"ကမ္ဘာ့နိုင်ငံတွေ အားလုံးကို (၁)နှစ်ခွဲအတွင်း အပြီးသွားလည်ပတ်ခဲ့ပြီး ကမ္ဘာ့စံချိန်ချိုးခဲ့သူ" (ထူးခြားသုတဆောင်းပါး)

 411

ဝတီ (NP News) - ဒီဇင်ဘာ ၁၂

အမေရိကန်သူ ကက်ဆီဒီပီချို (Cassie De Pechol) ဟာ ကမ္ဘာ့နိုင်ငံတွေအားလုံးကို အချိန်တိုအတွင်း သွားရောက်လည်ပတ်နိုင်ခဲ့သူအဖြစ် ၂ဝ၁၇ ခုနှစ်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့စံချိန်ကို တခြားလူတွေက ချိုးလိုက်ပါတယ်။ စံချိန်ရှင်ဟောင်းဖြစ်သွားပေမယ့် သူ့အတွေ့အကြုံတွေကတော့ အခုထက်ထိ စိတ်ဝင်စားစရာ ကောင်းနေတုန်းပါပဲ။ သူ ကမ္ဘာပတ်ဖြစ်ခဲ့ပုံကတော့ ဒီလိုပါ။ သူဟာ အရင်တုန်းကဆိုရင် သူ့အမေရဲ့ မွေးရပ်မြေ ကနေဒါက လွဲလို့ တခြားဘယ်နိုင်ငံမှ မသွားဖူးပါဘူး။ အသက် ၁၈ နှစ်ကျမှပဲ ကိုစတာရီကာ (Costa Rica) ကိုကျောင်းတက်ဖို့သွားတက်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီမှာ ခရီးသွားရတဲ့ အရသာကိုသူ စွဲသွားတော့တာပါပဲ။

ဒါကြောင့် ကျောင်းလည်းပြီးရော သူက နီကာရာဂွာ (Nicaragua)ကို သွားတယ်၊ လက်တင်အမေရိကတခွင်၊ ဥရောပ တခွင်ပြဲပြဲစင်အောင် သွားပါတယ်။ ဒီလို အကြာကြီးလမ်းပေါ်မှာချည်းပဲ နေနေတော့ ထုံးစံအတိုင်း ပိုက်ဆံပြတ်သွားတော့တာပေါ့။ ဒါကြောင့် ကျောပိုးအိတ်လေးတစ်လုံးလွယ်ပြီး လာရာလမ်းအတိုင်း ၂၅ နိုင်ငံကိုဖြတ်ပြီး ပြန်လာပါတော့တယ်။ လမ်းတစ်လျှောက်မှာတော့ကြုံရာကျရာ အလုပ်တွေလုပ်ပြီး စရိတ်ရှာရပါတယ်။ ဟိုတယ်တွေ၊ အဆောင်တွေမှာ သန့်စင်ခန်းကို သန့်ရှင်းရေးလုပ်၊ အိပ်ယာတွေလိုက်သိမ်းပေး အစရှိသဖြင့် လိုအပ်တာမှန်သမျှ အကုန် လိုက်လုပ်ပေးပါတယ်။ ဒါဆိုရင် ဟိုတယ်တွေ၊ အဆောင်တွေက သူ့ကို နေစရာ အလကားပေးတယ်လေ။ ပြီးတော့ နာမည်ကြီးဘလော့ဂ်စာမျက်နှာတွေအတွက် စာရေးပါတယ်။ တခါတလေကျရင် စာရေးခအဖြစ် တစ်လကို ဒေါ်လာ ၁ဝဝ လောက်ရတော့ အဲဒါနဲ့အသက်ဆက်ရတာပေါ့။ ဒီလိုနဲ့ပဲ သူဟာ အမေရိကကို ပြန်ရောက်လာတော့တာပါ။ ခရီးကနေလည်း ပြန်ရောက်ရော သူ့အသက်က ၂၅နှစ်နီးပါး ဖြစ်နေပါပြီ။ အဲဒီအသက်အရွယ်ထိသာ ရောက်နေပေမယ့် ဘဝမှာ ဘာလုပ်လို့ လုပ်ချင်မှန်းလည်း မသိသေးပါဘူးတဲ့။ ဒါပေမဲ့ သူ သေချာ သိတာတစ်ခုကတော့ သူဟာ ခရီးသွားရတာအင်မတန် ဝါသနာပါတယ်ဆိုတာပါပဲ။ ဒါကြောင့် ကမ္ဘာပတ်ခရီးသွားမယ့်အတူတူ ဂင်းနစ်ကမ္ဘာ့စံချိန် တင်နိုင်အောင် လုပ်ရင် အကျိုး ပိုရှိလိမ့်မယ်၊ အချိန်တိုအတွင်းမှာ ကမ္ဘာပတ်နိုင်တဲ့လူ ဖြစ်အောင်လုပ်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ ဒါကြောင့် သူဟာ အသက် ၂၅ နှစ်အရွယ်ကစလို့ ကမ္ဘာပတ်ခရီး ထွက်လိုက်တာ အသက် ၂၇ နှစ်မှာတော့ ခရီးဆုံးခန်းတိုင်သွားပါတော့တယ်။ ကမ္ဘာ မပတ်ခင်မှာသူက သူသွားမယ့် ခရီးလမ်းအကြောင်း သေသေ ချာချာ စုံစမ်းပါတယ်။ ဥပမာအားဖြင့် ကိုယ်သွားမယ့်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ရာသီဥတု အခြေအနေ စသဖြင့်ပေါ့။ သူကတော့ ဈေးအကြီးဆုံးနေရာတွေကနေ စပြီး သွားပါတယ်။ အမေရိကကို ပြန်ရောက်နေတုန်းမှာ သူက ကလေးထိန်းအလုပ် အတော်လေး ဝင်လုပ်လိုက်ပြီး အဲဒီကနေ ဒေါ်လာ တစ်သောင်း ရထားတယ်လေ။ အာရှပစိဖိတ်ဒေသနဲ့ တောင်ပစိဖိတ်သမုဒ္ဒရာဒေသက ဈေးအကြီးဆုံး ဖြစ်လို့ အဲဒီကို အရင်ဆုံးသွားခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ ဥရောပကို သွားပါတယ်။ ဥရောပကို ဦးတည်လိုက်ချိန်မှာ ပိုက်ဆံက စနည်းလာပါပြီ။ ဒါပေမဲ့ ဥရောပကို သူ ရောက်ဖူးပြီးသားဆိုတော့ စရိတ်နည်းနည်းနဲ့ သွားတတ်လာတတ်သွားပြီလေ။ မြောက်ကိုရီးယားနဲ့ ယီမင်ကို သွားမယ်ဆိုတော့ သူဟာ အဲဒီခရီးစဉ်အတွက် အတော်လေး ပြင်ဆင်လိုက်ရပါတယ်။ မြောက်ကိုရီးယားထဲလည်ပတ်ခွင့် သုံးရက်ဗီဇာလေးရဖို့ကို သူ ဒေါ်လာ တစ်ထောင် ပေးလိုက်ရပါတယ်။ သူ လိုက်သွားတဲ့ မြောက်ကိုရီးယားခရီးစဉ်မှာဆိုအနောက်တိုင်းသူဆိုလို့ သူတစ်ယောက်ပဲ ပါပါတယ်။ မြောက်ကိုရီးယားမှာ အမေရိကန်ကျောင်းသားတစ်ယောက်ဟာ (၁၇)လ လုံးလုံး ထိန်းသိမ်းခံခဲ့ရပြီး အဲဒီကိစ္စရပ်ကြီးဖြစ်အပြီး ခြောက်လအကြာမှာပဲသူ မြောက်ကိုရီးယားကို ရောက်သွားတာပါ။ ဒါကြောင့် သူဟာ မြောက်ကိုရီးယားမှာ ရင်တထိတ်ထိတ်နဲ့ပေါ့။ သူ့အလှည့်မှာအစစအရာရာ အဆင်ပြေခဲ့ပေမယ့် မြောက်ကိုရီးယားကို နောက်တစ်ခေါက်တော့ ပြန်မသွားချင်တော့ဘူးလို့ သူကအတွေ့အ ကြုံကိုပြောပြပါတယ်။

ခရီးမှာ ပိုက်ဆံပြတ်လာပြီဆိုရင် သူက အမေရိကကို ခဏပြန်သွားပြီး ဆွေးနွေးပွဲတွေ လိုက်တက်ပါတယ်။ ပြီးတော့ သူ့ခရီးစဉ်အတွက် စပွန်ဆာရအောင် ကုမ္ပဏီတွေနဲ့ လိုက်ချိတ်ဆက်ပါတယ်။ ပြီးတော့မှ ကမ္ဘာပတ်ခရီးကို ဆက်ထွက်ပါတယ်။

အဲဒီခရီးစဉ်တစ်လျှောက်မှာ သူ့ကို စိတ်ဖိစီးမှု အပေးဆုံးအရာကတော့ အချိန်တို အတွင်း ခရီးစဉ်ကို အဆုံးသတ်နိုင်ရေးပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးကိုလည်ပတ်ခွင့် ရခဲ့တာကိုတော့ သူ သိပ်ကို အားရကျေနပ်ပါတယ်။ တခါတလေတော့လည်း အဲဒီနေရာတွေမှာ အချိန်ကြာကြာ နေခွင့်ရချင်မိတယ်လို့သူက ဆိုပါတယ်။ သူဟာ ထိုင်ဝမ်၊ ကိုဆိုဗိုနဲ့ ပါလက်စတိုင်းဆိုတဲ့ဒေသတွေအပြင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃)နိုင်ငံကို (၁၈)လကျော်အတွင်း အရောက်သွားနိုင်ခဲ့တာပါ။ သူ ရောက်ခဲ့သမျှ နိုင်ငံတွေထဲမှာဘယ်နိုင်ငံကို သဘောအကျဆုံးလဲဆိုရင် ရွေးရသိပ်ခက်တယ်လို့ သူက ဆိုပါတယ်။

အကြိုက်ဆုံးနိုင်ငံတွေက အမြဲကို ပြောင်းနေတာပါတဲ့လေ။ ကမ္ဘာလှည့်ခရီးသွားတွေကြား နာမည်မကြီးလှပေမယ့်တကယ့်ကို လှပတဲ့နိုင်ငံကတော့ ပါကစ္စတန်နိုင်ငံ ဖြစ်တယ်။ ဒေသခံတွေကလည်း ဖော်ရွေကြတယ်လို့ သူက သူ့အတွေ့အကြုံကိုပြန် ပြောပြပါတယ်။ သူ့ခရီးစဉ် အစအဆုံးရဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၁ဝဝဝဝ လောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။

zawgyi version
"ကမာၻ႔ႏိုင္ငံေတြ အားလုံးကို (၁)ႏွစ္ခြဲအတြင္း အၿပီးသြားလည္ပတ္ခဲ့ၿပီး ကမာၻ႔စံခ်ိန္ခ်ိဳးခဲ့သူ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၁၂

အေမရိကန္သူ ကက္ဆီဒီပီခ်ိဳ (Cassie De Pechol) ဟာ ကမာၻ႔ႏိုင္ငံေတြအားလုံးကို အခ်ိန္တိုအတြင္း သြားေရာက္လည္ပတ္ႏိုင္ခဲ့သူအျဖစ္ ၂ဝ၁၇ ခုႏွစ္မွာ ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာေတာ့ သူ႔စံခ်ိန္ကို တျခားလူေတြက ခ်ိဳးလိုက္ပါတယ္။ စံခ်ိန္ရွင္ေဟာင္းျဖစ္သြားေပမယ့္ သူ႔အေတြ႕အႀကဳံေတြကေတာ့ အခုထက္ထိ စိတ္ဝင္စားစရာ ေကာင္းေနတုန္းပါပဲ။ သူ ကမာၻပတ္ျဖစ္ခဲ့ပုံကေတာ့ ဒီလိုပါ။ သူဟာ အရင္တုန္းကဆိုရင္ သူ႔အေမရဲ႕ ေမြးရပ္ေျမ ကေနဒါက လြဲလို႔ တျခားဘယ္ႏိုင္ငံမွ မသြားဖူးပါဘူး။ အသက္ ၁၈ ႏွစ္က်မွပဲ ကိုစတာရီကာ (Costa Rica) ကိုေက်ာင္းတက္ဖို႔သြားတက္ဖို႔ျဖစ္လာပါေတာ့တယ္။ အဲဒီမွာ ခရီးသြားရတဲ့ အရသာကိုသူ စြဲသြားေတာ့တာပါပဲ။

ဒါေၾကာင့္ ေက်ာင္းလည္းၿပီးေရာ သူက နီကာရာဂြာ (Nicaragua)ကို သြားတယ္၊ လက္တင္အေမရိကတခြင္၊ ဥေရာပ တခြင္ၿပဲၿပဲစင္ေအာင္ သြားပါတယ္။ ဒီလို အၾကာႀကီးလမ္းေပၚမွာခ်ည္းပဲ ေနေနေတာ့ ထုံးစံအတိုင္း ပိုက္ဆံျပတ္သြားေတာ့တာေပါ့။ ဒါေၾကာင့္ ေက်ာပိုးအိတ္ေလးတစ္လုံးလြယ္ၿပီး လာရာလမ္းအတိုင္း ၂၅ ႏိုင္ငံကိုျဖတ္ၿပီး ျပန္လာပါေတာ့တယ္။ လမ္းတစ္ေလွ်ာက္မွာေတာ့ႀကဳံရာက်ရာ အလုပ္ေတြလုပ္ၿပီး စရိတ္ရွာရပါတယ္။ ဟိုတယ္ေတြ၊ အေဆာင္ေတြမွာ သန႔္စင္ခန္းကို သန႔္ရွင္းေရးလုပ္၊ အိပ္ယာေတြလိုက္သိမ္းေပး အစရွိသျဖင့္ လိုအပ္တာမွန္သမွ် အကုန္ လိုက္လုပ္ေပးပါတယ္။ ဒါဆိုရင္ ဟိုတယ္ေတြ၊ အေဆာင္ေတြက သူ႔ကို ေနစရာ အလကားေပးတယ္ေလ။ ၿပီးေတာ့ နာမည္ႀကီးဘေလာ့ဂ္စာမ်က္ႏွာေတြအတြက္ စာေရးပါတယ္။ တခါတေလက်ရင္ စာေရးခအျဖစ္ တစ္လကို ေဒၚလာ ၁ဝဝ ေလာက္ရေတာ့ အဲဒါနဲ႔အသက္ဆက္ရတာေပါ့။ ဒီလိုနဲ႔ပဲ သူဟာ အေမရိကကို ျပန္ေရာက္လာေတာ့တာပါ။ ခရီးကေနလည္း ျပန္ေရာက္ေရာ သူ႔အသက္က ၂၅ႏွစ္နီးပါး ျဖစ္ေနပါၿပီ။ အဲဒီအသက္အ႐ြယ္ထိသာ ေရာက္ေနေပမယ့္ ဘဝမွာ ဘာလုပ္လို႔ လုပ္ခ်င္မွန္းလည္း မသိေသးပါဘူးတဲ့။ ဒါေပမဲ့ သူ ေသခ်ာ သိတာတစ္ခုကေတာ့ သူဟာ ခရီးသြားရတာအင္မတန္ ဝါသနာပါတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ ကမာၻပတ္ခရီးသြားမယ့္အတူတူ ဂင္းနစ္ကမာၻ႔စံခ်ိန္ တင္ႏိုင္ေအာင္ လုပ္ရင္ အက်ိဳး ပိုရွိလိမ့္မယ္၊ အခ်ိန္တိုအတြင္းမွာ ကမာၻပတ္ႏိုင္တဲ့လူ ျဖစ္ေအာင္လုပ္မယ္ဆိုၿပီး စိတ္ပိုင္းျဖတ္လိုက္ပါေတာ့တယ္။ ဒါေၾကာင့္ သူဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ကစလို႔ ကမာၻပတ္ခရီး ထြက္လိုက္တာ အသက္ ၂၇ ႏွစ္မွာေတာ့ ခရီးဆုံးခန္းတိုင္သြားပါေတာ့တယ္။ ကမာၻ မပတ္ခင္မွာသူက သူသြားမယ့္ ခရီးလမ္းအေၾကာင္း ေသေသ ခ်ာခ်ာ စုံစမ္းပါတယ္။ ဥပမာအားျဖင့္ ကိုယ္သြားမယ့္ႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေန၊ရာသီဥတု အေျခအေန စသျဖင့္ေပါ့။ သူကေတာ့ ေဈးအႀကီးဆုံးေနရာေတြကေန စၿပီး သြားပါတယ္။ အေမရိကကို ျပန္ေရာက္ေနတုန္းမွာ သူက ကေလးထိန္းအလုပ္ အေတာ္ေလး ဝင္လုပ္လိုက္ၿပီး အဲဒီကေန ေဒၚလာ တစ္ေသာင္း ရထားတယ္ေလ။ အာရွပစိဖိတ္ေဒသနဲ႔ ေတာင္ပစိဖိတ္သမုဒၵရာေဒသက ေဈးအႀကီးဆုံး ျဖစ္လို႔ အဲဒီကို အရင္ဆုံးသြားခဲ့တယ္လို႔ သူက ဆိုပါတယ္။

ၿပီးေတာ့ ဥေရာပကို သြားပါတယ္။ ဥေရာပကို ဦးတည္လိုက္ခ်ိန္မွာ ပိုက္ဆံက စနည္းလာပါၿပီ။ ဒါေပမဲ့ ဥေရာပကို သူ ေရာက္ဖူးၿပီးသားဆိုေတာ့ စရိတ္နည္းနည္းနဲ႔ သြားတတ္လာတတ္သြားၿပီေလ။ ေျမာက္ကိုရီးယားနဲ႔ ယီမင္ကို သြားမယ္ဆိုေတာ့ သူဟာ အဲဒီခရီးစဥ္အတြက္ အေတာ္ေလး ျပင္ဆင္လိုက္ရပါတယ္။ ေျမာက္ကိုရီးယားထဲလည္ပတ္ခြင့္ သုံးရက္ဗီဇာေလးရဖို႔ကို သူ ေဒၚလာ တစ္ေထာင္ ေပးလိုက္ရပါတယ္။ သူ လိုက္သြားတဲ့ ေျမာက္ကိုရီးယားခရီးစဥ္မွာဆိုအေနာက္တိုင္းသူဆိုလို႔ သူတစ္ေယာက္ပဲ ပါပါတယ္။ ေျမာက္ကိုရီးယားမွာ အေမရိကန္ေက်ာင္းသားတစ္ေယာက္ဟာ (၁၇)လ လုံးလုံး ထိန္းသိမ္းခံခဲ့ရၿပီး အဲဒီကိစၥရပ္ႀကီးျဖစ္အၿပီး ေျခာက္လအၾကာမွာပဲသူ ေျမာက္ကိုရီးယားကို ေရာက္သြားတာပါ။ ဒါေၾကာင့္ သူဟာ ေျမာက္ကိုရီးယားမွာ ရင္တထိတ္ထိတ္နဲ႔ေပါ့။ သူ႔အလွည့္မွာအစစအရာရာ အဆင္ေျပခဲ့ေပမယ့္ ေျမာက္ကိုရီးယားကို ေနာက္တစ္ေခါက္ေတာ့ ျပန္မသြားခ်င္ေတာ့ဘူးလို႔ သူကအေတြ႕အ ႀကဳံကိုေျပာျပပါတယ္။

ခရီးမွာ ပိုက္ဆံျပတ္လာၿပီဆိုရင္ သူက အေမရိကကို ခဏျပန္သြားၿပီး ေဆြးေႏြးပြဲေတြ လိုက္တက္ပါတယ္။ ၿပီးေတာ့ သူ႔ခရီးစဥ္အတြက္ စပြန္ဆာရေအာင္ ကုမၸဏီေတြနဲ႔ လိုက္ခ်ိတ္ဆက္ပါတယ္။ ၿပီးေတာ့မွ ကမာၻပတ္ခရီးကို ဆက္ထြက္ပါတယ္။

အဲဒီခရီးစဥ္တစ္ေလွ်ာက္မွာ သူ႔ကို စိတ္ဖိစီးမႈ အေပးဆုံးအရာကေတာ့ အခ်ိန္တို အတြင္း ခရီးစဥ္ကို အဆုံးသတ္ႏိုင္ေရးပါပဲ။ ဒါေပမဲ့ တစ္ကမာၻလုံးကိုလည္ပတ္ခြင့္ ရခဲ့တာကိုေတာ့ သူ သိပ္ကို အားရေက်နပ္ပါတယ္။ တခါတေလေတာ့လည္း အဲဒီေနရာေတြမွာ အခ်ိန္ၾကာၾကာ ေနခြင့္ရခ်င္မိတယ္လို႔သူက ဆိုပါတယ္။ သူဟာ ထိုင္ဝမ္၊ ကိုဆိုဗိုနဲ႔ ပါလက္စတိုင္းဆိုတဲ့ေဒသေတြအျပင္ ကမာၻ႔ႏိုင္ငံေပါင္း (၁၉၃)ႏိုင္ငံကို (၁၈)လေက်ာ္အတြင္း အေရာက္သြားႏိုင္ခဲ့တာပါ။ သူ ေရာက္ခဲ့သမွ် ႏိုင္ငံေတြထဲမွာဘယ္ႏိုင္ငံကို သေဘာအက်ဆုံးလဲဆိုရင္ ေ႐ြးရသိပ္ခက္တယ္လို႔ သူက ဆိုပါတယ္။

အႀကိဳက္ဆုံးႏိုင္ငံေတြက အၿမဲကို ေျပာင္းေနတာပါတဲ့ေလ။ ကမာၻလွည့္ခရီးသြားေတြၾကား နာမည္မႀကီးလွေပမယ့္တကယ့္ကို လွပတဲ့ႏိုင္ငံကေတာ့ ပါကစၥတန္ႏိုင္ငံ ျဖစ္တယ္။ ေဒသခံေတြကလည္း ေဖာ္ေ႐ြၾကတယ္လို႔ သူက သူ႔အေတြ႕အႀကဳံကိုျပန္ ေျပာျပပါတယ္။ သူ႔ခရီးစဥ္ အစအဆုံးရဲ႕ ကုန္က်စရိတ္ကေတာ့ အေမရိကန္ေဒၚလာ ၁၁ဝဝဝဝ ေလာက္ရွိမယ္လို႔ သူက ခန႔္မွန္းပါတယ္။

Related news

© 2021. All rights reserved.