ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်လဲကာ ဘုန်းကြီးကျောင်းမီးလောင်မှု ပြည်ကြီးတံခွန်တွင် ဖြစ်ပွား

 706

NP News - ဒီဇင်ဘာ ၆

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်လဲကာ စာအုပ်ပေါ်သို့ မီးကူးစက်ရာမှ ဘုန်းကြီးကျောင်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

နစကမှ ယနေ့(ဒီဇင်ဘာလ ၆ရက်) ၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ(၅)ရက်၊ ည(၇)နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (၈)ရပ်ကွက်ရှိ ဝေယံဘုံကျော်ဘုန်းတော်ကြီးကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း နစကမှဆိုထားသည်။

အဆိုပါဖြစ်စဉ်မှာ ဆရာတော်သည် ဖယောင်းတိုင်ဖြင့် ဘုရားဆီမီးပူဇော်ပြီးနောက် ဆရာတော်ကျိန်းနေချိန်တွင် ဖယောင်းတိုင်မီးလဲကာ အနားရှိစာအုပ်ပေါ်သို့ ကျရောက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးတို့မှဦးစီးသည့် သန္ဓေမီးသတ်(၁၂)ဦး၊ အရံမီးသတ်(၆ဝ)ဦး၊ မီးငြှိမ်းရေယာဉ် (၉)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း နစကမှဆိုသည်။

အဆိုပါကျောင်းတွင် စာသင်သံဃာအပါး(၄ဝ)ရှိပြီး မီးလောင်မှုကြောင့် ကျောင်း ထိုင်ဆရာတော်၏ မျက်နှာ၊ ကျောနှင့် လက်တို့တွင် မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

zawgyi version
ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္လဲကာ ဘုန္းႀကီးေက်ာင္းမီးေလာင္မႈ ျပည္ႀကီးတံခြန္တြင္ ျဖစ္ပြား
NP News - ဒီဇင္ဘာ ၆

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္လဲကာ စာအုပ္ေပၚသို႔ မီးကူးစက္ရာမွ ဘုန္းႀကီးေက်ာင္းအတြင္း မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

နစကမွ ယေန႔(ဒီဇင္ဘာလ ၆ရက္) ၊ ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၅)ရက္၊ ည(၇)နာရီခြဲအခ်ိန္ခန႔္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (၈)ရပ္ကြက္ရွိ ေဝယံဘုံေက်ာ္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုထားသည္။

အဆိုပါျဖစ္စဥ္မွာ ဆရာေတာ္သည္ ဖေယာင္းတိုင္ျဖင့္ ဘုရားဆီမီးပူေဇာ္ၿပီးေနာက္ ဆရာေတာ္က်ိန္းေနခ်ိန္တြင္ ဖေယာင္းတိုင္မီးလဲကာ အနားရွိစာအုပ္ေပၚသို႔ က်ေရာက္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈအား ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ႏွင့္ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးမႉးတို႔မွဦးစီးသည့္ သေႏၶမီးသတ္(၁၂)ဦး၊ အရံမီးသတ္(၆ဝ)ဦး၊ မီးျငႇိမ္းေရယာဥ္ (၉)စီး၊ ေရသယ္ယာဥ္(၃)စီးတို႔ျဖင့္ မီးျငႇိမ္းသတ္ခဲ့ေၾကာင္း နစကမွဆိုသည္။

အဆိုပါေက်ာင္းတြင္ စာသင္သံဃာအပါး(၄ဝ)ရွိၿပီး မီးေလာင္မႈေၾကာင့္ ေက်ာင္း ထိုင္ဆရာေတာ္၏ မ်က္ႏွာ၊ ေက်ာႏွင့္ လက္တို႔တြင္ မီးေလာင္ဒဏ္ရာ အနည္းငယ္ရရွိခဲ့၍ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.