"သေနတ်ပယောဂဖြင့် အမေရိကန်တို့ ယခင်ကထက် ပိုမိုသေကြေပျက်စီးနေ" (ဘာသာပြန်ဆောင်းပါး)

 554

Htay Oung (NP News) - ဒီဇင်ဘာ ၆

COVID-19 ကပ်ရောဂါကျရောက်နေစဉ်အတွင်း အမေရိကန်နိုင်ငံမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးမှုများ မြင့်တက်လာခဲ့တာကို တွေ့ရှိရပါတယ်။ ယခင်နှစ်များထက် ၂ဝ၂၁ ခုနှစ်မှာ သေဆုံးသူအမြောက်အများနဲ့ စံချိန်တင်ဖြစ်ခဲ့ရပါတယ်။ အမေရိကန်ရဲ့ သေနတ်ပယောဂဟာ ဗိုင်းရပ်စ်ထက်ပိုကြောက်စရာ ဖြစ်လာပေမဲ့ အဲ့ဒီ ဝန်ထုပ်ဝန်ပိုးက နိုင်ငံအတွင်း နေထိုင်သူများအားလုံးအပေါ် အညီအမျှ သက် ရောက်နေခြင်း မရှိကြောင်း သတင်းအချက်အလက်ပိုင်းဆိုင်ရာ အယ်ဒီတာ ဒီးဒရာမက်ဖီးလ်က CNN (29 Nov. 2022) မှာ ရေးသားပါတယ်။

ဇီဝဆေးပညာသိပ္ပံဆိုင်ရာ အမေရိကန် ဆေးပညာအသင်းရဲ့ လစဉ်ထုတ် ဆေးပညာဂျာနယ်တစ်စောင်ဖြစ်တဲ့ JAMA Network Open က အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ လေ့လာဆန်းစစ်မှုမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း သေနတ်ကိုင် လူသတ်မှုများကို ရေတွက်ဖော်ပြထားပါတယ်။ ၁၉၉ဝ ခုနှစ်မှစပြီး အသက်ဆုံးရှုံးခဲ့ရသူ စုစု ပေါင်းဟာ လူ (၁)သန်းကျော်အထိ ကြောက်စရာ ပမာဏဖြစ်နေပါတယ်။ မကြာသေးမီနှစ်များအတွင်း သေနတ်လက်နက်ကြောင့် သေဆုံးမှုနှုန်းဟာ လူမျိုးနွယ်အုပ်စုအလိုက် အများဆုံးဖြစ်လာကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ အထူး သဖြင့် ကပ်ရောဂါကာလအတွင်းမှာဖြစ်ပြီး နိုင်ငံအတွင်း နေထိုင်သူအားလုံးတို့အကြား ကွာခြားမှုကလည်း အလွန်များတယ်လို့ ဆိုပါတယ်။

လတ်တလော တွေ့ရှိရတဲ့အချက်အလက်များအရ သေဆုံးမှုအချို့ဟာ လူသိများတဲ့ ပုံစံမျိုးဖြစ်ပေမဲ့ ပြဿနာရဲ့ အတိုင်းအတာက အမေရိကန်နိုင်ငံအနေနဲ့ သေနတ်လက်နက်ကြောင့် ရာဇဝင်တွင်ရလောက်တဲ့ အသက်ဆုံးရှုံးမှု ပမာဏဖြစ်လာတယ်လို့ သုတေသီ ဒေါက်တာ အဲရစ်ဖလီဂလာက မှတ်ချက်ပေးပါတယ်။ သူဟာ ဘော်စတွန် ကလေးဆေးရုံနဲ့ ဟားဗတ်ဆေးဘက်ဆိုင်ရာ ကလေးအထူးကု အရေးပေါ်သမားတော်နဲ့ သင်ကြားရေးဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပါတယ်။

"၂ဝ၁၉ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်အထိ COVID ကပ်ရောဂါဖြစ်ပွားနေချိန် နှစ်နှစ်အတွင်းမှာ သေဆုံးသူဦးရေဟာ ၂၅ ရာခိုင်နှုန်းကျော် တိုးလာတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး”လို့ ဖလီဂလာက ဆိုပါတယ်။ ယေဘူယျအားဖြင့် အမျိုးသားတွေမှာ သေဆုံးမှု အများဆုံးဖြစ်ပြီး ၁၉၉ဝ ခုနှစ်နောက်ပိုင်း သေနတ်ကြောင့် သေဆုံးသူအားလုံးရဲ့ ၈၆ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသားများဖြစ်ကြကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC ရဲ့ အချက်အလက်များက ဖော်ပြနေပါတယ်။ သေနတ်အသုံးပြု လူသတ်မှုတွေဟာ လူမည်းအမျိုးသားများကြားမှာ အများဆုံးဖြစ်ပွားခဲ့ပြီး မိမိကိုယ်မိမိ သေနတ်နဲ့ အဆုံး စီရင်မှုဟာ လူဖြူသက်ကြီးရွယ်အိုများမှာ အများဆုံးဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း သေနတ်နဲ့ လူသတ်မှုတွေဟာ အမျိုးသားရော၊အမျိုးသမီးတွေမှာပါ နှစ်ဆနီးပါး မြင့်တက်လာပေမဲ့ အမျိုးသားတွေက အမျိုးသမီးများထက် သေဆုံးနိုင်ခြေ (၅)ဆ ပိုများနေပါသေးတယ်။ အမျိုးသမီးများ သတ်သေမှုနှုန်းဟာ တစ်နှစ်ပြီးတစ်နှစ် တိုးမြင့်လာနေပေမဲ့ ၂ဝ၂၁ ခုနှစ်မှာ သေနတ်ဖြင့် အဆုံး စီရင်မှုနှုန်းဟာ အမျိုးသမီးများထက် အမျိုးသားများက ခုနစ်ဆ မြင့်မားနေခဲ့ပါတယ်။

သေဆုံးမှုတွေကို လူမျိုးအလိုက် ပိုင်းခြားကြည့်မယ်ဆိုရင် လူမည်းလူငယ်များကြား မှာ ဖြစ်ပွားနေကြောင်း ပိုပြီးသိသာပါတယ်။ အသက် ၂ဝ မှ ၂၄ နှစ်ကြား လူမည်းလူငယ် တစ်သိန်းတိုင်းမှာ လူသတ်ခံရလို့ သေဆုံးရသူ (၁၄၂) ဦး ရှိနေပါတယ်။ အဲ့ဒီ အရေအတွက်ဟာ ၂ဝ၂၁ ခုနှစ် အမေရိကန်တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့သမျှ သေနတ်ကြောင့် လူသေဆုံးမှုနှုန်းထက် (၁ဝ) ဆနီးပါး ပိုမိုများပြားနေပါတယ်။

လူမည်းနဲ့ ဟစ်စပန်းနစ် ခေါ် စပိန်ဘာသာစကားပြော လက်တင်အမေရိကတိုက်သား အမျိုးသားများကြားမှာ လူသတ်မှုနှုန်းဟာ အသက် ၂ဝ မှ ၂၄ နှစ်ကြား အရွယ်ရှိသူများက အများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လူဖြူများမှာတော့ ကျူးလွန်သူတွေဟာ အသက် ၃ဝ မှ ၃၄ နှစ်အရွယ်အုပ်စုအတွင်း အများဆုံးဖြစ်ပါတယ်။ လူသတ်မှု နှုုန်းထားအလိုက် အဲ့ဒီအုပ်စုတွေကို ဆက်လက် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူဖြူများထက် ဟစ်စပန်းနစ် လူငယ်များကျူးလွန်တဲ့ လူသတ်မှုနှုန်းက လေးဆနီးပါးရှိနေပြီး လူမည်းလူငယ်များရဲ့ လူသတ်မှုနှုန်းက လူဖြူများထက် (၂၂)ဆ ပိုမိုများပြားနေပါတယ်။

“ဒီလို ဆိုးဆိုးရွားရွား ကွာခြားရတာကို တွေးမိတဲ့အခါ ပိုများရင်လည်း ၂ဝ ရာခိုင်နှုန်း ဒါမှမဟုတ် ၅ဝ ရာခိုင်နှုန်းလောက်သာ ဖြစ်သင့်တယ်လို့ စဉ်းစားစရာရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ မွေးကင်းစကလေးသေဆုံးမှုကို ကြည့်ရင် လူဖြူကလေးများထက် လူမည်းကလေးများ သေဆုံးမှုနှုန်းက နှစ်ဆကျော် (ကွာခြားမှု) ရှိပါတယ်။ အခုကိစ္စမှာ စဉ်းစားရမှာက အတော်များတဲ့ ပမာဏဖြစ်နေပြီး အဆ ၂ဝ ကျော်နေပါတယ်။ အဲ့ဒီလောက် ကွာခြားရအောင် စေ့ဆော်မှု တစ်ခုခု ရှိနေကြောင်း ပြောရတော့မှာပဲ” လို့ ဒေါက်တာ အဲရစ်ဖလီဂလာက ရှင်းပြပါတယ်။

အမေရိကန်မြို့ပြတွေဟာ ကျေးလက်ဒေသများထက် လက်နက်ကြောင့် လူသေဆုံးမှု ပိုမိုများပြားပါတယ်။ သေနတ်ကိုင် ကျူးလွန်မှုဖြစ်ပွားရခြင်းမှာ ဝန်းကျင်ဒေသအလိုက် အားနည်းချက်သာမက လူတစ်ဦးချင်းအလိုက် ထိတွေ့ဖော်ထုတ်ပုံတို့နဲ့ အများကြီး သက်ဆိုင်နေတယ်လို့ ဘော့စတွန်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးပညာ ဋ္ဌာနမှ လက်ထောက်ပါမောက္ခ ဂျိုနသန်ဂျေးက ယုံကြည်ပါတယ်။

“သေနတ်နဲ့ ကျူးလွန်မှုတွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်မှု လျော့နည်းကြောင်း မြင်သာတဲ့ နေရာတွေမှာ အများဆုံး ဖြစ်နိုင်ချေရှိပါတယ်။ ပစ်စလက်ခတ်၊ လူမရှိ သူမရှိတဲ့ နေရာတွေ ဒါမှမဟုတ် စွန့်ပစ်ထားတဲ့ အိမ်တွေမှာ တစ်ခါတလေ ဖြစ်တတ်ပါတယ်၊ အရက်ရနိုင်တဲ့နေရာတွေ ပေါသလောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ရွေးချယ်စရာ နည်းပါးတဲ့ နေရာတွေမှာ ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။

အမျိုးသားကျန်းမာရေးအင်စတီကျု့မှ ထောက်ပံ့ကြေးရယူနေသူ အမေရိကန်လူငယ်များအကြား လေ့လာကြည့်မယ်ဆိုရင် သေနတ်ကြောင့် ထိခိုက်ပျက်စီးကြရာမှာ လူမျိုးအလိုက် ကွာခြားနေရခြင်းအကြောင်းကို ခန့်မှန်းနိုင်ပါတယ်။ ကပ်ရော ဂါကြောင့် နဂိုရှိနှင့်ပြီးသား ကွာဟချက်များမှာ ပိုမိုဆိုးရွားလာရတာ အံ့သြစရာ မရှိပါဘူး။ ကပ်ရောဂါ မဖြစ်ပွားမီ လူမျိုးရေးခွဲခြားဆက်ဆံခံနေရတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကနဦး အများဆုံး ဖြစ်နိုင်ပါတယ်။

ခုဆို ကပ်ရောဂါဖြစ်ပွားမှုက ပြောင်းလဲနေပါပြီ ဒါပေမဲ့ သေနတ်ကိုင် ကျူးလွန်မှုတွေ ဘာ့ကြောင့် ဆက်ရှိနေရတယ်ဆိုတာ လူတိုင်း အထူးအဆန်းဖြစ်နေကြပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ရှင်းပြချက်တစ်ခုကတော့ ကပ်ရောဂါပြောင်းလဲပေမဲ့ လူမှုရေးအခြေအနေတွေမှာ ဒီလောက်မပြောင်းလဲသေးလို့ဖြစ်ကြောင်း၊ ကပ်ရောဂါက စိတ်မချရဖူးလို့ လူအများအကြား ခံစားစိတ်ဖြစ်စရာတွေ အများကြီးရှိနေပြီး အကာအကွယ်အတွက် လက်နက်တစ်ခုခု ဆောင်ထားဖို့ လိုအပ်သလိုလိုမျိုး ဖြစ်လာနိုင်စရာ ရှိပါတယ်လို့ ပါမောက္ခဂျေးက မှတ်ယူပါတယ်။

ကပ်ရောဂါကာလတစ်လျှောက် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ ကြီးထွားလာခြင်းနဲ့အတူ အကြမ်းဖက်မှုနှုန်းများ တိုးမြင့်လာပါတယ်၊ အဲဒီကိစ္စမှာ သေနတ်အသုံးပြုခြင်းဟာ အသေအပျောက် ပိုပြီးဖြစ်တတ်ပါတယ်။ ဂျွန်ဟော့ကင်းတက္က သိုလ် သုတေသီများရဲ့ လေ့လာဆန်းစစ်မှုအရ ၂ဝ၁၉ မှ ၂ဝ၂၁ ခုနှစ်အတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှုနဲ့ လူသတ်မှုများ တိုးမြင့်လာပြီး အများစုဟာ သေနတ်ကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ သေနတ်ဖြင့် သတ်သေမှုနှုန်းသည် (၁ဝ) ရာ ခိုင်နှုန်းတိုးလာပြီး သေနတ်မဟုတ်သော နည်းလမ်းနဲ့ သတ်သေမှုနှုန်းမှာ (၈) ရာခိုင် နှုန်း လျော့ကျသွားပါတယ်။ သေနတ်ဖြင့် လူသတ်မှုနှုန်းမှာ (၄၅) ရာခိုင်နှုန်း တိုးလာပြီး သေနတ်အသုံးပြုခြင်း မရှိတဲ့ လူသတ်မှုနှုန်းမှာ (၆)ရာခိုင်နှုန်းသာ တိုးလာခဲ့ပါတယ်။

(CNN., 29 November 2022,” America’s gun epidemic is deadlier than ever, and there are vast disparities in who’s dying” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)

zawgyi version
"ေသနတ္ပေယာဂျဖင့္ အေမရိကန္တို႔ ယခင္ကထက္ ပိုမိုေသေၾကပ်က္စီးေန" (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၆

COVID-19 ကပ္ေရာဂါက်ေရာက္ေနစဥ္အတြင္း အေမရိကန္ႏိုင္ငံမွာ ေသနတ္ပစ္ခတ္မႈေၾကာင့္ ေသဆုံးမႈမ်ား ျမင့္တက္လာခဲ့တာကို ေတြ႕ရွိရပါတယ္။ ယခင္ႏွစ္မ်ားထက္ ၂ဝ၂၁ ခုႏွစ္မွာ ေသဆုံးသူအေျမာက္အမ်ားနဲ႔ စံခ်ိန္တင္ျဖစ္ခဲ့ရပါတယ္။ အေမရိကန္ရဲ႕ ေသနတ္ပေယာဂဟာ ဗိုင္းရပ္စ္ထက္ပိုေၾကာက္စရာ ျဖစ္လာေပမဲ့ အဲ့ဒီ ဝန္ထုပ္ဝန္ပိုးက ႏိုင္ငံအတြင္း ေနထိုင္သူမ်ားအားလုံးအေပၚ အညီအမွ် သက္ ေရာက္ေနျခင္း မရွိေၾကာင္း သတင္းအခ်က္အလက္ပိုင္းဆိုင္ရာ အယ္ဒီတာ ဒီးဒရာမက္ဖီးလ္က CNN (29 Nov. 2022) မွာ ေရးသားပါတယ္။

ဇီဝေဆးပညာသိပၸံဆိုင္ရာ အေမရိကန္ ေဆးပညာအသင္းရဲ႕ လစဥ္ထုတ္ ေဆးပညာဂ်ာနယ္တစ္ေစာင္ျဖစ္တဲ့ JAMA Network Open က အဂၤါေန႔က ထုတ္ျပန္လိုက္တဲ့ ေလ့လာဆန္းစစ္မႈမွာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္သုံးခုအတြင္း ေသနတ္ကိုင္ လူသတ္မႈမ်ားကို ေရတြက္ေဖာ္ျပထားပါတယ္။ ၁၉၉ဝ ခုႏွစ္မွစၿပီး အသက္ဆုံးရႈံးခဲ့ရသူ စုစု ေပါင္းဟာ လူ (၁)သန္းေက်ာ္အထိ ေၾကာက္စရာ ပမာဏျဖစ္ေနပါတယ္။ မၾကာေသးမီႏွစ္မ်ားအတြင္း ေသနတ္လက္နက္ေၾကာင့္ ေသဆုံးမႈႏႈန္းဟာ လူမ်ိဳးႏြယ္အုပ္စုအလိုက္ အမ်ားဆုံးျဖစ္လာေၾကာင္း သုေတသီမ်ားက ေတြ႕ရွိခဲ့ပါတယ္။ အထူး သျဖင့္ ကပ္ေရာဂါကာလအတြင္းမွာျဖစ္ၿပီး ႏိုင္ငံအတြင္း ေနထိုင္သူအားလုံးတို႔အၾကား ကြာျခားမႈကလည္း အလြန္မ်ားတယ္လို႔ ဆိုပါတယ္။

လတ္တေလာ ေတြ႕ရွိရတဲ့အခ်က္အလက္မ်ားအရ ေသဆုံးမႈအခ်ိဳ႕ဟာ လူသိမ်ားတဲ့ ပုံစံမ်ိဳးျဖစ္ေပမဲ့ ျပႆနာရဲ႕ အတိုင္းအတာက အေမရိကန္ႏိုင္ငံအေနနဲ႔ ေသနတ္လက္နက္ေၾကာင့္ ရာဇဝင္တြင္ရေလာက္တဲ့ အသက္ဆုံးရႈံးမႈ ပမာဏျဖစ္လာတယ္လို႔ သုေတသီ ေဒါက္တာ အဲရစ္ဖလီဂလာက မွတ္ခ်က္ေပးပါတယ္။ သူဟာ ေဘာ္စတြန္ ကေလးေဆး႐ုံနဲ႔ ဟားဗတ္ေဆးဘက္ဆိုင္ရာ ကေလးအထူးကု အေရးေပၚသမားေတာ္နဲ႔ သင္ၾကားေရးဆိုင္ရာ ပညာရွင္တစ္ဦးျဖစ္ပါတယ္။

"၂ဝ၁၉ ခုႏွစ္ကေန ၂ဝ၂၁ ခုႏွစ္အထိ COVID ကပ္ေရာဂါျဖစ္ပြားေနခ်ိန္ ႏွစ္ႏွစ္အတြင္းမွာ ေသဆုံးသူဦးေရဟာ ၂၅ ရာခိုင္ႏႈန္းေက်ာ္ တိုးလာတာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါမ်ိဳး တစ္ခါမွ မျဖစ္ဖူးဘူး”လို႔ ဖလီဂလာက ဆိုပါတယ္။ ေယဘူယ်အားျဖင့္ အမ်ိဳးသားေတြမွာ ေသဆုံးမႈ အမ်ားဆုံးျဖစ္ၿပီး ၁၉၉ဝ ခုႏွစ္ေနာက္ပိုင္း ေသနတ္ေၾကာင့္ ေသဆုံးသူအားလုံးရဲ႕ ၈၆ ရာခိုင္ႏႈန္းနီးပါးဟာ အမ်ိဳးသားမ်ားျဖစ္ၾကေၾကာင္း အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာ CDC ရဲ႕ အခ်က္အလက္မ်ားက ေဖာ္ျပေနပါတယ္။ ေသနတ္အသုံးျပဳ လူသတ္မႈေတြဟာ လူမည္းအမ်ိဳးသားမ်ားၾကားမွာ အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး မိမိကိုယ္မိမိ ေသနတ္နဲ႔ အဆုံး စီရင္မႈဟာ လူျဖဴသက္ႀကီး႐ြယ္အိုမ်ားမွာ အမ်ားဆုံးျဖစ္ပါတယ္။

၂ဝ၁၄ ခုႏွစ္မွ ၂ဝ၂၁ ခုႏွစ္အတြင္း ေသနတ္နဲ႔ လူသတ္မႈေတြဟာ အမ်ိဳးသားေရာ၊အမ်ိဳးသမီးေတြမွာပါ ႏွစ္ဆနီးပါး ျမင့္တက္လာေပမဲ့ အမ်ိဳးသားေတြက အမ်ိဳးသမီးမ်ားထက္ ေသဆုံးႏိုင္ေျခ (၅)ဆ ပိုမ်ားေနပါေသးတယ္။ အမ်ိဳးသမီးမ်ား သတ္ေသမႈႏႈန္းဟာ တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုးျမင့္လာေနေပမဲ့ ၂ဝ၂၁ ခုႏွစ္မွာ ေသနတ္ျဖင့္ အဆုံး စီရင္မႈႏႈန္းဟာ အမ်ိဳးသမီးမ်ားထက္ အမ်ိဳးသားမ်ားက ခုနစ္ဆ ျမင့္မားေနခဲ့ပါတယ္။

ေသဆုံးမႈေတြကို လူမ်ိဳးအလိုက္ ပိုင္းျခားၾကည့္မယ္ဆိုရင္ လူမည္းလူငယ္မ်ားၾကား မွာ ျဖစ္ပြားေနေၾကာင္း ပိုၿပီးသိသာပါတယ္။ အသက္ ၂ဝ မွ ၂၄ ႏွစ္ၾကား လူမည္းလူငယ္ တစ္သိန္းတိုင္းမွာ လူသတ္ခံရလို႔ ေသဆုံးရသူ (၁၄၂) ဦး ရွိေနပါတယ္။ အဲ့ဒီ အေရအတြက္ဟာ ၂ဝ၂၁ ခုႏွစ္ အေမရိကန္တစ္ႏိုင္ငံလုံးမွာ ျဖစ္ပြားခဲ့သမွ် ေသနတ္ေၾကာင့္ လူေသဆုံးမႈႏႈန္းထက္ (၁ဝ) ဆနီးပါး ပိုမိုမ်ားျပားေနပါတယ္။

လူမည္းနဲ႔ ဟစ္စပန္းနစ္ ေခၚ စပိန္ဘာသာစကားေျပာ လက္တင္အေမရိကတိုက္သား အမ်ိဳးသားမ်ားၾကားမွာ လူသတ္မႈႏႈန္းဟာ အသက္ ၂ဝ မွ ၂၄ ႏွစ္ၾကား အ႐ြယ္ရွိသူမ်ားက အမ်ားဆုံးျဖစ္ပါတယ္။ ဒါေပမဲ့ လူျဖဴမ်ားမွာေတာ့ က်ဴးလြန္သူေတြဟာ အသက္ ၃ဝ မွ ၃၄ ႏွစ္အ႐ြယ္အုပ္စုအတြင္း အမ်ားဆုံးျဖစ္ပါတယ္။ လူသတ္မႈ ႏႈုန္းထားအလိုက္ အဲ့ဒီအုပ္စုေတြကို ဆက္လက္ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ လူျဖဴမ်ားထက္ ဟစ္စပန္းနစ္ လူငယ္မ်ားက်ဴးလြန္တဲ့ လူသတ္မႈႏႈန္းက ေလးဆနီးပါးရွိေနၿပီး လူမည္းလူငယ္မ်ားရဲ႕ လူသတ္မႈႏႈန္းက လူျဖဴမ်ားထက္ (၂၂)ဆ ပိုမိုမ်ားျပားေနပါတယ္။

“ဒီလို ဆိုးဆိုး႐ြား႐ြား ကြာျခားရတာကို ေတြးမိတဲ့အခါ ပိုမ်ားရင္လည္း ၂ဝ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ၅ဝ ရာခိုင္ႏႈန္းေလာက္သာ ျဖစ္သင့္တယ္လို႔ စဥ္းစားစရာရွိပါတယ္။ အေမရိကန္ျပည္ေထာင္စုရဲ႕ ေမြးကင္းစကေလးေသဆုံးမႈကို ၾကည့္ရင္ လူျဖဴကေလးမ်ားထက္ လူမည္းကေလးမ်ား ေသဆုံးမႈႏႈန္းက ႏွစ္ဆေက်ာ္ (ကြာျခားမႈ) ရွိပါတယ္။ အခုကိစၥမွာ စဥ္းစားရမွာက အေတာ္မ်ားတဲ့ ပမာဏျဖစ္ေနၿပီး အဆ ၂ဝ ေက်ာ္ေနပါတယ္။ အဲ့ဒီေလာက္ ကြာျခားရေအာင္ ေစ့ေဆာ္မႈ တစ္ခုခု ရွိေနေၾကာင္း ေျပာရေတာ့မွာပဲ” လို႔ ေဒါက္တာ အဲရစ္ဖလီဂလာက ရွင္းျပပါတယ္။

အေမရိကန္ၿမိဳ႕ျပေတြဟာ ေက်းလက္ေဒသမ်ားထက္ လက္နက္ေၾကာင့္ လူေသဆုံးမႈ ပိုမိုမ်ားျပားပါတယ္။ ေသနတ္ကိုင္ က်ဴးလြန္မႈျဖစ္ပြားရျခင္းမွာ ဝန္းက်င္ေဒသအလိုက္ အားနည္းခ်က္သာမက လူတစ္ဦးခ်င္းအလိုက္ ထိေတြ႕ေဖာ္ထုတ္ပုံတို႔နဲ႔ အမ်ားႀကီး သက္ဆိုင္ေနတယ္လို႔ ေဘာ့စတြန္တကၠသိုလ္ ျပည္သူ႔က်န္းမာေရးပညာ ႒ာနမွ လက္ေထာက္ပါေမာကၡ ဂ်ိဳနသန္ေဂ်းက ယုံၾကည္ပါတယ္။

“ေသနတ္နဲ႔ က်ဴးလြန္မႈေတြဟာ ႐ုပ္ပိုင္းဆိုင္ရာ ထိန္းသိမ္းႏိုင္မႈ ေလ်ာ့နည္းေၾကာင္း ျမင္သာတဲ့ ေနရာေတြမွာ အမ်ားဆုံး ျဖစ္ႏိုင္ေခ်ရွိပါတယ္။ ပစ္စလက္ခတ္၊ လူမရွိ သူမရွိတဲ့ ေနရာေတြ ဒါမွမဟုတ္ စြန႔္ပစ္ထားတဲ့ အိမ္ေတြမွာ တစ္ခါတေလ ျဖစ္တတ္ပါတယ္၊ အရက္ရႏိုင္တဲ့ေနရာေတြ ေပါသေလာက္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာ ေ႐ြးခ်ယ္စရာ နည္းပါးတဲ့ ေနရာေတြမွာ ျဖစ္ႏိုင္ပါတယ္” လို႔ ဆိုပါတယ္။

အမ်ိဳးသားက်န္းမာေရးအင္စတီက်ဳ႕မွ ေထာက္ပံ့ေၾကးရယူေနသူ အေမရိကန္လူငယ္မ်ားအၾကား ေလ့လာၾကည့္မယ္ဆိုရင္ ေသနတ္ေၾကာင့္ ထိခိုက္ပ်က္စီးၾကရာမွာ လူမ်ိဳးအလိုက္ ကြာျခားေနရျခင္းအေၾကာင္းကို ခန႔္မွန္းႏိုင္ပါတယ္။ ကပ္ေရာ ဂါေၾကာင့္ နဂိုရွိႏွင့္ၿပီးသား ကြာဟခ်က္မ်ားမွာ ပိုမိုဆိုး႐ြားလာရတာ အံ့ၾသစရာ မရွိပါဘူး။ ကပ္ေရာဂါ မျဖစ္ပြားမီ လူမ်ိဳးေရးခြဲျခားဆက္ဆံခံေနရတဲ့ ပတ္ဝန္းက်င္မ်ိဳးမွာ ကနဦး အမ်ားဆုံး ျဖစ္ႏိုင္ပါတယ္။

ခုဆို ကပ္ေရာဂါျဖစ္ပြားမႈက ေျပာင္းလဲေနပါၿပီ ဒါေပမဲ့ ေသနတ္ကိုင္ က်ဴးလြန္မႈေတြ ဘာ့ေၾကာင့္ ဆက္ရွိေနရတယ္ဆိုတာ လူတိုင္း အထူးအဆန္းျဖစ္ေနၾကပါတယ္။ ျဖစ္ႏိုင္ေခ်ရွိတဲ့ ရွင္းျပခ်က္တစ္ခုကေတာ့ ကပ္ေရာဂါေျပာင္းလဲေပမဲ့ လူမႈေရးအေျခအေနေတြမွာ ဒီေလာက္မေျပာင္းလဲေသးလို႔ျဖစ္ေၾကာင္း၊ ကပ္ေရာဂါက စိတ္မခ်ရဖူးလို႔ လူအမ်ားအၾကား ခံစားစိတ္ျဖစ္စရာေတြ အမ်ားႀကီးရွိေနၿပီး အကာအကြယ္အတြက္ လက္နက္တစ္ခုခု ေဆာင္ထားဖို႔ လိုအပ္သလိုလိုမ်ိဳး ျဖစ္လာႏိုင္စရာ ရွိပါတယ္လို႔ ပါေမာကၡေဂ်းက မွတ္ယူပါတယ္။

ကပ္ေရာဂါကာလတစ္ေလွ်ာက္ စိတ္က်န္းမာေရးဆိုင္ရာ စိန္ေခၚမႈမ်ား ႀကီးထြားလာျခင္းနဲ႔အတူ အၾကမ္းဖက္မႈႏႈန္းမ်ား တိုးျမင့္လာပါတယ္၊ အဲဒီကိစၥမွာ ေသနတ္အသုံးျပဳျခင္းဟာ အေသအေပ်ာက္ ပိုၿပီးျဖစ္တတ္ပါတယ္။ ဂြၽန္ေဟာ့ကင္းတကၠ သိုလ္ သုေတသီမ်ားရဲ႕ ေလ့လာဆန္းစစ္မႈအရ ၂ဝ၁၉ မွ ၂ဝ၂၁ ခုႏွစ္အတြင္း မိမိကိုယ္မိမိ အဆုံးစီရင္မႈနဲ႔ လူသတ္မႈမ်ား တိုးျမင့္လာၿပီး အမ်ားစုဟာ ေသနတ္ေၾကာင့္ ျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။ ေသနတ္ျဖင့္ သတ္ေသမႈႏႈန္းသည္ (၁ဝ) ရာ ခိုင္ႏႈန္းတိုးလာၿပီး ေသနတ္မဟုတ္ေသာ နည္းလမ္းနဲ႔ သတ္ေသမႈႏႈန္းမွာ (၈) ရာခိုင္ ႏႈန္း ေလ်ာ့က်သြားပါတယ္။ ေသနတ္ျဖင့္ လူသတ္မႈႏႈန္းမွာ (၄၅) ရာခိုင္ႏႈန္း တိုးလာၿပီး ေသနတ္အသုံးျပဳျခင္း မရွိတဲ့ လူသတ္မႈႏႈန္းမွာ (၆)ရာခိုင္ႏႈန္းသာ တိုးလာခဲ့ပါတယ္။

(CNN., 29 November 2022,” America’s gun epidemic is deadlier than ever, and there are vast disparities in who’s dying” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆို သည္။)

Related news

© 2021. All rights reserved.