တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် NOVO တံဆိပ် Eyeshadow အပါအဝင် အလှကုန် (၄)မျိုးအား တားမြစ်ကြောင်း FDA ကြေညာ

 1218

ယွန်း (NP News) - ဒီဇင်ဘာ ၉

တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်း(၄)မျိုးအား သုံးစွဲရန်မသင့်ကြောင်း FDA Myanmar မှ အသိပေးထုတ်ပြန်လိုက်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြီးခဲ့သည့် ဒီဇင်ဘာ(၈)ရက်၊ ညပိုင်းက အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ၂ဝ၂၂ ခုနှစ်အတွင်း ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၄)မျိုးသည် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသော ကြောင့် သုံးစွဲရန်မသင့်ကြောင်း ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆိုထားသည်။

အဆိုပါ အလှကုန်များမှာ (NOVO/ Noble) တံဆိပ် Eye Shadow၊ (Anylady) တံဆိပ်ဖြင့်
3 Colors Blusher၊ Matte Lipstick နှင့် (Anylady Unicorn) တံဆိပ် Make Up Kit တို့ဖြစ်ကြောင်း သိရသည်။

၎င်းတားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆိုထားသည်။

ထို့ပြင် ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများကိုပါဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် အလှကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်ကားဆိုင်များအနေဖြင့် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေငြာထားသည့် ပစ္စည်းများအား ရောင်းချခြင်းမပြုရန် အသိပေးထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ အလှကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ (၃)၊ အပိုဒ် (၃)(ဃ)အရ အရေးယူသွားမည်ဖြစ်ကြောင်း FDA Myanmar မှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနသည့္ NOVO တံဆိပ္ Eyeshadow အပါအဝင္ အလွကုန္ (၄)မ်ိဳးအား တားျမစ္ေၾကာင္း FDA ေၾကညာ

ယြန္း (NP News) - ဒီဇင္ဘာ ၉

တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနသည့္ အလွကုန္ပစၥည္း(၄)မ်ိဳးအား သုံးစြဲရန္မသင့္ေၾကာင္း FDA Myanmar မွ အသိေပးထုတ္ျပန္လိုက္သည္။

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ၿပီးခဲ့သည့္ ဒီဇင္ဘာ(၈)ရက္၊ ညပိုင္းက အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ၂ဝ၂၂ ခုႏွစ္အတြင္း ျပည္တြင္း၌ ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားကိုစစ္ေဆးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔စစ္ေဆးခဲ့ရာ အလွကုန္ပစၥည္း(၄)မ်ိဳးသည္ မွတ္ပုံတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ အႏၲရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနေသာ ေၾကာင့္ သုံးစြဲရန္မသင့္ေၾကာင္း ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ဆိုထားသည္။

အဆိုပါ အလွကုန္မ်ားမွာ (NOVO/ Noble) တံဆိပ္ Eye Shadow၊ (Anylady) တံဆိပ္ျဖင့္
3 Colors Blusher၊ Matte Lipstick ႏွင့္ (Anylady Unicorn) တံဆိပ္ Make Up Kit တို႔ျဖစ္ေၾကာင္း သိရသည္။

၎တားျမစ္ဓာတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္းတို႔ကို ျဖစ္ေစႏိုင္ေၾကာင္း ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ဆိုထားသည္။

ထို႔ျပင္ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ားကိုပါျဖစ္ေစႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ အလွကုန္ပစၥည္းမ်ားကို ျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီႏွင့္ လက္ကားဆိုင္မ်ားအေနျဖင့္ အမ်ားျပည္သူသုံးစြဲရန္မသင့္ေၾကာင္း ေၾကျငာထားသည့္ ပစၥည္းမ်ားအား ေရာင္းခ်ျခင္းမျပဳရန္ အသိေပးထုတ္ျပန္ထားသည္။

ထုတ္ျပန္ခ်က္အား လိုက္နာျခင္းမရွိဘဲ အလွကုန္ပစၥည္းမ်ားအား ျဖန႔္ျဖဴးေရာင္းခ်ပါက သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းမ်ားက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ (၃)၊ အပိုဒ္ (၃)(ဃ)အရ အေရးယူသြားမည္ျဖစ္ေၾကာင္း FDA Myanmar မွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.