ဆိုင်ကယ်တက္ကစီသမားနှင့် ခရီးသည်မိန်းကလေးတို့အား ဓါးဖြင့်လည်ပင်းလှီးကာ ဆိုင်ကယ်လုယက်မှု မော်လမြိုင်၌ ဖြစ်ပွား

751

NP News - ဒီဇင်ဘာ ၁၂
မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီသမားနှင့် ခရီးသည်မိန်းကလေးတို့အား ဓါးဖြင့်လည်ပင်းလှီးကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ(၁၁)ရက်၊ ည(၁၂)နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့၊ အုတ်ဖိုပတ်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ဖြစ်စဉ်က သေချာတော့မသိဘူးဗျ။ ကျွန်တော်တို့သိတာကတော့ ည(၁၁)နာရီ (၄ဝ)လောက်မှာ အဲ့ဒီ့ကလမ်းသွားလမ်း လာလူနှစ်ဦးကနေ လမ်းပေါ်မှာလူနှစ်ယောက်လဲနေတယ်ဆိုပြီး အကြောင်းကြားလို့ ကျွန်တော်တို့သွားခဲ့တာပါ။ ဟိုရောက်တော့ တစ်ယောက်က တက္ကစီသမားဖြစ်တယ်၊ တစ်ယောက်ကတော့ ခရီးသည်မိန်းကလေးပေါ့” ဟု ကျန်းမာချမ်းသာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့်လည်ပင်းအားလှီး၍ ဆိုင်ကယ်လုယက်ခံရမှုကြောင့် ခရီးသည်မိန်းကလေးတွင် လည်ပင်းပြတ်ရှဒဏ်ရာနှင့် နားရွက်ပြတ်ရှဒဏ်ရာတို့ရရှိခဲ့ပြီး တက္ကစီမောင်းသူအမျိုးသားတွင် လည်ပင်းပြတ်ရှဒဏ်ရာနှင့် ရင်ဘတ်ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ၎င်းတို့အား မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုသွားခဲ့သူမှာ တက္ကစီသမား၏ သူငယ် ချင်းတစ်ဦးဖြစ်ကြောင်း ကျန်းမာချမ်းသာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

zawgyi version
ဆိုင္ကယ္တကၠစီသမားႏွင့္ ခရီးသည္မိန္းကေလးတို႔အား ဓါးျဖင့္လည္ပင္းလွီးကာ ဆိုင္ကယ္လုယက္မႈ ေမာ္လၿမိဳင္၌ ျဖစ္ပြား
NP News - ဒီဇင္ဘာ ၁၂
ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဆိုင္ကယ္တကၠစီသမားႏွင့္ ခရီးသည္မိန္းကေလးတို႔အား ဓါးျဖင့္လည္ပင္းလွီးကာ ဆိုင္ကယ္လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဒီဇင္ဘာလ(၁၁)ရက္၊ ည(၁၂)နာရီအခ်ိန္ခန႔္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ အုတ္ဖိုပတ္လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း က်န္းမာခ်မ္းသာလူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
“ျဖစ္စဥ္က ေသခ်ာေတာ့မသိဘူးဗ်။ ကြၽန္ေတာ္တို႔သိတာကေတာ့ ည(၁၁)နာရီ (၄ဝ)ေလာက္မွာ အဲ့ဒီ့ကလမ္းသြားလမ္း လာလူႏွစ္ဦးကေန လမ္းေပၚမွာလူႏွစ္ေယာက္လဲေနတယ္ဆိုၿပီး အေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔သြားခဲ့တာပါ။ ဟိုေရာက္ေတာ့ တစ္ေယာက္က တကၠစီသမားျဖစ္တယ္၊ တစ္ေယာက္ကေတာ့ ခရီးသည္မိန္းကေလးေပါ့” ဟု က်န္းမာခ်မ္းသာ လူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ဓားျဖင့္လည္ပင္းအားလွီး၍ ဆိုင္ကယ္လုယက္ခံရမႈေၾကာင့္ ခရီးသည္မိန္းကေလးတြင္ လည္ပင္းျပတ္ရွဒဏ္ရာႏွင့္ နား႐ြက္ျပတ္ရွဒဏ္ရာတို႔ရရွိခဲ့ၿပီး တကၠစီေမာင္းသူအမ်ိဳးသားတြင္ လည္ပင္းျပတ္ရွဒဏ္ရာႏွင့္ ရင္ဘတ္ထိုးသြင္းဒဏ္ရာမ်ား ရရွိခဲ့ျခင္းေၾကာင့္ ၎တို႔အား ေမာ္လၿမိဳင္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွ ဓားျဖင့္ထိုး၍ ဆိုင္ကယ္လုသြားခဲ့သူမွာ တကၠစီသမား၏ သူငယ္ ခ်င္းတစ္ဦးျဖစ္ေၾကာင္း က်န္းမာခ်မ္းသာ လူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။