မြန်မာ နှင့် ရင်းနှီးသောနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများကို ခရီးသွားလုပ်ငန်း၌ အဓိကဈေးကွက်အဖြစ် ကနဦးဖော်ဆောင်ရန် နစကဒုဥက္ကဋ္ဌဆို

 4935

မျိုးကြီး (NP News) - ဒီဇင်ဘာ ၇

မြန်မာ နှင့် ရင်းနှီးသောနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများကို ခရီးသွားလုပ်ငန်း၌ အဓိကဈေးကွက်အဖြစ် ကနဦးသတ်မှတ်ဖော်ဆောင်ရန် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

နစက ဒုဥက္ကဋ္ဌက ဒီဇင်ဘာလ ၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများစနစ်တကျဖွံ့ဖြိုးရန် ဆောင်ရွက်ရာတွင် နိုင်ငံသို့ ရောက်ရှိလည်ပတ်သည့်အချိန်မှစ၍ ပြန်လည်ထွက်ခွာသည့်အချိန်အထိ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာမှုလွယ်ကူစေရေးဆောင်ရွက်ထားရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိပွင့်လင်းရာသီမှစ၍ ခရီးသွားလုပ်ငန်းများပုံမှန် လည်ပတ်လာပြီဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရင်းနှီးကာဆက်ဆံရေး ကောင်းမွန်သည့် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို အဓိကရည်မှန်းဈေးကွက်များအဖြစ် ကနဦးသတ်မှတ်ဖော်ဆောင် သွားရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

နိုင်ငံအတွင်း လည်ပတ်ကြမည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ခရီးသွားလာမှုလွယ်ကူချောမွေ့စေရေးနှင့် လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးသည် အရေး ကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် စွန့်ဦးတီထွင်မှုနှင့်အတူ ခရီးသွားထုတ်ကုန်များဖွံ့ဖြိုးလာရန်နှင့် ဈေးကွက်များပြန်လည်ရှင်သန်အားကောင်းလာရေးအတွက် ဆောင်ရွက်ရန် အထူးလိုအပ်နေကြောင်း နစကဒုဥက္ကဋ္ဌက ပြော သည်။

မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း လက်ရှိတွင် နိုင်ငံပေါင်း(၁ဝဝ)ကျော်မှ နိုင်ငံခြားခရီးသွားများ ဝင်ရောက်လည်ပတ်လျက်ရှိပြီး တရုတ်နိုင်ငံမှာ အများဆုံးဝင်ရောက်ထားကြောင်း သိရသည်။

zawgyi version
ျမန္မာ ႏွင့္ ရင္းႏွီးေသာႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားကို ခရီးသြားလုပ္ငန္း၌ အဓိကေဈးကြက္အျဖစ္ ကနဦးေဖာ္ေဆာင္ရန္ နစကဒုဥကၠ႒ဆို
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၇

ျမန္မာ ႏွင့္ ရင္းႏွီးေသာႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားကို ခရီးသြားလုပ္ငန္း၌ အဓိကေဈးကြက္အျဖစ္ ကနဦးသတ္မွတ္ေဖာ္ေဆာင္ရန္ နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

နစက ဒုဥကၠ႒က ဒီဇင္ဘာလ ၆ ရက္တြင္ ေနျပည္ေတာ္၌ ျပဳလုပ္ေသာ အမ်ိဳးသားခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မတီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္းမ်ားစနစ္တက်ဖြံ႕ၿဖိဳးရန္ ေဆာင္႐ြက္ရာတြင္ ႏိုင္ငံသို႔ ေရာက္ရွိလည္ပတ္သည့္အခ်ိန္မွစ၍ ျပန္လည္ထြက္ခြာသည့္အခ်ိန္အထိ ခရီးသြားဧည့္သည္မ်ား ဝင္ထြက္သြားလာမႈလြယ္ကူေစေရးေဆာင္႐ြက္ထားရန္လိုအပ္ေၾကာင္း ၎က ဆိုသည္။

လက္ရွိပြင့္လင္းရာသီမွစ၍ ခရီးသြားလုပ္ငန္းမ်ားပုံမွန္ လည္ပတ္လာၿပီျဖစ္ၿပီး ျမန္မာႏိုင္ငံႏွင့္ ရင္းႏွီးကာဆက္ဆံေရး ေကာင္းမြန္သည့္ ႏိုင္ငံမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားကို အဓိကရည္မွန္းေဈးကြက္မ်ားအျဖစ္ ကနဦးသတ္မွတ္ေဖာ္ေဆာင္ သြားရမည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

ႏိုင္ငံအတြင္း လည္ပတ္ၾကမည့္ ျပည္တြင္းျပည္ပခရီးသြားဧည့္သည္မ်ား ခရီးသြားလာမႈလြယ္ကူေခ်ာေမြ႕ေစေရးႏွင့္ လုံၿခဳံစိတ္ခ်စြာ ခရီးသြားလာႏိုင္ေရးသည္ အေရး ႀကီးသည့္အခန္းက႑တြင္ ပါဝင္ေနေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ျမန္မာ့ခရီးသြားလုပ္ငန္း ျပန္လည္ဦးေမာ့လာေစရန္ စြန႔္ဦးတီထြင္မႈႏွင့္အတူ ခရီးသြားထုတ္ကုန္မ်ားဖြံ႕ၿဖိဳးလာရန္ႏွင့္ ေဈးကြက္မ်ားျပန္လည္ရွင္သန္အားေကာင္းလာေရးအတြက္ ေဆာင္႐ြက္ရန္ အထူးလိုအပ္ေနေၾကာင္း နစကဒုဥကၠ႒က ေျပာ သည္။

ျမန္မာႏိုင္ငံ၌ ခရီးသြားလုပ္ငန္းျပန္လည္ဖြင့္လွစ္ၿပီးေနာက္ပိုင္း လက္ရွိတြင္ ႏိုင္ငံေပါင္း(၁ဝဝ)ေက်ာ္မွ ႏိုင္ငံျခားခရီးသြားမ်ား ဝင္ေရာက္လည္ပတ္လ်က္ရွိၿပီး တ႐ုတ္ႏိုင္ငံမွာ အမ်ားဆုံးဝင္ေရာက္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.