မုဒုံမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရာအိမ်မှူးတစ်ဦးသေဆုံးခဲ့ပြီး အရပ်သားအပါအဝင်(၃)ဦးဒဏ်ရာရရှိ

 886

NP News - ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ပြီး အရပ်သားအပါအဝင်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၁ဝ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပေါ့ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲတာ။ တစ်ဦးဆုံးသွားတယ်။ အမျိုးသား(၂)ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ ရုံးအတွင်းပတ်လည်ပြတင်းပေါက်မှန်တွေကွဲပြီး ပျက်စီးသွားတယ်။ တံခါးတစ်ခုလည်း ပျက်စီးသွားတယ်” ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်အတွင်း ရာအိမ်မှူးဖြစ်သူ ဦးမြမောင်သည် မိုင်းစထိမှန်ကာ ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ပြီး အခြား ရာအိမ်မှူးတစ်ဦး၊ အငယ်တန်းစာရေးတစ်ဦးနှင့် အရပ်သားပြည်သူ ဒေါ်ယွန်းပြည့်ပြည့်အောင်တို့မှာ ဒဏ်ရာ အသီးသီးရရှိသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူများကို မုဒုံဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မုဒုံၿမိဳ႕ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ရာအိမ္မႉးတစ္ဦးေသဆုံးခဲ့ၿပီး အရပ္သားအပါအဝင္(၃)ဦးဒဏ္ရာရရွိ
NP News - ဒီဇင္ဘာ ၅

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ရာအိမ္မႉးတစ္ဦး ေသဆုံးခဲ့ၿပီး အရပ္သားအပါအဝင္(၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၅ ရက္) နံနက္ ၁ဝ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္တြင္ မုဒုံၿမိဳ႕၊ ၿမိဳ႕မ(၂)ရပ္ကြက္၊ ရာဇာဓိရာဇ္လမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးေပါ့ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲတာ။ တစ္ဦးဆုံးသြားတယ္။ အမ်ိဳးသား(၂)ဦး၊ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရတယ္။ ႐ုံးအတြင္းပတ္လည္ျပတင္းေပါက္မွန္ေတြကြဲၿပီး ပ်က္စီးသြားတယ္။ တံခါးတစ္ခုလည္း ပ်က္စီးသြားတယ္” ဟု လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါေပါက္ကြဲမႈျဖစ္စဥ္အတြင္း ရာအိမ္မႉးျဖစ္သူ ဦးျမေမာင္သည္ မိုင္းစထိမွန္ကာ ဒဏ္ရာတစ္ခ်က္ျဖင့္ ေသဆုံးခဲ့ၿပီး အျခား ရာအိမ္မႉးတစ္ဦး၊ အငယ္တန္းစာေရးတစ္ဦးႏွင့္ အရပ္သားျပည္သူ ေဒၚယြန္းျပည့္ျပည့္ေအာင္တို႔မွာ ဒဏ္ရာ အသီးသီးရရွိသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဒဏ္ရာရရွိခဲ့သူမ်ားကို မုဒုံေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးကုသေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.