ရန်ကုန်-မော်လမြိုင် လေကြောင်းလိုင်းခရီးစဉ်များအဖြစ် MNA နှင့် Air Thanlwin လေကြောင်းလိုင်းနှစ်ခု ပျံသန်းပြေးဆွဲ

 1003

မျိုးကြီး (NP News) - ဒီဇင်ဘာ ၉

ရန်ကုန်-မော်လမြိုင် လေကြောင်းလိုင်းခရီးစဉ်များအဖြစ် မြန်မာအမျိုးသားလေကြောင်း (MNA) နှင့် Air Thanlwin လေကြောင်းလိုင်း(၂)ခု စတင်ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မော်လမြိုင်-ရန်ကုန်လေကြောင်းလိုင်းခရီးစဉ်များသည် ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် မေလအတွင်း ကိုဗစ်ကပ်ရောဂါကာလ၌ လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်း ဒီဇင်ဘာ ၅ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-ကော့သောင်း-မော်လမြိုင် ခရီးစဉ်များကို စတင်ပြေးဆွဲခဲ့ပြီး အပတ်စဉ် တနင်္လာနေ့ နှင့် သောကြာနေ့တို့တွင် ပုံမှန် ပျံသန်းပြေးဆွဲလျက်ရှိ ကြောင်း သိရသည်။

အလားတူ ယနေ့ (ဒီဇင်ဘာ ၉ ရက်) တွင်လည်း Air Thanlwin လေကြောင်းလိုင်းသည် ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို စတင်ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Air Thanlwin လေကြောင်းလိုင်းသည် ရန်ကုန်-မော်လမြိုင် တိုက်ရိုက်ပျံသန်းခြင်းဖြစ် ကြောင်း သိရပြီး အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် ပုံမှန်ပြေးဆွဲမည်ဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက Air Thanlwin လေကြောင်းလိုင်းသည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ရန္ကုန္-ေမာ္လၿမိဳင္ ေလေၾကာင္းလိုင္းခရီးစဥ္မ်ားအျဖစ္ MNA ႏွင့္ Air Thanlwin ေလေၾကာင္းလိုင္းႏွစ္ခု ပ်ံသန္းေျပးဆြဲ
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၉

ရန္ကုန္-ေမာ္လၿမိဳင္ ေလေၾကာင္းလိုင္းခရီးစဥ္မ်ားအျဖစ္ ျမန္မာအမ်ိဳးသားေလေၾကာင္း (MNA) ႏွင့္ Air Thanlwin ေလေၾကာင္းလိုင္း(၂)ခု စတင္ပ်ံသန္းေျပးဆြဲေနၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

ေမာ္လၿမိဳင္-ရန္ကုန္ေလေၾကာင္းလိုင္းခရီးစဥ္မ်ားသည္ ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ေမလအတြင္း ကိုဗစ္ကပ္ေရာဂါကာလ၌ ေလေၾကာင္းခရီးစဥ္မ်ားကို ယာယီရပ္ဆိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုရက္ပိုင္း ဒီဇင္ဘာ ၅ ရက္ေန႔တြင္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းသည္ ရန္ကုန္-ေကာ့ေသာင္း-ေမာ္လၿမိဳင္ ခရီးစဥ္မ်ားကို စတင္ေျပးဆြဲခဲ့ၿပီး အပတ္စဥ္ တနလၤာေန႔ ႏွင့္ ေသာၾကာေန႔တို႔တြင္ ပုံမွန္ ပ်ံသန္းေျပးဆြဲလ်က္ရွိ ေၾကာင္း သိရသည္။

အလားတူ ယေန႔ (ဒီဇင္ဘာ ၉ ရက္) တြင္လည္း Air Thanlwin ေလေၾကာင္းလိုင္းသည္ ရန္ကုန္-ေမာ္လၿမိဳင္ခရီးစဥ္ကို စတင္ပ်ံသန္းေျပးဆြဲေနၿပီျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။

Air Thanlwin ေလေၾကာင္းလိုင္းသည္ ရန္ကုန္-ေမာ္လၿမိဳင္ တိုက္႐ိုက္ပ်ံသန္းျခင္းျဖစ္ ေၾကာင္း သိရၿပီး အပတ္စဥ္ တနလၤာေန႔ႏွင့္ ေသာၾကာေန႔တို႔တြင္ ပုံမွန္ေျပးဆြဲမည္ျဖစ္ ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းက Air Thanlwin ေလေၾကာင္းလိုင္းသည္ မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ လာေရာက္ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.