"ဝယ်သူတွေရဲ့အိတ်ထဲက ပိုက်ဆံတွေ ပိုထွက်လာစေဖို့ စီးပွားရေးလုပ်ငန်းရှင်တွေ သုံးတဲ့ လှည့်ကွက်တွေ" (ထူးခြားသုတဆောင်းပါး)

 1205

ဝတီ (NP News) - ဒီဇင်ဘာ ၆

ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေ ဒါမှမဟုတ် အဲဒီကုမ္ပဏီက ပေးတဲ့ ဝန်ဆောင်မှုတွေကို လူတွေ များများဝယ်သုံးလေ အဲဒီကုမ္ပဏီ ပိုက်ဆံရလေပါပဲ။ ဒါကတော့ အင်မတန်ကိုရိုးရှင်းပါတယ်။ ဒါပေမဲ့ သူတို့ရောင်းတဲ့ ပစ္စည်းမှန်သမျှ၊ ဝန် ဆောင်မှုမှန်သမျှကို လူတွေ မဝယ် ဝယ်အောင် ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကမသိမသာ လှည့်ကွက်လေးတွေ ထည့်သုံးလေ့ရှိတာကတော့ ဝယ်သူတွေ သတိထားမိလေ့ မရှိတဲ့ အချက်ပါပဲ။ ဒီနည်းတွေဟာ သိပ္ပံနည်းကျ၊ စိတ်ပညာနည်းကျ ဖော် ထုတ်ထားတဲ့ လှည့်ကွက်တွေပါ။ သူတို့ တွင်တွင်ကြီး သုံးလေ့ရှိတဲ့ နည်းတွေက မသိသာလွန်းလို့ ဝယ်သူတွေက လှည့်စားခံလိုက်ရမှန်းတောင် မသိလိုက်ကြပါဘူး။ဒီတော့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ သုံးလေ့ရှိတဲ့ လှည့်ကွက်တွေကဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

ဈေးဝယ်စင်တာကြီးတွေ။

ဝယ်သူတွေလက်ထဲက ပိုက်ဆံတွေ များများထွက်လာစေဖို့ မသိမသာ နည်းလမ်းတွေသုံးပြီး လုပ်တဲ့လုပ်ငန်းတွေထဲမှာ ဈေးဝယ်စင်တာတွေလည်း ထိပ်ဆုံးက ပါပါတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်ကတော့ ဝင်ပေါက်ကတည်းက စပါတယ်။ ဝယ်သူဟာ ဈေးဝယ်စင်တာကြီးထဲ ဝင်သွားလိုက်ပြီဆိုတာနဲ့ အေးမြလုံခြုံတဲ့ အငွေ့အသက်၊
အဝင်ဝမှာ မြင်ရတဲ့ ပန်းရောင်စုံ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်ကို မြင်ပြီး ချက်ချင်း စိတ်ကြည်လင်လန်းဆန်းသွားပါတော့တယ်။ ဒါ့ပြင် ပန်းရနံ့သင်းသင်း ပျံ့ပျံ့၊ လတ်လတ်ဆတ်ဆတ် ကြက်ကြော်နံ့၊ အခုမှ ဖုတ်ထားတဲ့ ပေါင်မုန့်နံ့တွေကလည်း ကိုယ့်နှာခေါင်းထဲ အလုအယက် တိုးဝင်လာဦးမှာပါ။ ကိုယ်သိပ်ကြိုက်တဲ့
သီချင်းသံကိုလည်း ညိမ့်ညိမ့်ညောင်းညောင်း ကြားရပါဦးမယ်။ ဒါတွေအားလုံးက ဈေးဝယ်စင်တာထဲ ဝင်လာတဲ့လူတွေကို စိတ်ကြည်နူးသွားအောင် လုပ်ပေးပါတယ်။ လူတွေဟာ စိတ်ကြည်လင်ရွှင်လန်းနေပြီဆိုရင် ပိုက်ဆံကို ပိုသုံးတတ်ကြတယ်လေ။ သူတို့နည်းက ဒါတွေ အကုန်ပဲလားဆိုတော့ လုံးဝမဟုတ်ပါဘူး။ ပစ္စည်းတွေ ထားတဲ့ စင်တွေမှာဆိုရင် ဝယ်သူရဲ့မျက်လုံးနဲ့ တည့်တည့်လောက်ကျတဲ့ စင်အဆင့်မှာ ဒါမှမဟုတ် ဝယ်သူက အောက်ဘက် နည်းနည်းလှမ်းကြည့်လိုက်လို့ တည့်တည့်တွေ့ရမယ့်နေရာလောက်မှာ ဈေးအကြီးဆုံးဆိုတဲ့ပစ္စည်းကို ထားလေ့ရှိပါတယ်။ အလွယ် တကူ တွေ့တဲ့ပစ္စည်းကိုဆိုရင် လူတွေက ပိုဝယ်လေ့ရှိတယ်လေ။ ဈေးသက်သာတဲ့ ပစ္စည်းတွေကိုဆိုရင်တော့ နည်းနည်းတွေ့ရခက်တဲ့နေရာ ဥပမာအားဖြင့် အပေါ်ဘက်မော့ကြည့်ရမယ့်အဆင့်လောက်မှာ ထားလေ့ရှိပါတယ်။

zawgyi version
"ဝယ္သူေတြရဲ႕အိတ္ထဲက ပိုက္ဆံေတြ ပိုထြက္လာေစဖို႔ စီးပြားေရးလုပ္ငန္းရွင္ေတြ သုံးတဲ့ လွည့္ကြက္ေတြ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၆

ကုမၸဏီေတြက ထုတ္လုပ္တဲ့ ပစၥည္းေတြ ဒါမွမဟုတ္ အဲဒီကုမၸဏီက ေပးတဲ့ ဝန္ေဆာင္မႈေတြကို လူေတြ မ်ားမ်ားဝယ္သုံးေလ အဲဒီကုမၸဏီ ပိုက္ဆံရေလပါပဲ။ ဒါကေတာ့ အင္မတန္ကို႐ိုးရွင္းပါတယ္။ ဒါေပမဲ့ သူတို႔ေရာင္းတဲ့ ပစၥည္းမွန္သမွ်၊ ဝန္ ေဆာင္မႈမွန္သမွ်ကို လူေတြ မဝယ္ ဝယ္ေအာင္ ကုမၸဏီေတြ၊ လုပ္ငန္းရွင္ေတြကမသိမသာ လွည့္ကြက္ေလးေတြ ထည့္သုံးေလ့ရွိတာကေတာ့ ဝယ္သူေတြ သတိထားမိေလ့ မရွိတဲ့ အခ်က္ပါပဲ။ ဒီနည္းေတြဟာ သိပၸံနည္းက်၊ စိတ္ပညာနည္းက် ေဖာ္ ထုတ္ထားတဲ့ လွည့္ကြက္ေတြပါ။ သူတို႔ တြင္တြင္ႀကီး သုံးေလ့ရွိတဲ့ နည္းေတြက မသိသာလြန္းလို႔ ဝယ္သူေတြက လွည့္စားခံလိုက္ရမွန္းေတာင္ မသိလိုက္ၾကပါဘူး။ဒီေတာ့ ကုမၸဏီေတြ၊ လုပ္ငန္းရွင္ေတြ သုံးေလ့ရွိတဲ့ လွည့္ကြက္ေတြကဘာေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

ေဈးဝယ္စင္တာႀကီးေတြ။

ဝယ္သူေတြလက္ထဲက ပိုက္ဆံေတြ မ်ားမ်ားထြက္လာေစဖို႔ မသိမသာ နည္းလမ္းေတြသုံးၿပီး လုပ္တဲ့လုပ္ငန္းေတြထဲမွာ ေဈးဝယ္စင္တာေတြလည္း ထိပ္ဆုံးက ပါပါတယ္။ သူတို႔ရဲ႕လုပ္ငန္းစဥ္ကေတာ့ ဝင္ေပါက္ကတည္းက စပါတယ္။ ဝယ္သူဟာ ေဈးဝယ္စင္တာႀကီးထဲ ဝင္သြားလိုက္ၿပီဆိုတာနဲ႔ ေအးျမလုံၿခဳံတဲ့ အေငြ႕အသက္၊အဝင္ဝမွာ ျမင္ရတဲ့ ပန္းေရာင္စုံ၊ ဟင္းသီးဟင္း႐ြက္ လတ္လတ္ဆတ္ဆတ္ကို ျမင္ၿပီး ခ်က္ခ်င္း စိတ္ၾကည္လင္လန္းဆန္းသြားပါေတာ့တယ္။ ဒါ့ျပင္ ပန္းရနံ႔သင္းသင္း ပ်ံ႕ပ်ံ႕၊ လတ္လတ္ဆတ္ဆတ္ ၾကက္ေၾကာ္နံ႔၊ အခုမွ ဖုတ္ထားတဲ့ ေပါင္မုန႔္နံ႔ေတြကလည္း ကိုယ့္ႏွာေခါင္းထဲ အလုအယက္ တိုးဝင္လာဦးမွာပါ။ ကိုယ္သိပ္ႀကိဳက္တဲ့သီခ်င္းသံကိုလည္း ညိမ့္ညိမ့္ေညာင္းေညာင္း ၾကားရပါဦးမယ္။ ဒါေတြအားလုံးက ေဈးဝယ္စင္တာထဲ ဝင္လာတဲ့လူေတြကို စိတ္ၾကည္ႏူးသြားေအာင္ လုပ္ေပးပါတယ္။ လူေတြဟာ စိတ္ၾကည္လင္႐ႊင္လန္းေနၿပီဆိုရင္ ပိုက္ဆံကို ပိုသုံးတတ္ၾကတယ္ေလ။ သူတို႔နည္းက ဒါေတြ အကုန္ပဲလားဆိုေတာ့ လုံးဝမဟုတ္ပါဘူး။ ပစၥည္းေတြ ထားတဲ့ စင္ေတြမွာဆိုရင္ ဝယ္သူရဲ႕မ်က္လုံးနဲ႔ တည့္တည့္ေလာက္က်တဲ့ စင္အဆင့္မွာ ဒါမွမဟုတ္ ဝယ္သူက ေအာက္ဘက္ နည္းနည္းလွမ္းၾကည့္လိုက္လို႔ တည့္တည့္ေတြ႕ရမယ့္ေနရာေလာက္မွာ ေဈးအႀကီးဆုံးဆိုတဲ့ပစၥည္းကို ထားေလ့ရွိပါတယ္။ အလြယ္ တကူ ေတြ႕တဲ့ပစၥည္းကိုဆိုရင္ လူေတြက ပိုဝယ္ေလ့ရွိတယ္ေလ။ ေဈးသက္သာတဲ့ ပစၥည္းေတြကိုဆိုရင္ေတာ့ နည္းနည္းေတြ႕ရခက္တဲ့ေနရာ ဥပမာအားျဖင့္ အေပၚဘက္ေမာ့ၾကည့္ရမယ့္အဆင့္ေလာက္မွာ ထားေလ့ရွိပါတယ္။

လူမှုကွန်ရက်မီဒီယာတွေ။

လူမှုကွန်ရက်မီဒီယာတွေ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်နဲ့ အင်စတက်ဂရမ်ကို လူတွေ အစွဲကြီး စွဲကြပါတယ်။ ဒါ မဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ ဒီလိုစွဲနေအောင် ဖေ့စ်ဘွတ်ခ်နဲ့ အင်စတက်ဂရမ် ပိုင်ရှင်က စနစ်တကျ စီမံထားတာမို့လို့ပါပဲ။ ဖေ့စ်ဘွတ်ခ်က ထူးချွန်ပေ့ဆိုတဲ့ ကွန်ပျူတာသိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ ထောင်ပေါင်းများစွာ ခန့်ထားပြီး ဖေ့စ်ဘွတ်ကို လူတွေ အစွဲကြီး စွဲအောင် လုပ်ခိုင်းထားပါတယ်။ ဒီပညာရှင်တွေတီထွင်သမျှထဲမှာ လူကြိုက်အများဆုံးကတော့ အားလုံးကြိုက်တဲ့ Like ခလုတ်လေးပါပဲ။ နောက်တစ်ခုကတော့ ဖေ့စ်ဘွတ်ပေါ်မှာ လူတွေ ကြာနိုင်သမျှ ကြာကြာနေအောင်ပါပဲ။ ဖေ့စ်ဘွတ်ကို လူတွေ အကြာကြီး သုံးနေအောင်ပေါ့။ လူတွေကလည်း ဖေ့စ်ဘွတ်အက်ပလီကေးရှင်းကို အလကား သုံးရတာပဲ၊ ပိုက်ဆံပေးစရာမှ မလိုတာဆိုပြီး အချိန်ကုန်ခံသုံးကြပါတယ်။ ဒါပေမဲ့ ဒီအဖိုးအခတွေကို ကြော်ငြာရှင်တွေက ကျခံပေးထားတာပါ။ အားလုံးသိတဲ့အတိုင်း ဖေ့စ်ဘွတ်မှာ ကြော်ငြာချင်ရင် ပိုက်ဆံတွေ အများကြီးပေးရပါတယ်။ လူတွေ ဖေ့စ်ဘွတ်အကြာကြီး သုံးတော့ ကြော်ငြာတွေလည်း ကြည့်ပြီးသား၊ ကြိုက်တာတွေ့ရင် ဝယ်ပြီးသား ဖြစ်လို့ဖေ့စ်ဘွတ်က လူတွေ ဖေ့စ်ဘွတ်ကို စွဲနေအောင် နည်းပေါင်းစုံနဲ့လုပ်ထားတာပါ။

zawgyi version
လူမႈကြန္ရက္မီဒီယာေတြ။

လူမႈကြန္ရက္မီဒီယာေတြ အထူးသျဖင့္ ေဖ့စ္ဘြတ္ခ္နဲ႔ အင္စတက္ဂရမ္ကို လူေတြ အစြဲႀကီး စြဲၾကပါတယ္။ ဒါ မဆန္းပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ လူေတြ ဒီလိုစြဲေနေအာင္ ေဖ့စ္ဘြတ္ခ္နဲ႔ အင္စတက္ဂရမ္ ပိုင္ရွင္က စနစ္တက် စီမံထားတာမို႔လို႔ပါပဲ။ ေဖ့စ္ဘြတ္ခ္က ထူးခြၽန္ေပ့ဆိုတဲ့ ကြန္ပ်ဴတာသိပၸံပညာရွင္ေတြနဲ႔ အင္ဂ်င္နီယာေတြ ေထာင္ေပါင္းမ်ားစြာ ခန႔္ထားၿပီး ေဖ့စ္ဘြတ္ကို လူေတြ အစြဲႀကီး စြဲေအာင္ လုပ္ခိုင္းထားပါတယ္။ ဒီပညာရွင္ေတြတီထြင္သမွ်ထဲမွာ လူႀကိဳက္အမ်ားဆုံးကေတာ့ အားလုံးႀကိဳက္တဲ့ Like ခလုတ္ေလးပါပဲ။ ေနာက္တစ္ခုကေတာ့ ေဖ့စ္ဘြတ္ေပၚမွာ လူေတြ ၾကာႏိုင္သမွ် ၾကာၾကာေနေအာင္ပါပဲ။ ေဖ့စ္ဘြတ္ကို လူေတြ အၾကာႀကီး သုံးေနေအာင္ေပါ့။ လူေတြကလည္း ေဖ့စ္ဘြတ္အက္ပလီေကးရွင္းကို အလကား သုံးရတာပဲ၊ ပိုက္ဆံေပးစရာမွ မလိုတာဆိုၿပီး အခ်ိန္ကုန္ခံသုံးၾကပါတယ္။ ဒါေပမဲ့ ဒီအဖိုးအခေတြကို ေၾကာ္ျငာရွင္ေတြက က်ခံေပးထားတာပါ။ အားလုံးသိတဲ့အတိုင္း ေဖ့စ္ဘြတ္မွာ ေၾကာ္ျငာခ်င္ရင္ ပိုက္ဆံေတြ အမ်ားႀကီးေပးရပါတယ္။ လူေတြ ေဖ့စ္ဘြတ္အၾကာႀကီး သုံးေတာ့ ေၾကာ္ျငာေတြလည္း ၾကည့္ၿပီးသား၊ ႀကိဳက္တာေတြ႕ရင္ ဝယ္ၿပီးသား ျဖစ္လို႔ေဖ့စ္ဘြတ္က လူေတြ ေဖ့စ္ဘြတ္ကို စြဲေနေအာင္ နည္းေပါင္းစုံနဲ႔လုပ္ထားတာပါ။

ကာစီနိုလောင်းကစားခန်းမကြီးတွေ။

ကာစီနိုလောင်းကစားရုံကြီးတွေက သူတို့ဆီ လာတဲ့လောင်းကစားသမားတွေလောင်း ပြီးရင်း ဆက်လောင်းနေအောင် စိတ်ပညာနဲ့ သိပ္ပံကို ပေါင်းစပ်ပြီး အထူးနည်းလမ်းတွေ စီမံဖော်စပ်ထားပါတယ်။ အဲဒီမှာ စားပွဲကြီးတွေ၊ မီးလုံးတွေ နေရာချထားတာကအစ ကြမ်းပြင်မှာခင်းထားတဲ့ ကောဇောအဆုံးအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တ ကျ လုပ်ထားတာပါ။ ပြီးတော့ ကာစီနိုအဆောက်အအုံတွေမှာ ထောင့်ချိုးအကွေ့တွေကို အများကြီးမထည့်ထားပါဘူး။ အဲဒီထောင့်ချိုးအကွေ့တွေက လူကို ဦးနှောက်သုံးစေလို့ပါတဲ့။ လောင်းကစားခန်းမတွေက လူတွေကို ဦးနှောက် သိပ်မသုံးစေချင်ဘူးလေ။ ဒါကြောင့် သူတို့က အကွေ့ထားမယ်ဆိုရင် ပြေပြေပြစ်ပြစ်အကွေ့လေးတွေပဲ ထားပါသတဲ့။ ပြီးတော့ ပိုက်ဆံထည့်ပြီးကစားရတဲ့ အဲဒီက လောင်းကစားစက်တွေကလည်း နောက်ဆုံးမှာ စက်ကပဲ နိုင်တဲ့စနစ်ကို ထည့်သွင်းထားတာပါ။ ဒါပေမဲ့ ကစားတဲ့လူက သူချည်းပဲ အမြဲရှုံးနေရင် ဆက်မကစားတော့တာမျိုးမဖြစ်စေဖို့ ဆယ်ခါမှာ တစ်ခါတော့ အဲဒီလူကို အနိုင်ပေးလိုက်ပါလိမ့်မယ်။ ဒီတော့ ဆယ်ခါမှာ တစ်ခါတော့ အဲဒီလူ ပိုက်ဆံရမှာဖြစ်ပြီး ကိုးခါကတော့ သူ့ပိုက်ဆံ ဆုံးမှာပေါ့။ လုပ်ငန်းရှင်တွေဟာဘယ်တော့မှာ အရှုံးမခံပါဘူး။ သူ့ဘက်က အမြဲ အသာစီးရနေအောင်ပဲ အပိုင် လုပ်ထားပြီးသားပါ။

zawgyi version
ကာစီႏိုေလာင္းကစားခန္းမႀကီးေတြ။

ကာစီႏိုေလာင္းကစား႐ုံႀကီးေတြက သူတို႔ဆီ လာတဲ့ေလာင္းကစားသမားေတြေလာင္း ၿပီးရင္း ဆက္ေလာင္းေနေအာင္ စိတ္ပညာနဲ႔ သိပၸံကို ေပါင္းစပ္ၿပီး အထူးနည္းလမ္းေတြ စီမံေဖာ္စပ္ထားပါတယ္။ အဲဒီမွာ စားပြဲႀကီးေတြ၊ မီးလုံးေတြ ေနရာခ်ထားတာကအစ ၾကမ္းျပင္မွာခင္းထားတဲ့ ေကာေဇာအဆုံးအားလုံးကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ စနစ္တ က် လုပ္ထားတာပါ။ ၿပီးေတာ့ ကာစီႏိုအေဆာက္အအုံေတြမွာ ေထာင့္ခ်ိဳးအေကြ႕ေတြကို အမ်ားႀကီးမထည့္ထားပါဘူး။ အဲဒီေထာင့္ခ်ိဳးအေကြ႕ေတြက လူကို ဦးေႏွာက္သုံးေစလို႔ပါတဲ့။ ေလာင္းကစားခန္းမေတြက လူေတြကို ဦးေႏွာက္ သိပ္မသုံးေစခ်င္ဘူးေလ။ ဒါေၾကာင့္ သူတို႔က အေကြ႕ထားမယ္ဆိုရင္ ေျပေျပျပစ္ျပစ္အေကြ႕ေလးေတြပဲ ထားပါသတဲ့။ ၿပီးေတာ့ ပိုက္ဆံထည့္ၿပီးကစားရတဲ့ အဲဒီက ေလာင္းကစားစက္ေတြကလည္း ေနာက္ဆုံးမွာ စက္ကပဲ ႏိုင္တဲ့စနစ္ကို ထည့္သြင္းထားတာပါ။ ဒါေပမဲ့ ကစားတဲ့လူက သူခ်ည္းပဲ အၿမဲရႈံးေနရင္ ဆက္မကစားေတာ့တာမ်ိဳးမျဖစ္ေစဖို႔ ဆယ္ခါမွာ တစ္ခါေတာ့ အဲဒီလူကို အႏိုင္ေပးလိုက္ပါလိမ့္မယ္။ ဒီေတာ့ ဆယ္ခါမွာ တစ္ခါေတာ့ အဲဒီလူ ပိုက္ဆံရမွာျဖစ္ၿပီး ကိုးခါကေတာ့ သူ႔ပိုက္ဆံ ဆုံးမွာေပါ့။ လုပ္ငန္းရွင္ေတြဟာဘယ္ေတာ့မွာ အရႈံးမခံပါဘူး။ သူ႔ဘက္က အၿမဲ အသာစီးရေနေအာင္ပဲ အပိုင္ လုပ္ထားၿပီးသားပါ။

စားသောက်ဆိုင်တွေ။

စားသောက်ဆိုင်တွေဟာလည်း ရိုးရိုးဟင်းပွဲကိုမှ လူစိတ်ဝင်စားအောင် နာမည်အမျိုးမျိုးပေးပြီး ရောင်းပါတယ်။ ပြီးရင် ဟင်းပွဲကိုပန်းကန်လှလှလေးထဲထည့်ပြီး လှတပတ လေးဖြစ်အောင် ပန်းပွင့်ပုံတွေဘာတွေနဲ့ပါ အလှဆင်ပါတယ်။ ဒါမှ စားသုံးသူက ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ ထင်သွားအောင်ပါ။ ပြီးတော့ အနီရောင်က စားချင်သောက်ချင်စိတ်ကို ဖြစ်စေတော့ ငရုတ်တောင့်အနီရောင်၊ ခရမ်းချဉ်သီးမှည့်၊ အရောင်တင်ငရုတ်သီးမှုန့်စတာတွေကိုလည်း ဟင်းပွဲထဲမှာ လှိုင်လှိုင်ကြီး သုံးပါလိမ့်ဦးမယ်။ ပြီး တော့ ဈေးကြီးတဲ့ ဟင်းပွဲကိုလည်း ဈေးကြီးတယ် မထင်ရအောင်စနစ်တကျ စီမံထားပါလိမ့်မယ်။ အဲဒါကတော့ menu ထဲမှာဆိုရင် တစ်သောင်းခွဲတန်ဟင်းပွဲကို ရှစ်ထောင်တန် ဟင်းပွဲနားမှာ ရေးမထားဘဲ နှစ်သောင်းတန် ဟင်းပွဲနားမှာ ကပ်ရေးထားတာမျိုးပေါ့။ တစ်သောင်းခွဲကို ရှစ်ထောင်နဲ့ တွဲမြင်လိုက်ရင် စားသုံးသူက ဈေးကြီးတယ်ဆိုပြီး လက်တွန့်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်သောင်းခွဲက နှစ်သောင်းနဲ့ယှဉ်လိုက်ရင်တော့နည်းတာမို့ ဈေးသက်သာတာပဲလို့ စားသုံးသူက ထင်ယောင်ထင်မှားဖြစ်သွားပြီး တစ်သောင်းခွဲတန် ဟင်းပွဲကို မှာပါလိမ့်မယ်။

zawgyi version
စားေသာက္ဆိုင္ေတြ။

စားေသာက္ဆိုင္ေတြဟာလည္း ႐ိုး႐ိုးဟင္းပြဲကိုမွ လူစိတ္ဝင္စားေအာင္ နာမည္အမ်ိဳးမ်ိဳးေပးၿပီး ေရာင္းပါတယ္။ ၿပီးရင္ ဟင္းပြဲကိုပန္းကန္လွလွေလးထဲထည့္ၿပီး လွတပတ ေလးျဖစ္ေအာင္ ပန္းပြင့္ပုံေတြဘာေတြနဲ႔ပါ အလွဆင္ပါတယ္။ ဒါမွ စားသုံးသူက ေပးရတဲ့ေဈးနဲ႔ တန္တယ္လို႔ ထင္သြားေအာင္ပါ။ ၿပီးေတာ့ အနီေရာင္က စားခ်င္ေသာက္ခ်င္စိတ္ကို ျဖစ္ေစေတာ့ င႐ုတ္ေတာင့္အနီေရာင္၊ ခရမ္းခ်ဥ္သီးမွည့္၊ အေရာင္တင္င႐ုတ္သီးမႈန႔္စတာေတြကိုလည္း ဟင္းပြဲထဲမွာ လႈိင္လႈိင္ႀကီး သုံးပါလိမ့္ဦးမယ္။ ၿပီး ေတာ့ ေဈးႀကီးတဲ့ ဟင္းပြဲကိုလည္း ေဈးႀကီးတယ္ မထင္ရေအာင္စနစ္တက် စီမံထားပါလိမ့္မယ္။ အဲဒါကေတာ့ menu ထဲမွာဆိုရင္ တစ္ေသာင္းခြဲတန္ဟင္းပြဲကို ရွစ္ေထာင္တန္ ဟင္းပြဲနားမွာ ေရးမထားဘဲ ႏွစ္ေသာင္းတန္ ဟင္းပြဲနားမွာ ကပ္ေရးထားတာမ်ိဳးေပါ့။ တစ္ေသာင္းခြဲကို ရွစ္ေထာင္နဲ႔ တြဲျမင္လိုက္ရင္ စားသုံးသူက ေဈးႀကီးတယ္ဆိုၿပီး လက္တြန႔္ပါလိမ့္မယ္။ ဒါေပမဲ့ တစ္ေသာင္းခြဲက ႏွစ္ေသာင္းနဲ႔ယွဥ္လိုက္ရင္ေတာ့နည္းတာမို႔ ေဈးသက္သာတာပဲလို႔ စားသုံးသူက ထင္ေယာင္ထင္မွားျဖစ္သြားၿပီး တစ္ေသာင္းခြဲတန္ ဟင္းပြဲကို မွာပါလိမ့္မယ္။

Related news

© 2021. All rights reserved.