မလေးရှားနိုင်ငံသို့သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲတပ်ဖွဲ့ ကြားဖြတ်ဖမ်းဆီး

661

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၆
ထိုင်းရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၄ ရက်နေ့က Sai Yok စစ်ဆေးရေးဂိတ်တွင် မလေးရှားသို့သွားရောက်ရန်အတွက် ထိုင်းနိုင်ငံထဲသို့ တရားမဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် SUV ကားနှင့် ပစ်ကပ်ကားနှစ်ဦးတို့ကို Sai Yok စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်း ၅ နာရီခွဲခန့်က ရပ်တန့်စစ်ဆေးချိန်အတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ခဲ့သော မြန်မာ အမျိုးသား ၄၃ ဦး နှင့် အမျိုးသမီး ၁ဝ ဦးတို့ ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
၄င်းတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ဖမ်းမိခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင်ခရီးသွားခွင့် စာရွက်စာတမ်းများ မပါရှိကြောင်း၊ ၄င်းတို့သည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရမည်ဟု မက်လုံးပေး ခေါ်ဆောင်လာသော ပွဲစားကို တစ်ဦးအတွက် ဘတ် ၃၅ဝဝဝ နှင့် ၄ဝဝဝဝ ပေးခဲ့ရကြောင်း ထိုင်းရဲမှူးကြီး ကယ်လာယာနာမစ် က ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသော ကားသမားများသည် Thong Pha Phum ဒေသမှ ဖြစ်ပြီး အဆိုပါကားသမားများကိုလည်း ဖမ်းဆီးထားပြီး နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ ဝင်ရောက်ခွင့်ရရန် ကူညီပေးမှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါကားသမားများကို ပွဲစားဖြစ်သူက မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုပို့ဆောင်ရန် တစ်ဦးကိုဘတ် ၆ဝဝဝ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ကားသမားများသည် မြန်မာနိုင်ငံသားများကို ထိုင်းနှင့် မလေးရှားနယ်စပ်ဒေသဖြစ်သည့် ထိုင်းတောင်ပိုင်းသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
မေလးရွားႏိုင္ငံသို႔သြားမည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ထိုင္းရဲတပ္ဖြဲ႕ ၾကားျဖတ္ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၆
ထိုင္းရဲတပ္ဖြဲ႕သည္ ဒီဇင္ဘာ ၄ ရက္ေန႔က Sai Yok စစ္ေဆးေရးဂိတ္တြင္ မေလးရွားသို႔သြားေရာက္ရန္အတြက္ ထိုင္းႏိုင္ငံထဲသို႔ တရားမဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၅၃ ဦးကို ဖမ္းဆီးႏိုင္ခဲ့ ေၾကာင္း သိရသည္။
ထိုင္းရဲတပ္ဖြဲ႕သည္ SUV ကားႏွင့္ ပစ္ကပ္ကားႏွစ္ဦးတို႔ကို Sai Yok စစ္ေဆးေရးဂိတ္တြင္ ဒီဇင္ဘာ ၄ ရက္ နံနက္ပိုင္း ၅ နာရီခြဲခန႔္က ရပ္တန႔္စစ္ေဆးခ်ိန္အတြင္း ထိုင္းႏိုင္ငံထဲသို႔ တရားမဝင္ ဝင္ေရာက္ခဲ့ေသာ ျမန္မာ အမ်ိဳးသား ၄၃ ဦး ႏွင့္ အမ်ိဳးသမီး ၁ဝ ဦးတို႔ ဖမ္းမိခဲ့ေၾကာင္း ထိုင္းသတင္းမ်ားက ေဖာ္ျပသည္။
၄င္းတို႔ကို ဖမ္းဆီးထိန္းသိမ္းၿပီး ထိုင္းႏိုင္ငံအတြင္းကို တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းမႈျဖင့္ စြဲခ်က္တင္ထားေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။
ဖမ္းမိခဲ့ေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ တရားဝင္ခရီးသြားခြင့္ စာ႐ြက္စာတမ္းမ်ား မပါရွိေၾကာင္း၊ ၄င္းတို႔သည္ မေလးရွားႏိုင္ငံတြင္ အလုပ္လုပ္ရမည္ဟု မက္လုံးေပး ေခၚေဆာင္လာေသာ ပြဲစားကို တစ္ဦးအတြက္ ဘတ္ ၃၅ဝဝဝ ႏွင့္ ၄ဝဝဝဝ ေပးခဲ့ရေၾကာင္း ထိုင္းရဲမႉးႀကီး ကယ္လာယာနာမစ္ က ထုတ္ေဖာ္ေျပာဆိုထားသည္။
ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို တင္ေဆာင္လာေသာ ကားသမားမ်ားသည္ Thong Pha Phum ေဒသမွ ျဖစ္ၿပီး အဆိုပါကားသမားမ်ားကိုလည္း ဖမ္းဆီးထားၿပီး ႏိုင္ငံအတြင္းသို႔ ျပည္ပႏိုင္ငံသားမ်ား ဝင္ေရာက္ခြင့္ရရန္ ကူညီေပးမႈျဖင့္ စြဲခ်က္တင္သြားမည္ျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ဆိုသည္။
အဆိုပါကားသမားမ်ားကို ပြဲစားျဖစ္သူက ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကိုပို႔ေဆာင္ရန္ တစ္ဦးကိုဘတ္ ၆ဝဝဝ ျဖင့္ ငွားရမ္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ကားသမားမ်ားသည္ ျမန္မာႏိုင္ငံသားမ်ားကို ထိုင္းႏွင့္ မေလးရွားနယ္စပ္ေဒသျဖစ္သည့္ ထိုင္းေတာင္ပိုင္းသို႔ ပို႔ေဆာင္ေပးရမည္ျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။