ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ မြို့နယ်လဝကရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ အရပ်သား(၂)ဦး ဒဏ်ရာပြင်းထန်

 771

NP News - ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ မြို့နယ်လဝကရုံးတွင် လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ အရပ်သား (၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၁ဝ နာရီကျော်အချိန်ခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၂၄)ရပ်ကွက်၊ အင်းဝလမ်းပေါ်ရှိ မြို့နယ်လဝကရုံးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသူမှ မြို့နယ်လဝကရုံးကို လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်သွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့နယ်လဝကရုံးအတွင်းရှိ ဧည့်သည်နားနေဆောင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသက်(၄၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက်(၂ဝ)အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း ထပ်မံသိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအနက် အသက်(၄၃)နှစ်အရွယ် အမျိုးသားမှာ ဦးခေါင်းနှင့်ခန္ဓာကိုယ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

zawgyi version
ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းရွိ ၿမိဳ႕နယ္လဝက႐ုံး လက္လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရကာ အရပ္သား(၂)ဦး ဒဏ္ရာျပင္းထန္
NP News - ဒီဇင္ဘာ ၁၂

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္လဝက႐ုံးတြင္ လက္လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရကာ အရပ္သား (၂)ဦး ဒဏ္ရာျပင္းထန္စြာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၁၂ ရက္) နံနက္ ၁ဝ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္၊ (၁၂၄)ရပ္ကြက္၊ အင္းဝလမ္းေပၚရွိ ၿမိဳ႕နယ္လဝက႐ုံးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းႏွင္လာသူမွ ၿမိဳ႕နယ္လဝက႐ုံးကို လက္လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ ခိုက္သြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ၿမိဳ႕နယ္လဝက႐ုံးအတြင္းရွိ ဧည့္သည္နားေနေဆာင္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ အသက္(၄၃)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးႏွင့္ အသက္(၂ဝ)အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးတို႔မွာ ဒဏ္ရာျပင္း ထန္စြာရရွိခဲ့ေၾကာင္း ထပ္မံသိရွိရသည္။

ထိခိုက္ဒဏ္ရာရရွိသူႏွစ္ဦးအနက္ အသက္(၄၃)ႏွစ္အ႐ြယ္ အမ်ိဳးသားမွာ ဦးေခါင္းႏွင့္ခႏၶာကိုယ္တို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး စိုးရိမ္ရသည့္အေျခအေနရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.