ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး နှင့် အတွင်းရေးမှူးတို့ကို နှစ်ရှည်ထောင်ဒဏ်များချမှတ်

1760

NP News - ဒီဇင်ဘာ ၈
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး နှင့် အတွင်းရေးမှူးတို့ကို ယနေ့ (ဒီဇင်ဘာလ ၈ ရက်)တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံမှ သိရသည်။
ယင်းတို့သည် နစကလက်ထက်က ခန့်အပ်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များဖြစ်သည်။ ယင်းတို့အား အဂတိလိုက်စားမှုများဖြင့် သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ဇွန်လ ၁၄ ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ကာ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို ထောင်ဒဏ် ၁၅ နှစ်၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို ထောင်ဒဏ် အနှစ် ၂ဝ နှင့် တိုင်းဒေသကြီးအတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်ကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး နှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရမြေများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအဆုံးအဖြတ်ဖြင့် ၂ဝ၂၁ ခုနှစ် ဇွန်လ ၂၂ ရက် မှ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်ထိ မြေကွက်များ ရောင်းချပေးခဲ့ရာတွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂ဝ၁၇ ကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ မြို့နယ်များအလိုက် ကာလတန်ဖိုး သတ်မှတ်ချက်အောက် လျှော့ချခွင့်ပြုပေးခဲ့သဖြင့် ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒလ မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ မြေကွက် ကိုးကွက် မြေဧရိယာ ၂၆၂ ဧကခန့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်းပေါင်း (၃၈ဝဝဝ) ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ အတွင်းရေးမှူး ဦးစိုးစိုးဇော်သည် အစိုးရမြေများ စီမံခန့်ခွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြေလျှောက်ထားခြင်း၊ မြေကွက် ဈေးနှုန်းသတ်မှတ် ဆောင်ရွက်ခြင်းများတွင် ရောင်းချမြေတန်ဖိုးများမှာ ကာလတန်ဖိုးအောက် များစွာ လျော့နည်းနေသည်ကို တင်ပြမှုမရှိခဲ့ခြင်း နှင့် ဝယ်ယူခွင့်ရရှိသူအချို့နှင့် တိုက်ရိုက် ဆက်သွယ်၍ မြေနေရာချထားပေးနိုင်ရန် တင်ပြဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့ဘဏ္ဍာငွေများဆုံးရှုံးစေခဲ့ရာတွင် ပါဝင်အားပေး ကူညီခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။
ထို့ပြင် ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အစိုးရမြေများ နေရာချထားပေးသည့် ကိစ္စများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးထံမှ ငွေကျပ်သိန်း (၂၅ဝဝ) ကို ငါးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံ ရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် တစ်ဦးမှ မြေကွက် လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ပေးအပ်ခဲ့သည့် ငွေကျပ်သိန်း (၅ဝဝဝ)ကို ၎င်း၏ နေအိမ်၌ ခြောက်ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းတို့ကို စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ (၃)ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူ တစ်ဦးတို့ထံမှ လူမှုပတ် ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (Cooperate Social Responsibility - CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း (၉၅ဝဝ) ကျော်ကို ကောက်ခံရယူခဲ့ရာတွင် ဥပဒေအရ မြန်မာ့စီးပွားရေးဘဏ်၌ အခြားစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက်ခြင်းမရှိဘဲ အဆိုပါငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ်(MAB) တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့ခြင်း၊ ချက်လက်မှတ်များကို သိမ်းဆည်းထားခြင်းပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
အတွင်းရေးမှူး ဦးစိုးစိုးဇော်သည်လည်း ၂ဝ၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ မြေဧရိယာ (၃၂) ဧကကျော်ကို အငြိမ်းစားပုဂ္ဂိုလ်တစ်ဦး၏အမည်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေကွက်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေကွက်ချထားပေးနိုင်ရေး တင်ပြဆောင်ရွက်ပေးခြင်း၊ မြေတန်ဖိုးနှင့် CSR ပေးသွင်းငွေများကို လျော့နည်း ပေးသွင်းစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးခဲ့ခြင်းနှင့် မြေကွက်ဂရန် ရရှိပါက မြေကွက်ရောင်းချရရှိမည့် အကျိုးအမြတ်ငွေ အပေါ်မှ ၂ဝ ရာခိုင်နှုန်းကို ပေးအပ်ရန် ညှိနှိုင်းသဘောတူညီခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးလွစိုး၊ စီးပြားေရးဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦး ႏွင့္ အတြင္းေရးမႉးတို႔ကို ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္
NP News - ဒီဇင္ဘာ ၈
ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးလွစိုး၊ စီးပြားေရးဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦး ႏွင့္ အတြင္းေရးမႉးတို႔ကို ယေန႔ (ဒီဇင္ဘာလ ၈ ရက္)တြင္ ႏွစ္ရွည္ေထာင္ဒဏ္မ်ား ခ်မွတ္လိုက္ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သည့္ သတင္းအရင္းအျမစ္ထံမွ သိရသည္။
ယင္းတို႔သည္ နစကလက္ထက္က ခန႔္အပ္ခဲ့သည့္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္မ်ားျဖစ္သည္။ ယင္းတို႔အား အဂတိလိုက္စားမႈမ်ားျဖင့္ သက္ဆိုင္ရာ ရဲစခန္းအသီးသီးတြင္ ဇြန္လ ၁၄ ရက္၌ ပထမ သတင္းေပးတိုင္ၾကားခ်က္ဖြင့္လွစ္ကာ တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။
ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးလွစိုးကို ေထာင္ဒဏ္ ၁၅ ႏွစ္၊ စီးပြားေရးဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးကို ေထာင္ဒဏ္ အႏွစ္ ၂ဝ ႏွင့္ တိုင္းေဒသႀကီးအတြင္းေရးမႉးေဟာင္း ဦးစိုးစိုးေဇာ္ကို ေထာင္ဒဏ္ ၆ ႏွစ္ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါ သတင္းအရင္းအျမစ္က ဆိုသည္။
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္၏ စစ္ေဆးေတြ႕ရွိခ်က္အရ ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးလွစိုး ႏွင့္ စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးတို႔သည္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရေျမမ်ားစီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝးအဆုံးအျဖတ္ျဖင့္ ၂ဝ၂၁ ခုႏွစ္ ဇြန္လ ၂၂ ရက္ မွ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၁ ရက္ထိ ေျမကြက္မ်ား ေရာင္းခ်ေပးခဲ့ရာတြင္ ႏိုင္ငံေတာ္ သမၼတ႐ုံး၏ ၫႊန္ၾကားခ်က္ အမွတ္ ၁/၂ဝ၁၇ ကို လိုက္နာေဆာင္႐ြက္ခဲ့ျခင္းမရွိသည့္အျပင္ တိုင္းေဒသႀကီး ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ ၿမိဳ႕နယ္မ်ားအလိုက္ ကာလတန္ဖိုး သတ္မွတ္ခ်က္ေအာက္ ေလွ်ာ့ခ်ခြင့္ျပဳေပးခဲ့သျဖင့္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဒလ ၿမိဳ႕နယ္၊ သဃၤန္းကြၽန္းၿမိဳ႕နယ္မ်ားရွိ ေျမကြက္ ကိုးကြက္ ေျမဧရိယာ ၂၆၂ ဧကခန႔္အတြက္ ႏိုင္ငံေတာ္၏ ဘ႑ာေငြက်ပ္ သန္းေပါင္း (၃၈ဝဝဝ) ေက်ာ္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
အလားတူ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္သည္ အစိုးရေျမမ်ား စီမံခန႔္ခြဲေရးေကာ္မတီတြင္ အဖြဲ႕ဝင္အျဖစ္ ပါဝင္ခဲ့ၿပီး ေျမေလွ်ာက္ထားျခင္း၊ ေျမကြက္ ေဈးႏႈန္းသတ္မွတ္ ေဆာင္႐ြက္ျခင္းမ်ားတြင္ ေရာင္းခ်ေျမတန္ဖိုးမ်ားမွာ ကာလတန္ဖိုးေအာက္ မ်ားစြာ ေလ်ာ့နည္းေနသည္ကို တင္ျပမႈမရွိခဲ့ျခင္း ႏွင့္ ဝယ္ယူခြင့္ရရွိသူအခ်ိဳ႕ႏွင့္ တိုက္႐ိုက္ ဆက္သြယ္၍ ေျမေနရာခ်ထားေပးႏိုင္ရန္ တင္ျပေဆာင္႐ြက္ခဲ့သျဖင့္ ႏိုင္ငံ့ဘ႑ာေငြမ်ားဆုံးရႈံးေစခဲ့ရာတြင္ ပါဝင္အားေပး ကူညီခဲ့ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္ထားသည္။
ထို႔ျပင္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးလွစိုးသည္ ႏိုင္ငံေရးရာထူး လက္ရွိျဖစ္ခဲ့စဥ္က အစိုးရေျမမ်ား ေနရာခ်ထားေပးသည့္ ကိစၥမ်ားႏွင့္စပ္လ်ဥ္း၍ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ စီးပြားေရးဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးထံမွ ေငြက်ပ္သိန္း (၂၅ဝဝ) ကို ငါးႀကိမ္ခြဲ၍ လက္ခံရယူခဲ့ျခင္း၊ စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးသည္ ႏိုင္ငံ ေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္က ေဆာက္လုပ္ေရးကုမၸဏီပိုင္ရွင္ တစ္ဦးမွ ေျမကြက္ ေလွ်ာက္ထားျခင္းမ်ားႏွင့္စပ္လ်ဥ္း၍ ေပးအပ္ခဲ့သည့္ ေငြက်ပ္သိန္း (၅ဝဝဝ)ကို ၎၏ ေနအိမ္၌ ေျခာက္ႀကိမ္ခြဲ၍ လက္ခံရယူခဲ့ျခင္းတို႔ကို စိစစ္ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။
ဆက္လက္၍ စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးသည္ ႏိုင္ငံေရးရာထူး လက္ရွိျဖစ္ခဲ့စဥ္က ေျမလြတ္၊ ေျမ႐ိုင္း လုပ္ကိုင္ခြင့္ရရွိသူ (၈)ဦး၊ အစိုးရပိုင္ ေျမမ်ားဝယ္ယူခြင့္ ရရွိသူ (၃)ဦး၊ အျခားနည္း အသုံးျပဳခြင့္ရရွိသူ တစ္ဦးတို႔ထံမွ လူမႈပတ္ ဝန္းက်င္ အက်ိဳးျပဳလုပ္ငန္းစဥ္ (Cooperate Social Responsibility - CSR) အတြက္ စုစုေပါင္း ေငြက်ပ္ သိန္း (၉၅ဝဝ) ေက်ာ္ကို ေကာက္ခံရယူခဲ့ရာတြင္ ဥပေဒအရ ျမန္မာ့စီးပြားေရးဘဏ္၌ အျခားစာရင္းရွင္ ဖြင့္လွစ္ေဆာင္႐ြက္ျခင္းမရွိဘဲ အဆိုပါေငြမ်ားကို ျမန္မာ့ေရွ႕ေဆာင္ဘဏ္(MAB) တြင္ ၎အမည္ျဖင့္ ဖြင့္လွစ္ထားသည့္ ေငြစာရင္းႏွစ္ခုသို႔ ထည့္သြင္းခဲ့ျခင္း၊ ခ်က္လက္မွတ္မ်ားကို သိမ္းဆည္းထားျခင္းျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။
အတြင္းေရးမႉး ဦးစိုးစိုးေဇာ္သည္လည္း ၂ဝ၂၁ ခုႏွစ္၊ ဩဂုတ္လအတြင္းက ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ရွိ ေျမဧရိယာ (၃၂) ဧကေက်ာ္ကို အၿငိမ္းစားပုဂၢိဳလ္တစ္ဦး၏အမည္ျဖင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕သို႔ ေျမကြက္ေလွ်ာက္ထားျခင္းႏွင့္စပ္လ်ဥ္း၍ ေျမကြက္ခ်ထားေပးႏိုင္ေရး တင္ျပေဆာင္႐ြက္ေပးျခင္း၊ ေျမတန္ဖိုးႏွင့္ CSR ေပးသြင္းေငြမ်ားကို ေလ်ာ့နည္း ေပးသြင္းေစေရးတို႔အတြက္ ကူညီေဆာင္႐ြက္ေပးခဲ့ျခင္းႏွင့္ ေျမကြက္ဂရန္ ရရွိပါက ေျမကြက္ေရာင္းခ်ရရွိမည့္ အက်ိဳးအျမတ္ေငြ အေပၚမွ ၂ဝ ရာခိုင္ႏႈန္းကို ေပးအပ္ရန္ ညႇိႏႈိင္းသေဘာတူညီခဲ့ျခင္းတို႔ ျပဳလုပ္ခဲ့ေၾကာင္း ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။