လှည်းကူးမြို့နယ်အတွင်းရှိ ကွန်ကရစ်လမ်းဘေး၌ သေဆုံးနေသည့် အထောက်အထားမဲ့ အလောင်း(၁၃)လောင်း တွေ့ရှိ
1372
NP News - ဒီဇင်ဘာ ၅
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ ကွန်ကရစ်လမ်းဘေး၌ သေဆုံးနေသည့် အထောက်အထားမဲ့ အလောင်း(၁၃)လောင်းကို သက်ဆိုင်ရာမှ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
လှည်းကူးမြို့နယ်၊ ဘားလားအုပ်စု၊ ဘားလားကျေးရွာရှိ တပင်ရွှေထီးကွန်ကရစ်လမ်းဘေး၌ ယနေ့ (ဒီဇင်ဘာလ ၅ ရက်) ၊ နံနက် ၇ နာရီအချိန်ခန့်တွင် အလောင်း (၁၃)လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘားလားကျေးရွာရှိ သတင်းအရင်းအမြစ် တစ်ဦးက NP News ကို ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ သတင်းပေးပို့ချက်အရ အလောင်း(၁၃)လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့သေဆုံးနေသည့် အလောင်း(၁၃)လောင်းမှာ အမျိုးသားများဖြစ်ပြီး အထောက် အထားမဲ့ ဘင်္ဂါလီများဖြစ်သည်ဟု အထက်ပါသတင်းအရင်းအမြစ်က မှတ် ချက်ပြုပြောဆိုထားသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါအလောင်း(၁၃)လောင်း၏ အနီးပတ်ဝန်းကျင်တွင် တာပေါ်လင်မိုးကာစ၊ ရေသန့်ဗူးအခွံများလည်း တွေ့ရှိခဲ့ရပြီး ၎င်းအလောင်းများကိုလည်း တစ်စုံတစ်ဖွဲ့က လာရောက်စွန့်ပစ်သွားဖွယ်ရှိကြောင်း ၎င်းက သုံးသပ်ပြောဆိုထားသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း အ ခင်းဖြစ်ပွားခဲ့သောနေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ရာတွင် ရေများစိုနေကာ လက်ဖျားများ နူးပွနေသည့် အမျိုးသားအလောင်း (၁၃) လောင်းကို တွေ့ရှိခဲ့ရကြောင်း မီဒီယာများကို ပြောဆိုထားသည်။
လက်ရှိတွင် အဆိုပါအလောင်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်နေကြောင်းလည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှ အသိပေးပြောဆိုထားသည်။
ထို့ပြင် ပြီးခဲ့သောရက်ပိုင်းအတွင်းကလည်း လှည်းကူးမြို့နယ်အတွင်း၌ ရခိုင် ပြည်နယ်ဘက်မှရောက်ရှိလာသည့် အထောက်အထားမဲ့ ဘင်္ဂါလီ (၇ဝ)နီးပါးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့သည် ပွဲစားများမှတစ်ဆင့် ပြည်ပနိုင်ငံသို့ သွားရောက်ရန် ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။
zawgyi version
လွည္းကူးၿမိဳ႕နယ္အတြင္းရွိ ကြန္ကရစ္လမ္းေဘး၌ ေသဆုံးေနသည့္ အေထာက္အထားမဲ့ အေလာင္း(၁၃)ေလာင္း ေတြ႕ရွိ
NP News - ဒီဇင္ဘာ ၅
ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္အတြင္းရွိ ကြန္ကရစ္လမ္းေဘး၌ ေသဆုံးေနသည့္ အေထာက္အထားမဲ့ အေလာင္း(၁၃)ေလာင္းကို သက္ဆိုင္ရာမွ ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
လွည္းကူးၿမိဳ႕နယ္၊ ဘားလားအုပ္စု၊ ဘားလားေက်း႐ြာရွိ တပင္ေ႐ႊထီးကြန္ကရစ္လမ္းေဘး၌ ယေန႔ (ဒီဇင္ဘာလ ၅ ရက္) ၊ နံနက္ ၇ နာရီအခ်ိန္ခန႔္တြင္ အေလာင္း (၁၃)ေလာင္းကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဘားလားေက်း႐ြာရွိ သတင္းအရင္းအျမစ္ တစ္ဦးက NP News ကို ေျပာသည္။
ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦး၏ သတင္းေပးပို႔ခ်က္အရ အေလာင္း(၁၃)ေလာင္းကို ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ယင္းေနာက္ပိုင္းတြင္ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေသဆုံးေနသည့္ အေလာင္း(၁၃)ေလာင္းမွာ အမ်ိဳးသားမ်ားျဖစ္ၿပီး အေထာက္ အထားမဲ့ ဘဂၤါလီမ်ားျဖစ္သည္ဟု အထက္ပါသတင္းအရင္းအျမစ္က မွတ္ ခ်က္ျပဳေျပာဆိုထားေသာ္လည္း NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
အဆိုပါအေလာင္း(၁၃)ေလာင္း၏ အနီးပတ္ဝန္းက်င္တြင္ တာေပၚလင္မိုးကာစ၊ ေရသန႔္ဗူးအခြံမ်ားလည္း ေတြ႕ရွိခဲ့ရၿပီး ၎အေလာင္းမ်ားကိုလည္း တစ္စုံတစ္ဖြဲ႕က လာေရာက္စြန႔္ပစ္သြားဖြယ္ရွိေၾကာင္း ၎က သုံးသပ္ေျပာဆိုထားသည္။
အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕ကလည္း အ ခင္းျဖစ္ပြားခဲ့ေသာေနရာသို႔ နယ္ေျမခံလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ ေဆးခဲ့ရာတြင္ ေရမ်ားစိုေနကာ လက္ဖ်ားမ်ား ႏူးပြေနသည့္ အမ်ိဳးသားအေလာင္း (၁၃) ေလာင္းကို ေတြ႕ရွိခဲ့ရေၾကာင္း မီဒီယာမ်ားကို ေျပာဆိုထားသည္။
လက္ရွိတြင္ အဆိုပါအေလာင္းမ်ားကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ လိုအပ္သည့္ စစ္ေဆးမႈမ်ားကို ေဆာင္႐ြက္ေနေၾကာင္းလည္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ဆိုသည္။
၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျဖစ္စဥ္အမွန္ေပၚေပါက္ေရးအတြက္ ေသမႈေသခင္းဖြင့္လွစ္ကာ လိုအပ္သည္မ်ားကို ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း နစကမွ အသိေပးေျပာဆိုထားသည္။
ထို႔ျပင္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္းကလည္း လွည္းကူးၿမိဳ႕နယ္အတြင္း၌ ရခိုင္ ျပည္နယ္ဘက္မွေရာက္ရွိလာသည့္ အေထာက္အထားမဲ့ ဘဂၤါလီ (၇ဝ)နီးပါးကို ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔သည္ ပြဲစားမ်ားမွတစ္ဆင့္ ျပည္ပႏိုင္ငံသို႔ သြားေရာက္ရန္ ေရာက္ရွိလာသူမ်ားျဖစ္ေၾကာင္း သိရသည္။