တမူးမြို့နယ်ရှိ ကားလမ်းမပေါ်၌ အမျိုးသမီးငယ်တစ်ဦးအား ဒလန်ဟုစွပ်စွဲကာ ညှင်းပန်းနှိပ်စက်ပြီး သေနတ်ဖြင့် ပစ်သတ်သည့် ရုပ်သံဖိုင် လူမှုကွန်ယက်၌ ပျံ့နှံ့

 4103

NP News - ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကားလမ်းမပေါ်၌ အမျိုးသမီးငယ်တစ်ဦးအား ဒလန်ဟုစွပ်စွဲကာ ညှင်းပန်းနှိပ်စက်ပြီး သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သည့်ရုပ်သံဖိုင် လူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိနေသည်။

အဆိုပါဖြစ်စဉ်မှာ တမူးမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းရုပ်သံဖိုင်မှာ ယခုရက်ပိုင်းအတွင်း လူမှုကွန်စာမျက်နှာများ၌ ပျံ့နှံလာခြင်းလည်း ဖြစ်သည်။

၎င်းရုပ်သံဖိုင်၌ အမျိုးသမီးငယ်တစ်ဦးအား သေနတ်များကိုင်ဆောင်ထားသည့် လူအုပ်စုက အများပြည်သူသွားလာနေသည့် လမ်းမပေါ်တွင် ပထမဦးစွာ လက်ထိပ်ခတ်ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ညှင်းပန်းနှိပ်စက်နေ သည်ကို တွေ့ရှိရသည်။

အဆိုပါအမျိုးသမီးငယ်သည် မလုပ်ပါဘူးဟု ငိုယိုပြောဆိုကာ ရှစ်ခိုးတောင်းပန်မှုများပြုလုပ်နေသော်လည်း မျက်နှာအား လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးခြင်း၊ ပါးပြင်အား ရိုက်နှက်ခြင်းတို့ကို အကြိမ်ကြိမ်ခံခဲ့ရကြောင်း တွေ့မြင်ရသည်။

ထို့နောက်တွင် လက်နက်ကိုင်ဆောင်ထားသူများက အမျိုးသမီးငယ်၏ မျက်လုံးအား အနက်ရောင် Mask ဖြင့် ဖုံးအုပ်ပြီးနောက် “ကျွန်မ ဒလန်လုပ်မိလို့ပါဟု” အော်ရန် ရိုက်နှက်ကာ ဖိအားပေးပြောဆိုခိုင်းခဲ့ကြောင်း တွေ့ရသည်။

ယင်းရုပ်သံဖိုင်အတွင်း အမျိုးသမီးငယ်မှာ “မလုပ်တာကို ဘယ်လိုအော်ရမှာလဲ အစ်မရယ်” ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်ကို ကြားခဲ့ရသည်။

ထို့နောက် အမျိုးသမီးငယ်အား လက်ထိပ်ဖြုတ်ပေးလိုက်ကာ ကားလမ်းမပေါ် အလယ်ခေါင်သို့ ခေါ်ဆောင်သွားပြီး ဒူးထောက်ခိုင်းခဲ့ကြောင်း တွေ့ရသည်။

ထိုသို့ ဒူးထောက်ခိုင်းခဲ့ပြီးနောက် လက်နှစ်ဖက်အား ဦးခေါင်းပေါ်သို့ တင်ခိုင်းခဲ့ရာ လက်နက်ကိုင်အုပ်စုအတွင်းမှ လူတစ်ဦးက သေနတ်ဖြင့် ပထမဆုံးတစ်ချက် ပစ်ခတ်ခဲ့ပြီး အမျိုးသမီးငယ်မှာ လဲကျသွားစဉ်အချိန်တွင် နောက် ထပ် (၄)ချက်ခန့် ထပ်မံပစ်ခတ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်ကိုင်အုပ်စု၏ လုပ်ရပ်အပေါ် လူမှုကွန်ယက်စာမျက်နှာများတွင် ပြင်းပြင်း ထန်ထန်ဝေဖန်ရှုတ်ချမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံရသည့် အမျိုးသမီး အမည်မှာ မအေးမာထွန်းဖြစ်ပြီး လက်ရှိတွင် အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်ကာ တမူးမြို့၌ စာသင်ပေးနေသည့် ပညာ ရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သိရသည်။

မအေးမာထွန်းအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်တွင် တမူးမြို့ရှောင်လမ်းမပေါ်၌ တမူး PDF တပ်ရင်း ၄ ကသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
တမူးၿမိဳ႕နယ္ရွိ ကားလမ္းမေပၚ၌ အမ်ိဳးသမီးငယ္တစ္ဦးအား ဒလန္ဟုစြပ္စြဲကာ ညႇင္းပန္းႏွိပ္စက္ၿပီး ေသနတ္ျဖင့္ ပစ္သတ္သည့္ ႐ုပ္သံဖိုင္ လူမႈကြန္ယက္၌ ပ်ံ႕ႏွံ႔
NP News - ဒီဇင္ဘာ ၃

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္ရွိ ကားလမ္းမေပၚ၌ အမ်ိဳးသမီးငယ္တစ္ဦးအား ဒလန္ဟုစြပ္စြဲကာ ညႇင္းပန္းႏွိပ္စက္ၿပီး ေသနတ္ျဖင့္ ရက္စက္စြာ ပစ္ခတ္သည့္႐ုပ္သံဖိုင္ လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ပ်ံ႕ႏွံ႔လ်က္ရွိေနသည္။

အဆိုပါျဖစ္စဥ္မွာ တမူးၿမိဳ႕၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရၿပီး ၎႐ုပ္သံဖိုင္မွာ ယခုရက္ပိုင္းအတြင္း လူမႈကြန္စာမ်က္ႏွာမ်ား၌ ပ်ံ႕ႏွံလာျခင္းလည္း ျဖစ္သည္။

၎႐ုပ္သံဖိုင္၌ အမ်ိဳးသမီးငယ္တစ္ဦးအား ေသနတ္မ်ားကိုင္ေဆာင္ထားသည့္ လူအုပ္စုက အမ်ားျပည္သူသြားလာေနသည့္ လမ္းမေပၚတြင္ ပထမဦးစြာ လက္ထိပ္ခတ္ၿပီး စစ္ေဆးေမးျမန္းမႈမ်ားျပဳလုပ္ကာ ညႇင္းပန္းႏွိပ္စက္ေန သည္ကို ေတြ႕ရွိရသည္။

အဆိုပါအမ်ိဳးသမီးငယ္သည္ မလုပ္ပါဘူးဟု ငိုယိုေျပာဆိုကာ ရွစ္ခိုးေတာင္းပန္မႈမ်ားျပဳလုပ္ေနေသာ္လည္း မ်က္ႏွာအား လက္သီးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးျခင္း၊ ပါးျပင္အား ႐ိုက္ႏွက္ျခင္းတို႔ကို အႀကိမ္ႀကိမ္ခံခဲ့ရေၾကာင္း ေတြ႕ျမင္ရသည္။

ထို႔ေနာက္တြင္ လက္နက္ကိုင္ေဆာင္ထားသူမ်ားက အမ်ိဳးသမီးငယ္၏ မ်က္လုံးအား အနက္ေရာင္ Mask ျဖင့္ ဖုံးအုပ္ၿပီးေနာက္ “ကြၽန္မ ဒလန္လုပ္မိလို႔ပါဟု” ေအာ္ရန္ ႐ိုက္ႏွက္ကာ ဖိအားေပးေျပာဆိုခိုင္းခဲ့ေၾကာင္း ေတြ႕ရသည္။

ယင္း႐ုပ္သံဖိုင္အတြင္း အမ်ိဳးသမီးငယ္မွာ “မလုပ္တာကို ဘယ္လိုေအာ္ရမွာလဲ အစ္မရယ္” ဟု ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့သည္ကို ၾကားခဲ့ရသည္။

ထို႔ေနာက္ အမ်ိဳးသမီးငယ္အား လက္ထိပ္ျဖဳတ္ေပးလိုက္ကာ ကားလမ္းမေပၚ အလယ္ေခါင္သို႔ ေခၚေဆာင္သြားၿပီး ဒူးေထာက္ခိုင္းခဲ့ေၾကာင္း ေတြ႕ရသည္။

ထိုသို႔ ဒူးေထာက္ခိုင္းခဲ့ၿပီးေနာက္ လက္ႏွစ္ဖက္အား ဦးေခါင္းေပၚသို႔ တင္ခိုင္းခဲ့ရာ လက္နက္ကိုင္အုပ္စုအတြင္းမွ လူတစ္ဦးက ေသနတ္ျဖင့္ ပထမဆုံးတစ္ခ်က္ ပစ္ခတ္ခဲ့ၿပီး အမ်ိဳးသမီးငယ္မွာ လဲက်သြားစဥ္အခ်ိန္တြင္ ေနာက္ ထပ္ (၄)ခ်က္ခန႔္ ထပ္မံပစ္ခတ္ခဲ့သည္ကို ေတြ႕ျမင္ခဲ့ရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လက္နက္ကိုင္အုပ္စု၏ လုပ္ရပ္အေပၚ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ျပင္းျပင္း ထန္ထန္ေဝဖန္ရႈတ္ခ်မႈမ်ား ျပဳလုပ္လ်က္ရွိသည္ကို ေတြ႕ျမင္ရသည္။

ထိုသို႔ အၾကမ္းဖက္သတ္ျဖတ္ခံရသည့္ အမ်ိဳးသမီး အမည္မွာ မေအးမာထြန္းျဖစ္ၿပီး လက္ရွိတြင္ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ကာ တမူးၿမိဳ႕၌ စာသင္ေပးေနသည့္ ပညာေရးဝန္ထမ္း ေက်ာင္းဆရာမတစ္ဦးျဖစ္ေၾကာင္း သိရသည္။

မေအးမာထြန္းအား ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၃ ရက္တြင္ တမူးၿမိဳ႕ေရွာင္လမ္းမေပၚ၌ တမူး PDF တပ္ရင္း ၄ ကသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Picture

Htun Aung Kyaw

03/12/2022 23:46

ခွေးလောက်တောင်မှ ဦးနှောက်မရှိတဲ့ အကြမ်းဖက်သမားတွေ၊သူပုန်‌‌တွေ မင်းတို့တွေ ၀ဋ်လည်ပါလိမ့်မယ်။ မင်းတို့ဘ၀အဆက်ဆက်၀ဋ်မခံရဖို့ပဲ ဆုတောင်းနေကြ

Picture

Htun Aung Kyaw

03/12/2022 23:49

မင်းတို့တွေရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ အကြမ်းဖက်စရာနယ်မြေကတဖြေးဖြေး နည်းလာပီလို့သာမှတ်လိုက်တော့၊ ယုတ်ညံ့လွန်းတဲ့ မင်းတို့အကြမ်းဖက်သမားတွေကို အမြစ်ပါမချန် ဖယ်ရှားပေးမယ်

Picture

C.Ronaldo CR7

03/12/2022 22:41

ခွေးတွေ ဝဋ်ဆိုတာ မကြာဘူး အတိုးရောအရင်းရော

Picture

Ko Phyo

03/12/2022 22:03

စိတ် မကောင်းယုံမှတပါး😭😭😭

Picture

Wai Phyo

03/12/2022 23:11

ပြတ်ပြတ်သားသားမလုပ်နိုင်ပဲ ယောင်ဝါးဝါးလုပ်နေတဲ့အတွက်တကယ်တမ်းနစ်နာတာပြည်သူတွေပဲ တိုင်းပြည်ကောင်းဖို့အတွက် လုပ်သင့်တာအကုန်ပြီး နောက်ဆုံးကြိုးစင်တက်ရမယ်ဆိူတောင် လုပ်မယ်ဗျာ ကျွန်တော်လုပ်ပိုင်ခွင့်သာရရင်ပေါ့

Related news

© 2021. All rights reserved.