ရန်ကုန်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် လူနာကူညီပေးမှုအချက်အလက်များကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပို့ရန် စီစဉ်ညွှန်ကြား

 1065

ပုံစာ - ပြည်တွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့အချို့၏ ယာဉ်များအားတွေ့ရစဉ်

NP News - ဒီဇင်ဘာ ၁၁

ရန်ကုန်မြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် လူနာကူညီပေးမှုအချက် အလက်များကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပို့ရန် စီစဉ်ညွှန်ကြားမှုများရှိလာကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၊ မြို့နယ်များရှိ လူမှုကူညီရေးအသင်းအဖွဲ့များကို သက်ဆိုင်ရာမြို့နယ်အလိုက်အုပ်ချုပ်ရေးအဖွဲ့များက ခေါ်ယူတွေ့ဆုံကာ အသိပေးပြောဆိုမှုများရှိကြောင်း အသင်းအဖွဲ့များက NP News ကို ပြောသည်။

“ဒီနေ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ အဖွဲ့ဝင်ဗိုလ်မှူးက ကျွန်တော်တို့ကို ခေါ်ပြောတာပေါ့။ ကျွန်တော်တို့ အသင်းအဖွဲ့နဲ့ ပတ်သက်တဲ့ ဥပဒေအသစ်ပြဋ္ဌာန်းထားတယ်။ ပြဋ္ဌာန်းတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အသင်းအဖွဲ့တွေ အကုန်လုံးက ကားဘီးစလှိမ့်တာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သတင်းပို့ရတယ်။ သတင်းပို့တဲ့ ပုံစံက ဖုန်းတွေကနေ Viber Group ဖွဲ့ပေးထားတယ်။ အဲဒီဂရုမှာ ယာဉ်မောင်းဘယ်သူ၊ လူနာကဘယ်သူ၊ ဘယ်နေရာကနေ ဘယ်ကိုသွားတယ်ဆိုတာလေးကို သတင်းပို့တဲ့စနစ် စတင်ကျင့်မယ်” ဟု ရန်ကုန်မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြီးခဲ့သော အောက်တိုဘာလ ၂၈ ရက်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းထားသည်။

ပြီးခဲ့သော လပိုင်းများအတွင်းက ပရတိဟအသင်းကို အသုံးချကာ လက်နက်ခဲယမ်းများ သယ်ဆောင်သည့်ဖြစ်စဉ်ရှိခဲ့သည့်အတွက် ယခုကဲ့သို့ အသိပေးတင်းကြပ်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက မှတ်ချက်ပြုပြောဆိုထားသည်။

“လွန်ခဲ့တဲ့ နှစ်လလောက်က ဒဂုံမြောက်မြို့နယ် (၄၂)ရပ်ကွက်မှာ ပရဟိတရုံးခန်းဝင်အရှာခံရတယ်။ လက်နက်တွေ တွေ့သွားတယ်။ အဲဒီလက်နက်တွေကို လူနာတင် ကားတွေနဲ့ ပဲခူး၊ ဘုရားကြီးဘက်ကနေ သွားသယ်တယ်လို့ သိရတယ်ဗျ။ အဲဒါ တွေကို ထောက်ပြပြီးတော့ ကျွန်တော်တို့ အသင်းအဖွဲ့တွေကို ထပ်ပြီး ကြပ်တာဖြစ်ပါလိမ့်မယ်။ အဓိက ပြဿနာကတော့ လက်နက်ခဲယမ်းတွေပေါ့ သူတို့လည်း ထုတ်ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသေးသည့် အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့်အသင်း အဖွဲ့များအနေဖြင့် စည်းကမ်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် အသိပေးပြောဆို မှုများရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ဆယ်စုနှစ်တစ်စုလောက်ရှိပြီဆိုတော့လေ နိုင်ငံရေးကိုအခြေခံတဲ့ အသင်းအဖွဲ့တွေကတော့ သိပ်မကြိုက်ကြဘူး။ ကျွန်တော်တို့ကတော့ ဘာနိုင်ငံရေးမှ အခြေခံမဘူး။ ပရဟိတသက်သက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ကို ပြောတဲ့အခါမှာ အမိန့်ပေးတာကလွဲရင် ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရဟိ တက သူတစ်လူငါတစ်မင်းဖြစ်နေတဲ့အခါကြတော့ စည်းလေး၊ စည်းကမ်းလေးတော့ ထားလိုက်တာ ပိုသင့်တော်တယ်လို့ မြင်တယ်ဗျ” ဟု ရန်ကုန်မြို့ရှိ အခြားသော လူမှုကူညီအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း အသင်းအဖွဲ့စုစုပေါင်း (၄၈ဝ)ကျော်ရှိကြောင်းသိရပြီး လူမှုကူညီရေးလုပ်ငန်းများကို လိုင်စင်ရှိကားဖြင့် လုပ်ဆောင်မှုမှာ အနည်းငယ်သာရှိပြီး အများစုမှာ လိုင်စင်မဲ့ကားများဖြင့် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ လူမႈကူညီေရးအသင္းအဖြဲ႕မ်ားအေနျဖင့္ လူနာကူညီေပးမႈအခ်က္အလက္မ်ားကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ထံ သတင္းပို႔ရန္ စီစဥ္ၫႊန္ၾကား
NP News - ဒီဇင္ဘာ ၁၁

ရန္ကုန္ၿမိဳ႕နယ္ရွိ လူမႈကူညီေရးအသင္းအဖြဲ႕မ်ားအေနျဖင့္ လူနာကူညီေပးမႈအခ်က္ အလက္မ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ထံ သတင္းပို႔ရန္ စီစဥ္ၫႊန္ၾကားမႈမ်ားရွိလာေၾကာင္း သတင္းရရွိသည္။

ယခုရက္ပိုင္းအတြင္း ရန္ကုန္တိုင္း၊ ၿမိဳ႕နယ္မ်ားရွိ လူမႈကူညီေရးအသင္းအဖြဲ႕မ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက ေခၚယူေတြ႕ဆုံကာ အသိေပးေျပာဆိုမႈမ်ားရွိေၾကာင္း အသင္းအဖြဲ႕မ်ားက NP News ကို ေျပာသည္။

“ဒီေန႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးရဲ႕ အဖြဲ႕ဝင္ဗိုလ္မႉးက ကြၽန္ေတာ္တို႔ကို ေခၚေျပာတာေပါ့။ ကြၽန္ေတာ္တို႔ အသင္းအဖြဲ႕နဲ႔ ပတ္သက္တဲ့ ဥပေဒအသစ္ျပ႒ာန္းထားတယ္။ ျပ႒ာန္းတာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ အသင္းအဖြဲ႕ေတြ အကုန္လုံးက ကားဘီးစလွိမ့္တာနဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို သတင္းပို႔ရတယ္။ သတင္းပို႔တဲ့ ပုံစံက ဖုန္းေတြကေန Viber Group ဖြဲ႕ေပးထားတယ္။ အဲဒီဂ႐ုမွာ ယာဥ္ေမာင္းဘယ္သူ၊ လူနာကဘယ္သူ၊ ဘယ္ေနရာကေန ဘယ္ကိုသြားတယ္ဆိုတာေလးကို သတင္းပို႔တဲ့စနစ္ စတင္က်င့္မယ္” ဟု ရန္ကုန္ၿမိဳ႕ရွိ လူမႈကူညီေရးအသင္းတစ္ခုမွ တာဝန္ရွိသူက ေျပာသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၈ ရက္က အသင္းအဖြဲ႕မွတ္ပုံတင္ျခင္းဆိုင္ရာဥပေဒကို အတည္ျပဳျပ႒ာန္းထားသည္။

ၿပီးခဲ့ေသာ လပိုင္းမ်ားအတြင္းက ပရတိဟအသင္းကို အသုံးခ်ကာ လက္နက္ခဲယမ္းမ်ား သယ္ေဆာင္သည့္ျဖစ္စဥ္ရွိခဲ့သည့္အတြက္ ယခုကဲ့သို႔ အသိေပးတင္းၾကပ္ျခင္းမ်ိဳးလည္း ျဖစ္ႏိုင္ေၾကာင္း လူမႈကူညီေရးအသင္းတစ္ခုမွ တာဝန္ရွိသူက မွတ္ခ်က္ျပဳေျပာဆိုထားသည္။

“လြန္ခဲ့တဲ့ ႏွစ္လေလာက္က ဒဂုံေျမာက္ၿမိဳ႕နယ္ (၄၂)ရပ္ကြက္မွာ ပရဟိတ႐ုံးခန္းဝင္အရွာခံရတယ္။ လက္နက္ေတြ ေတြ႕သြားတယ္။ အဲဒီလက္နက္ေတြကို လူနာတင္ ကားေတြနဲ႔ ပဲခူး၊ ဘုရားႀကီးဘက္ကေန သြားသယ္တယ္လို႔ သိရတယ္ဗ်။ အဲဒါ ေတြကို ေထာက္ျပၿပီးေတာ့ ကြၽန္ေတာ္တို႔ အသင္းအဖြဲ႕ေတြကို ထပ္ၿပီး ၾကပ္တာျဖစ္ပါလိမ့္မယ္။ အဓိက ျပႆနာကေတာ့ လက္နက္ခဲယမ္းေတြေပါ့ သူတို႔လည္း ထုတ္ေျပာပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ အသင္းအဖြဲ႕မွတ္ပုံတင္ျခင္းဆိုင္ရာဥပေဒအရ မွတ္ပုံတင္ထားျခင္းမရွိေသးသည့္ အသင္းအဖြဲ႕မ်ားအေနျဖင့္ မွတ္ပုံတင္ရန္ႏွင့္ မွတ္ပုံတင္ထားသည့္အသင္း အဖြဲ႕မ်ားအေနျဖင့္ စည္းကမ္းအတိုင္း ဆက္လက္လုပ္ေဆာင္ရန္ အသိေပးေျပာဆို မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကေတာ့ ဆယ္စုႏွစ္တစ္စုေလာက္ရွိၿပီဆိုေတာ့ေလ ႏိုင္ငံေရးကိုအေျခခံတဲ့ အသင္းအဖြဲ႕ေတြကေတာ့ သိပ္မႀကိဳက္ၾကဘူး။ ကြၽန္ေတာ္တို႔ကေတာ့ ဘာႏိုင္ငံေရးမွ အေျခခံမဘူး။ ပရဟိတသက္သက္ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ကို ေျပာတဲ့အခါမွာ အမိန႔္ေပးတာကလြဲရင္ ႀကိဳက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပရဟိ တက သူတစ္လူငါတစ္မင္းျဖစ္ေနတဲ့အခါၾကေတာ့ စည္းေလး၊ စည္းကမ္းေလးေတာ့ ထားလိုက္တာ ပိုသင့္ေတာ္တယ္လို႔ ျမင္တယ္ဗ်” ဟု ရန္ကုန္ၿမိဳ႕ရွိ အျခားေသာ လူမႈကူညီအသင္းတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။

ရန္ကုန္တိုင္းအတြင္း အသင္းအဖြဲ႕စုစုေပါင္း (၄၈ဝ)ေက်ာ္ရွိေၾကာင္းသိရၿပီး လူမႈကူညီေရးလုပ္ငန္းမ်ားကို လိုင္စင္ရွိကားျဖင့္ လုပ္ေဆာင္မႈမွာ အနည္းငယ္သာရွိၿပီး အမ်ားစုမွာ လိုင္စင္မဲ့ကားမ်ားျဖင့္ ကူညီေဆာင္႐ြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Picture

kothant zintun

12/12/2022 20:48

👍👍👍

Related news

© 2021. All rights reserved.