နွားထိုးကြီးမြို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား(၆)ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ

 4261

NP News - ဒီဇင်ဘာ ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် သေနတ်၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား(၆)ဦး၏ အလောင်းများကို လမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသား(၆)ဦး၏ အလောင်းများကို ဒီဇင်ဘာလ(၇)ရက်၊ နံနက်(၉)နာရီအချိန်ခန့်တွင် နွားထိုးကြီးမြိုနယ်၊ မင်းရွာကျေးရွာ၏ မြောက်ဘက် (၂)ဖာလုံခန့်အကွာရှိ လမ်းဘေးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲမှ ဆိုထားသည်။

ထိုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၎င်းတိုသည် မင်းရွာကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် ဦးမင်းဇော် (၄၁)နှစ်၊ ဦးစိုးပိုင်(၄၅)နှစ်၊ အိုရင်းကျေးရွာတွင် နေထိုင်သူ ဦးဟန်တင်(၅၂)နှစ်၊ ကိုအောင်ကိုမင်း(၂ဝ)နှစ်၊ ဦးကျော်ဆောင်(၆၅)နှစ်နှင့် မင်းရွာတွင် နေထိုင်သူ ဦးခင်မောင်စိန်(၄ဝ)နှစ်တို့ဖြစ် ကြောင်း သိရသည်။

အဆိုပါ အမျိုးသား(၆)ဦး၏ အလောင်းများကို နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ နေ့လည်(၁)နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် သေ နတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

သေဆုံးသူအမျိုးသားမှာ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာတွင် နေထိုင်သူ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းဟန်(၅၅)နှစ်ဆိုသူ ဖြစ်ပြီး နေအိမ်တွင် ရှိနေစဉ် အကြမ်းဖက်အင်အား(၁၅)ဦးခန့် ရောက်ရှိလာပြီး သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲမှ ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းဟန်သည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ ထုတ်ပြန်ထားသည်။

zawgyi version
ႏြားထိုးႀကီးၿမိဳ႕တြင္ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသား(၆)ဦး၏ အေလာင္းမ်ား လမ္းေဘး၌ေတြ႕ရွိ
NP News - ဒီဇင္ဘာ ၈

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ ေသနတ္၊ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသား(၆)ဦး၏ အေလာင္းမ်ားကို လမ္းေဘးတြင္ ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲမွ ထုတ္ျပန္ထားသည္။

အဆိုပါ အမ်ိဳးသား(၆)ဦး၏ အေလာင္းမ်ားကို ဒီဇင္ဘာလ(၇)ရက္၊ နံနက္(၉)နာရီအခ်ိန္ခန႔္တြင္ ႏြားထိုးႀကီးၿမိဳနယ္၊ မင္း႐ြာေက်း႐ြာ၏ ေျမာက္ဘက္ (၂)ဖာလုံခန႔္အကြာရွိ လမ္းေဘးတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲမွ ဆိုထားသည္။

ထိုေၾကာင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲမွ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ ၎တိုသည္ မင္း႐ြာေက်း႐ြာတြင္ ေနထိုင္သူမ်ားျဖစ္ၾကသည့္ ဦးမင္းေဇာ္ (၄၁)ႏွစ္၊ ဦးစိုးပိုင္(၄၅)ႏွစ္၊ အိုရင္းေက်း႐ြာတြင္ ေနထိုင္သူ ဦးဟန္တင္(၅၂)ႏွစ္၊ ကိုေအာင္ကိုမင္း(၂ဝ)ႏွစ္၊ ဦးေက်ာ္ေဆာင္(၆၅)ႏွစ္ႏွင့္ မင္း႐ြာတြင္ ေနထိုင္သူ ဦးခင္ေမာင္စိန္(၄ဝ)ႏွစ္တို႔ျဖစ္ ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသား(၆)ဦး၏ အေလာင္းမ်ားကို ႏြားထိုးႀကီးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ ေန႔လည္(၁)နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္တြင္ ေသ နတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ေသဆုံးသူအမ်ိဳးသားမွာ ငါန္းဇြန္ၿမိဳ႕နယ္၊ ဆင္ျဖဴကုန္းေက်း႐ြာတြင္ ေနထိုင္သူ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးဝင္းဟန္(၅၅)ႏွစ္ဆိုသူ ျဖစ္ၿပီး ေနအိမ္တြင္ ရွိေနစဥ္ အၾကမ္းဖက္အင္အား(၁၅)ဦးခန႔္ ေရာက္ရွိလာၿပီး ေသနတ္မ်ားျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲမွ ဆိုသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးဝင္းဟန္သည္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.