ဒီပြဲစဥ္မွာေမွ်ာ္လင့္သေလာက္ အလုပ္မျဖစ္ခဲ့တဲ့အတြက္ ႐ိုင္နီယာလည္း ကစားသမားဘဝအတြင္း ပထမဆုံး ရႈံးပြဲကိုေတြ႕ႀကဳံခဲ့ရပါတယ္။
႐ိုင္နီယာဟာ မာလီခင္ကို ယွဥ္မထိုးသတ္ႏိုင္ဘဲ ခ်ဳပ္ကြက္ နဲ႔ အသာယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မာလီခင္ရဲ႕အားပါျပင္းထန္တဲ့ထိုးခ်က္ေတြက ဒီရစ္ဒါကို အခက္အခဲမ်ားစြာျဖစ္ခဲ့ရၿပီး ပထမအခ်ီပြဲခ်ိန္ ၄ မီနစ္ေက်ာ္မွာ မာလီခင္က ႐ိုင္နီယာဒီရစ္ဒါကို အလဲထိုးအႏိုင္ရကာ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္ကို ရရွိခဲ့ပါတယ္။ မာလီခင္ဟာ ကစားသမားဘဝအတြင္း MMA ပြဲေပါင္း (၁၂)ပြဲမွာ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းထားႏိုင္ခဲ့ၿပီး One Championship ဟဲဗီးဝိတ္တန္း ယာယီခ်န္ပီယံဆုနဲ႔ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံဆုေတြကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
႐ိုင္နီယာဒီရစ္ဒါကေတာ့ မာလီခင္ကို ရႈံးနိမ့္ခဲ့တဲ့အတြက္ သူရဲ႕တိုက္ခိုက္ေရးကစားသမားဘဝအတြင္း ပထမဆုံး ရႈံးပြဲကို ရင္ဆိုင္ခဲ့ရကာ ေအာင္လအန္ဆန္ကိုအႏိုင္ရကာ သိမ္းပိုက္ထားတဲ့ ခ်န္ပီယံခါးပတ္ႏွစ္ခုအနက္ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္ကို စြန႔္လႊတ္လိုက္ရပါတယ္။