KTV တွင် အလုပ်လုပ်သည့် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအား အခန်းအတွင်းသေဆုံးလျက်တွေ့ရှိ

1525

NP News - ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ KTV တစ်ခုတွင် အလုပ်လုပ်ကိုင်သည့် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို နေအိမ်အငှားလိုင်းခန်းအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာလ(၄)ရက်၊ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ အငှားလိုင်းခန်းအတွင်းနေထိုင်သော မိန်းကလေးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုးလူမှုကူညီရေးအသင်းမှ သိရသည်။
“ဖြစ်စဉ်ကတော့ သူတို့အကူအညီတောင်းလို့ ကျွန်တော်တို့သွားတာပါ။ သွားတော့အခန်းထဲမှာ သေနေတာကိုတွေ့ခဲ့ရတယ်။ ဒီတော့ ရဲတွေဘာတွေ အကြောင်းကြားရတယ်” ဟု ဦးလှမိုးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးခဲ့သည့် မိန်းကလေး၏ အလောင်းကို တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးရှိရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူတွင် ပြင်ပဒဏ်ရာများမတွေ့ခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေ(၅)နာရီအချိန်ခန့်တွင် သေဆုံးသူ၏ရုပ်အလောင်းအား ဆေးရုံကြီးရင်ခွဲရုံမှ သဂြိုလ်ရန်အတွက် မဟာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုန်းကြီး ကျောင်းအတွင်းရှိ နာရေးဆောင်သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိန်းကလေးသည် မိုင်းယောင်းမြို့တွင် နေထိုင်သူ နန်းအွန်ကျောက်(၁၇)နှစ်ဖြစ်ပြီး နေအိမ်အငှားလိုင်းခန်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း အဆိုပါလူမှုကူညီရေးအသင်းထံမှ သိရသည်။
“သေသွားတဲ့ ကောင်မလေးက မိုင်းယောင်းကလို့သိရပါတယ်။ ဒီမှာအလုပ်လာလုပ်တာပါ။ သူဆုံးတော့မှ မိဘတွေက လိုက်လာတာပါ။ KTV မှာ လုပ်တာလို့ပြောတယ်ဗျ” ဟု ၎င်းမှဆက်လက်ပြောသည်။

Zawgyi Version;
KTV တြင္ အလုပ္လုပ္သည့္ (၁၇)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးအား အခန္းအတြင္းေသဆုံးလ်က္ေတြ႕ရွိ
NP News - ဒီဇင္ဘာ ၅
ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕ရွိ KTV တစ္ခုတြင္ အလုပ္လုပ္ကိုင္သည့္ (၁၇)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးကို ေနအိမ္အငွားလိုင္းခန္းအတြင္း ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါျဖစ္စဥ္မွာ ဒီဇင္ဘာလ(၄)ရက္၊ ေန႔လည္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝိန္းေက်ာက္ရပ္ကြက္အတြင္းရွိ အငွားလိုင္းခန္းအတြင္းေနထိုင္ေသာ မိန္းကေလးတစ္ဦး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ဦးလွမိုးလူမႈကူညီေရးအသင္းမွ သိရသည္။
“ျဖစ္စဥ္ကေတာ့ သူတို႔အကူအညီေတာင္းလို႔ ကြၽန္ေတာ္တို႔သြားတာပါ။ သြားေတာ့အခန္းထဲမွာ ေသေနတာကိုေတြ႕ခဲ့ရတယ္။ ဒီေတာ့ ရဲေတြဘာေတြ အေၾကာင္းၾကားရတယ္” ဟု ဦးလွမိုးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးခဲ့သည့္ မိန္းကေလး၏ အေလာင္းကို တာခ်ီလိတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးရွိရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ေသဆုံးသူတြင္ ျပင္ပဒဏ္ရာမ်ားမေတြ႕ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ညေန(၅)နာရီအခ်ိန္ခန႔္တြင္ ေသဆုံးသူ၏႐ုပ္အေလာင္းအား ေဆး႐ုံႀကီးရင္ခြဲ႐ုံမွ သၿဂိဳလ္ရန္အတြက္ မဟာဟိုခမ္းရပ္ကြက္ရွိ မဟာျမတ္မုနိဘုန္းႀကီး ေက်ာင္းအတြင္းရွိ နာေရးေဆာင္သို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ မိန္းကေလးသည္ မိုင္းေယာင္းၿမိဳ႕တြင္ ေနထိုင္သူ နန္းအြန္ေက်ာက္(၁၇)ႏွစ္ျဖစ္ၿပီး ေနအိမ္အငွားလိုင္းခန္းတြင္ တစ္ဦးတည္း ေနထိုင္သူျဖစ္ေၾကာင္း အဆိုပါလူမႈကူညီေရးအသင္းထံမွ သိရသည္။
“ေသသြားတဲ့ ေကာင္မေလးက မိုင္းေယာင္းကလို႔သိရပါတယ္။ ဒီမွာအလုပ္လာလုပ္တာပါ။ သူဆုံးေတာ့မွ မိဘေတြက လိုက္လာတာပါ။ KTV မွာ လုပ္တာလို႔ေျပာတယ္ဗ်” ဟု ၎မွဆက္လက္ေျပာသည္။