ဇာတ်မင်းသားဖိုးချစ်နှင့် သျှန်ထွဏ်း (မြန်မာစာ) တို့ ဖမ်းဆီးထိန်းသိမ်းခံရသည့်သတင်းအား မိသားစုဝင်များ အတည်ပြု

 4296

NP News - ဒီဇင်ဘာ ၅

ဇာတ်မင်းသား၊ သရုပ်ဆောင် ဖိုးချစ် နှင့် တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) တို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် သတင်းသည် မှန်ကန်ကြောင်း ၄င်းတို့၏ မိသားစုဝင်များမှ ၄င်းတို့၏ဖေ့ဘွတ်စ်အကောင့်များတွင် အတည်ပြုပြောထားသည်။

မင်းသားဖိုးချစ်နှင့် သျှန်ထွဏ်း (မြန်မာစာ) ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းများသည် ဒီဇင်ဘာလ ၄ ရက် ညနေပိုင်းမှ စတင်၍ ထွက်ပေါ်လာခြင်းဖြစ်ပြီး ညပိုင်းတွင် အတည်ပြုနိုင်ခဲ့သည်။

ဖိုးချစ်၏ အစ်ကိုဖြစ်သူမှ “အစစအရာရာ အဆင်ပြေပါစေ။ သူတော်ကောင်းနဲ့တွေ့ပါစေ” ဟု ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ဖိုးချစ်သည် ၄င်း၏ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရကာ၊ သျှန်ထွန်း(မြန်မာစာ) ကိုမူ အမြန်လမ်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

လတ်တလော ထွက်ပေါ်နေသောသတင်းများအရ ၄င်းတို့နှစ်ဦးအား အကြမ်းဖက်အားပေးထောက်ပံ့မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းနေခြင်းဖြစ်သည်ဟု သိရသည်။

Zawgyi Version;
ဇာတ္မင္းသားဖိုးခ်စ္ႏွင့္ သွ်န္ထြဏ္း (ျမန္မာစာ) တို႔ ဖမ္းဆီးထိန္းသိမ္းခံရသည့္သတင္းအား မိသားစုဝင္မ်ား အတည္ျပဳ
NP News - ဒီဇင္ဘာ ၅

ဇာတ္မင္းသား၊ သ႐ုပ္ေဆာင္ ဖိုးခ်စ္ ႏွင့္ ေတးေရး၊ ေတးဆို သွ်န္ထြဏ္း (ျမန္မာစာ) တို႔ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရသည့္ သတင္းသည္ မွန္ကန္ေၾကာင္း ၄င္းတို႔၏ မိသားစုဝင္မ်ားမွ ၄င္းတို႔၏ေဖ့ဘြတ္စ္အေကာင့္မ်ားတြင္ အတည္ျပဳေျပာထားသည္။

မင္းသားဖိုးခ်စ္ႏွင့္ သွ်န္ထြဏ္း (ျမန္မာစာ) ဖမ္းဆီးထိန္းသိမ္းခံရသည့္ သတင္းမ်ားသည္ ဒီဇင္ဘာလ ၄ ရက္ ညေနပိုင္းမွ စတင္၍ ထြက္ေပၚလာျခင္းျဖစ္ၿပီး ညပိုင္းတြင္ အတည္ျပဳႏိုင္ခဲ့သည္။

ဖိုးခ်စ္၏ အစ္ကိုျဖစ္သူမွ “အစစအရာရာ အဆင္ေျပပါေစ။ သူေတာ္ေကာင္းနဲ႔ေတြ႕ပါေစ” ဟု ၄င္း၏ လူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ဖိုးခ်စ္သည္ ၄င္း၏ ေနအိမ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရကာ၊ သွ်န္ထြန္း(ျမန္မာစာ) ကိုမူ အျမန္လမ္းတြင္ ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သတင္းမ်ားအရ သိရသည္။

လတ္တေလာ ထြက္ေပၚေနေသာသတင္းမ်ားအရ ၄င္းတို႔ႏွစ္ဦးအား အၾကမ္းဖက္အားေပးေထာက္ပံ့မႈ သံသယျဖင့္ ဖမ္းဆီးထိန္းသိမ္း စစ္ေဆးေမးျမန္းေနျခင္းျဖစ္သည္ဟု သိရသည္။

Related news

© 2021. All rights reserved.