"ညီအစ်မနှစ်ယောက်က အမျိုးသားတစ်ယောက်တည်းနဲ့ရတဲ့ အမြွှာကလေး နှစ်စုံကို တစ်ရက်တည်းမှာ မွေးဖွား" (ထူးခြားသုတဆောင်းပါး)

 9730

ဝတီ (NP News) - ဒီဇင်ဘာ ၇

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ အန်နီနဲ့ ခရစ္စဆီ (Annie and Chrissy) ဆိုတဲ့ ညီအစ်မဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပါတယ်။ သူတို့ဟာအိမ် ထောင်ကိုယ်စီနဲ့ပါ။ ခရစ္စစီက အိမ်ထောင်ကျပြီး သားလေးနှစ်ယောက် ရနေပေမယ့် အန်နီနဲ့ သူ့ခင်ပွန်းကတော့ ကလေးရဖို့ ခေတ်မီဆေးပညာအကူအညီနဲ့ ငါးနှစ်လုံးလုံး အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှမရပါဘူး။ ခေတ်မီ ဆေးပညာအကူအညီနဲ့ ကလေးရဖို့ လုပ်ရတာဟာငွေကုန်ကြေးကျ အရမ်းများပါတယ်။ ကြာလာတော့ သူတို့ဇနီးမောင်နှံလည်း စိတ်အရမ်းပင်ပန်းလာပြီး လက်လျှော့ဖို့ စဉ်းစားလာပါတော့တယ်။ အန်နီက သူငွေကုန်ကြေးကျ အများကြီးခံပြီး ကြိုးစားပေမယ့် ထွက်လာတဲ့ရလဒ်က မကောင်းတိုင်း အစ်မဖြစ်သူ ခရစ္စဆီ ဆီမှာ သွားငိုတော့တာပါပဲ။ ခရစ္စဆီကလည်း သူ သိပ်ချစ်ရတဲ့ ညီမလေး ဒီလို ငါးနှစ်လုံးလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေတာကို မကြည့်ရက်တော့ပါဘူး။

ဒါနဲ့ပဲ သူ့ညီမ ကလေးရအောင် သူ ဘယ်လိုကူညီပေးနိုင်မလဲဆိုပြီး နည်းလမ်း ရှာပါတော့တယ်။ ပြီးတော့ သူက ညီမဖြစ်သူကို ဒီကိစ္စမှာ လက်မလျှော့ဖို့၊ ဖန်ပြွန်သန္ဓေသားနည်းနဲ့ပဲ နောက်ဆုံးအကြိမ်အဖြစ် ဆက်ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါနဲ့ပဲ ဆရာဝန်က အန်နီရဲ့ မမျိုးဥနဲ့ သူ့ခင်ပွန်းဂျိုဘီ ( Joby) ရဲ့ သုတ်ပိုး ပေါင်းစပ်ထားရာက ဖြစ်တည်လာတဲ့ သန္ဓေသားလောင်း နှစ်ခုကို သူ့ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ အစ်မဖြစ်သူရဲ့ စကားကို နားထောင်လိုက်တာ အဲဒီနောက်ဆုံးတစ်ခေါက်မှာပဲ သူ ကိုယ်ဝန်ရသွားပါတော့တယ်။ နောက်ပိုင်းကျမှ သူ့ဗိုက်ထဲမှာ ကလေးက တစ်ယောက်တည်း မဟုတ်ဘဲနှစ်ယောက်တောင် ဖြစ်နေမှန်း သိလိုက်ရပါတယ်။ ပိုပြီးအံ့သြဖို့ကောင်းတာက အဲဒီအချိန်လောက်မှာပဲ ခရစ္စဆီလည်း ကိုယ်ဝန်ရသွားပြီး သူလည်း အမြွှာလေးပါပဲတဲ့။ ညီအစ်မ နှစ်ယောက်ကိုယ်ဝန်ရတာ တပြိုင်တည်းလိုလိုပဲဆိုတော့ မွေးတော့လည်း တစ်ရက်တည်းပဲ မွေးပါတယ်။ ဒီတော့ အဲဒီတစ်ရက်တည်းမှာပဲ သူတို့မိသားစုထဲမှာ ကလေးလေးယောက် တိုးလာတာပေါ့။ ခရစ္စဆီက ကျန်းမာသန်စွမ်းတဲ့ သားလေးနှစ်ယောက် မွေးပြီး အန်နီက ကျန်းမာသန်စွမ်းတဲ့မိန်းကလေးနှစ်ယောက် မွေးတာပါ။ ဒီတော့ ဒီကိစ္စရပ်ကြီးတစ်ခုလုံးဟာ တကယ်ပဲ တိုက်ဆိုင်မှုသက်သက်လားဆိုတာ မေးခွန်း ထုတ်စရာဖြစ်နေပါတော့တယ်။

မဟုတ်ပါဘူး။ ခရစ္စဆီက သူ့ညီမ ကလေးမရနိုင်လို့အကြီးအကျယ် စိတ်ညစ်နေတာကို မကြည့်ရက်တော့တဲ့အဆုံး ဝင်ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ အန်နီကလေး မရနိုင်ဖြစ်နေတာ အန်နီ့ခန္ဓာကိုယ်မှာ ချို့ယွင်းချက်ရှိနေလို့လား၊ ဒါဆိုရင် သူကပဲ အငှားကိုယ်ဝန်ဆောင် ပေးပါ့မယ်လို့ အစ်မဖြစ်သူ ခရစ္စဆီကကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ သူက ညီမဖြစ်သူ အန်နီကိုလည်း နောက်ဆုံးအကြိမ်အနေနဲ့ စမ်းကြည့်ခိုင်းပါတယ်။ ဒါနဲ့ပဲ ဆရာဝန်ကညီအစ်မနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို သန္ဓေသားလောင်း နှစ်ခုစီ ထည့်ပေးလိုက်တာပါ။ အန်နီရဲ့ မမျိုးဥနဲ့ အန်နီ့ခင်ပွန်း ဂျိုဘီရဲ့ သုတ်ပိုးပေါင်းစပ်ရာက ဖြစ်တည်လာတဲ့ သန္ဓေသားလောင်းတွေဆိုတော့ဒီကလေး လေးယောက်လုံးက အန်နီတို့ ဇနီးမောင်နှံရဲ့ သွေးသားရင်းချာတွေချည်းပါပဲ။ ဒါကြောင့် အန်နီတို့ဇနီးမောင်နှံဟာ ငါးနှစ်လုံးလုံးကြိုးစားနေတုန်းက ကလေး တစ်ယောက်မှ မရပေမယ့် အခုကျမှပဲကလေး လေးယောက် တပြိုင်တည်း အစု လိုက်အပြုံလိုက် ရသွားတော့တာပါ။ ကလေး လေးယောက်မှာ နှစ်ယောက်ကိုတော့ ခရစ္စဆီက အငှားကိုယ်ဝန် ဝင်ဆောင်ပေးခဲ့တာပေါ့။ သန္ဓေသားလောင်း လေးခုလုံးအခုလို အဖတ်တင်သွားလိမ့်မယ်လို့ ညီအစ်မ နှစ်ယောက်က မထင်မိလို့ယူလိုက် တာပါ။

လေးခုထဲမှာ အနည်းဆုံး တစ်ခုတော့ အဖတ်တင်မှာပါလေလို့ပဲ သူတို့က တွေးခဲ့မိကြတာပါ။ ဒါပေမဲ့ ထင်သလို မဟုတ်ဘဲ လေးခုလုံး အဖတ်တင်သွားတာ ဖြစ်ပါတယ်။ "အစ်မက ဒီလို ကြားဝင်ပြီး ကူညီပေးခဲ့တာ ကျွန်မတို့မှာ ကျေးဇူးတင်လို့ မဆုံးပါဘူး။ ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ ကိုယ်ဝန် ဆောင်ဖူးတဲ့လူတိုင်း သိကြတာပဲလေ။ ဒါပေမဲ့ သူက ဒါကို မညီးမညူပဲ လုပ်ပေးခဲ့တယ်။ ဟော..အခု ကလေးမွေးလာတော့လည်း သူက ဝင်ပြီး ကလေးထိန်းပေး
ပြန်တယ်"လို့ အန်နီက သူ့အစ်မရဲ့ကျေးဇူးတရားနဲ့ပတ်သက်လို့ပြောပါတယ်။

အန်နီတို့ဇနီးမောင်နှံဟာ သူတို့ဘဝထဲကို ကလေး လေးယောက် တပြိုင်တည်း ရောက်လာတာဆိုတော့ အရမ်းပင်ပန်းတာပေါ့။ ဒါကြောင့် အရှေ့မှာ ကလေးနှစ်ယောက် မွေးထားဖူးတဲ့ အစ်မဖြစ်သူ ခရစ္စဆီကပဲ ကလေးထိန်းတဲ့နေရာမှာလည်း ဝင်ပြီး ကူညီပေးပြန်တာပါ။ အန်နီတို့ဇနီးမောင်နှံကတော့ ကလေးလေးယောက်တောင်ရလာတော့ ပျော်လည်း ပျော်ရ ၊ ပင်လည်း ပင်ပန်းရနဲ့ပေါ့။ ဒါပေမဲ့ကံ ကောင်းချင်တော့ သူတို့ သိပ်အားကိုးအားထားရတဲ့ ခရစ္စဆီက ခုနစ်အိမ်ကျော်မှာတင်နေတာပါ။ ဒီတော့ သူတို့ အရမ်းကြီးတော့ ပူပင်စရာ မလိုဘူးပေါ့။ ဒါ့ပြင် လေးမြွှာပူးလေးမှာ ဝမ်းကွဲအစ်ကိုနှစ်ယောက်လည်း ရှိတယ်လေ။ အဲဒီအစ်ကိုကြီးနှစ်ယောက်ကတော့ ခရစ္စဆီရဲ့ သားနှစ်ယောက်ပါပဲ။ ဒီတော့ ဒီလေးမြွှာပူးလေးတွေရဲ့ ဘဝဟာ အစစအရာရာ ပြည့်စုံနေပြီပေါ့။

zawgyi version
"ညီအစ္မႏွစ္ေယာက္က အမ်ိဳးသားတစ္ေယာက္တည္းနဲ႔ရတဲ့ အႁမႊာကေလး ႏွစ္စုံကို တစ္ရက္တည္းမွာ ေမြးဖြား" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၇

အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္တဲ့ အန္နီနဲ႔ ခရစၥဆီ (Annie and Chrissy) ဆိုတဲ့ ညီအစ္မဟာ တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ခ်စ္ၾကပါတယ္။ သူတို႔ဟာ
အိမ္ေထာင္ကိုယ္စီနဲ႔ပါ။ ခရစၥစီက အိမ္ေထာင္က်ၿပီး သားေလးႏွစ္ေယာက္ ရေန ေပမယ့္ အန္နီနဲ႔ သူ႔ခင္ပြန္းကေတာ့ ကေလးရဖို႔ ေခတ္မီေဆးပညာအကူအညီနဲ႔ ငါးႏွစ္လုံးလုံး အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ ဘယ္လိုမွမရပါဘူး။ ေခတ္မီ ေဆးပညာအကူအညီနဲ႔ ကေလးရဖို႔ လုပ္ရတာဟာေငြကုန္ေၾကးက် အရမ္းမ်ားပါတယ္။ ၾကာလာေတာ့ သူတို႔ဇနီးေမာင္ႏွံလည္း စိတ္အရမ္းပင္ပန္းလာၿပီး လက္ေလွ်ာ့ဖို႔ စဥ္းစားလာပါေတာ့တယ္။ အန္နီက သူေငြကုန္ေၾကးက် အမ်ားႀကီးခံၿပီး ႀကိဳးစားေပမယ့္ ထြက္လာတဲ့ရလဒ္က မေကာင္းတိုင္း အစ္မျဖစ္သူ ခရစၥဆီ ဆီမွာ သြားငိုေတာ့တာပါပဲ။ ခရစၥဆီကလည္း သူ သိပ္ခ်စ္ရတဲ့ ညီမေလး ဒီလို ငါးႏွစ္လုံးလုံး စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ ျဖစ္ေနတာကို မၾကည့္ရက္ေတာ့ပါဘူး။

ဒါနဲ႔ပဲ သူ႔ညီမ ကေလးရေအာင္ သူ ဘယ္လိုကူညီေပးႏိုင္မလဲဆိုၿပီး နည္းလမ္း ရွာပါေတာ့တယ္။ ၿပီးေတာ့ သူက ညီမျဖစ္သူကို ဒီကိစၥမွာ လက္မေလွ်ာ့ဖို႔၊ ဖန္ႁပြန္သေႏၶသားနည္းနဲ႔ပဲ ေနာက္ဆုံးအႀကိမ္အျဖစ္ ဆက္ႀကိဳးစားၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။ ဒါနဲ႔ပဲ ဆရာဝန္က အန္နီရဲ႕ မမ်ိဳးဥနဲ႔ သူ႔ခင္ပြန္းဂ်ိဳဘီ ( Joby) ရဲ႕ သုတ္ပိုး ေပါင္းစပ္ထားရာက ျဖစ္တည္လာတဲ့ သေႏၶသားေလာင္း ႏွစ္ခုကို သူ႔ဗိုက္ထဲ ထည့္ေပးလိုက္ပါတယ္။ အစ္မျဖစ္သူရဲ႕ စကားကို နားေထာင္လိုက္တာ အဲဒီေနာက္ဆုံးတစ္ေခါက္မွာပဲ သူ ကိုယ္ဝန္ရသြားပါေတာ့တယ္။ ေနာက္ပိုင္းက်မွ သူ႔ဗိုက္ထဲမွာ ကေလးက တစ္ေယာက္တည္း မဟုတ္ဘဲႏွစ္ေယာက္ေတာင္ ျဖစ္ေနမွန္း သိလိုက္ရပါတယ္။ ပိုၿပီးအံ့ၾသဖို႔ေကာင္းတာက အဲဒီအခ်ိန္ေလာက္မွာပဲ ခရစၥဆီလည္း ကိုယ္ဝန္ရသြားၿပီး သူလည္း အႁမႊာေလးပါပဲတဲ့။ ညီအစ္မ ႏွစ္ေယာက္ကိုယ္ဝန္ရတာ တၿပိဳင္တည္းလိုလိုပဲဆိုေတာ့ ေမြးေတာ့လည္း တစ္ရက္တည္းပဲ ေမြးပါတယ္။ ဒီေတာ့ အဲဒီတစ္ရက္တည္းမွာပဲ သူတို႔မိသားစုထဲမွာ ကေလးေလးေယာက္ တိုးလာတာေပါ့။ ခရစၥဆီက က်န္းမာသန္စြမ္းတဲ့ သားေလးႏွစ္ေယာက္ ေမြးၿပီး အန္နီက က်န္းမာသန္စြမ္းတဲ့မိန္းကေလးႏွစ္ေယာက္ ေမြးတာပါ။ ဒီေတာ့ ဒီကိစၥရပ္ႀကီးတစ္ခုလုံးဟာ တကယ္ပဲ တိုက္ဆိုင္မႈသက္သက္လားဆိုတာ ေမးခြန္း ထုတ္စရာျဖစ္ေနပါေတာ့တယ္။

မဟုတ္ပါဘူး။ ခရစၥဆီက သူ႔ညီမ ကေလးမရႏိုင္လို႔အႀကီးအက်ယ္ စိတ္ညစ္ေနတာကို မၾကည့္ရက္ေတာ့တဲ့အဆုံး ဝင္ကူညီေပးခဲ့တာပဲ ျဖစ္ပါတယ္။ အန္နီကေလး မရႏိုင္ျဖစ္ေနတာ အန္နီ႔ခႏၶာကိုယ္မွာ ခ်ိဳ႕ယြင္းခ်က္ရွိေနလို႔လား၊ ဒါဆိုရင္ သူကပဲ အငွားကိုယ္ဝန္ေဆာင္ ေပးပါ့မယ္လို႔ အစ္မျဖစ္သူ ခရစၥဆီကကမ္းလွမ္းခဲ့တာပါ။ ဒါေပမဲ့ သူက ညီမျဖစ္သူ အန္နီကိုလည္း ေနာက္ဆုံးအႀကိမ္အေနနဲ႔ စမ္းၾကည့္ခိုင္းပါတယ္။ ဒါနဲ႔ပဲ ဆရာဝန္ကညီအစ္မႏွစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲကို သေႏၶသားေလာင္း ႏွစ္ခုစီ ထည့္ေပးလိုက္တာပါ။ အန္နီရဲ႕ မမ်ိဳးဥနဲ႔ အန္နီ႔ခင္ပြန္း ဂ်ိဳဘီရဲ႕ သုတ္ပိုးေပါင္းစပ္ရာက ျဖစ္တည္လာတဲ့ သေႏၶသားေလာင္းေတြဆိုေတာ့ဒီကေလး ေလးေယာက္လုံးက အန္နီတို႔ ဇနီးေမာင္ႏွံရဲ႕ ေသြးသားရင္းခ်ာေတြခ်ည္းပါပဲ။ ဒါေၾကာင့္ အန္နီတို႔ဇနီးေမာင္ႏွံဟာ ငါးႏွစ္လုံးလုံးႀကိဳးစားေနတုန္းက ကေလး တစ္ေယာက္မွ မရေပမယ့္ အခုက်မွပဲကေလး ေလးေယာက္ တၿပိဳင္တည္း အစု လိုက္အၿပဳံလိုက္ ရသြားေတာ့တာပါ။ ကေလး ေလးေယာက္မွာ ႏွစ္ေယာက္ကိုေတာ့ ခရစၥဆီက အငွားကိုယ္ဝန္ ဝင္ေဆာင္ေပးခဲ့တာေပါ့။ သေႏၶသားေလာင္း ေလးခုလုံးအခုလို အဖတ္တင္သြားလိမ့္မယ္လို႔ ညီအစ္မ ႏွစ္ေယာက္က မထင္မိလို႔ယူလိုက္ တာပါ။

ေလးခုထဲမွာ အနည္းဆုံး တစ္ခုေတာ့ အဖတ္တင္မွာပါေလလို႔ပဲ သူတို႔က ေတြးခဲ့မိၾကတာပါ။ ဒါေပမဲ့ ထင္သလို မဟုတ္ဘဲ ေလးခုလုံး အဖတ္တင္သြားတာ ျဖစ္ပါတယ္။ "အစ္မက ဒီလို ၾကားဝင္ၿပီး ကူညီေပးခဲ့တာ ကြၽန္မတို႔မွာ ေက်းဇူးတင္လို႔ မဆုံးပါဘူး။ ကိုယ္ဝန္ေဆာင္ရတာ ဘယ္ေလာက္အထိ ခက္ခဲတယ္ဆိုတာ ကိုယ္ဝန္ ေဆာင္ဖူးတဲ့လူတိုင္း သိၾကတာပဲေလ။ ဒါေပမဲ့ သူက ဒါကို မညီးမညဴပဲ လုပ္ေပးခဲ့တယ္။ ေဟာ..အခု ကေလးေမြးလာေတာ့လည္း သူက ဝင္ၿပီး ကေလးထိန္းေပး
ျပန္တယ္"လို႔ အန္နီက သူ႔အစ္မရဲ႕ေက်းဇူးတရားနဲ႔ပတ္သက္လို႔ေျပာပါတယ္။

အန္နီတို႔ဇနီးေမာင္ႏွံဟာ သူတို႔ဘဝထဲကို ကေလး ေလးေယာက္ တၿပိဳင္တည္း ေရာက္လာတာဆိုေတာ့ အရမ္းပင္ပန္းတာေပါ့။ ဒါေၾကာင့္ အေရွ႕မွာ ကေလးႏွစ္ေယာက္ ေမြးထားဖူးတဲ့ အစ္မျဖစ္သူ ခရစၥဆီကပဲ ကေလးထိန္းတဲ့ေနရာမွာလည္း ဝင္ၿပီး ကူညီေပးျပန္တာပါ။ အန္နီတို႔ဇနီးေမာင္ႏွံကေတာ့ ကေလးေလးေယာက္ေတာင္ရလာေတာ့ ေပ်ာ္လည္း ေပ်ာ္ရ ၊ ပင္လည္း ပင္ပန္းရနဲ႔ေပါ့။ ဒါေပမဲ့ကံ ေကာင္းခ်င္ေတာ့ သူတို႔ သိပ္အားကိုးအားထားရတဲ့ ခရစၥဆီက ခုနစ္အိမ္ေက်ာ္မွာတင္ေနတာပါ။ ဒီေတာ့ သူတို႔ အရမ္းႀကီးေတာ့ ပူပင္စရာ မလိုဘူးေပါ့။ ဒါ့ျပင္ ေလးႁမႊာပူးေလးမွာ ဝမ္းကြဲအစ္ကိုႏွစ္ေယာက္လည္း ရွိတယ္ေလ။ အဲဒီအစ္ကိုႀကီးႏွစ္ေယာက္ကေတာ့ ခရစၥဆီရဲ႕ သားႏွစ္ေယာက္ပါပဲ။ ဒီေတာ့ ဒီေလးႁမႊာပူးေလးေတြရဲ႕ ဘဝဟာ အစစအရာရာ ျပည့္စုံေနၿပီေပါ့။

Related news

© 2021. All rights reserved.