ကျိုက်ထီးရိုးဘုရားသို့ (၂)လအတွင်း ပြည်တွင်း နှင့် ထိုင်း၊ အမေရိကန်၊ တရုတ်အပါအဝင် နိုင်ငံပေါင်း (၂ဝ)မှ ခရီးသွား(၄ဝဝဝဝ)ကျော်လာရောက်လည်ပတ်

1157

မျိုးကြီး (NP News) - ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားသို့ ပြီးခဲ့သော (၂)လအတွင်း ပြည်တွင်းဘုရားဖူး (၄ဝဝဝဝ)ကျော်လာရောက်ခဲ့ပြီး ထိုင်း၊ အမေရိကန်၊ တရုတ် ခရီးသွားများပါ လာရောက်လည်ပတ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျိုက်ထီးရိုးဘုရားဖူးပွဲတော် စတင်ဖွင့်လှစ်သည့် သီတင်းကျွတ်ကာလဖြစ်သည့် အောက်တိုဘာလအတွင်း၌ ပြည်တွင်းဘုရားဖူး (၃၃ဝ၅၇) ဦးလာရောက်ခဲ့ပြီး နိုင်ငံခြားသားခရီးသွား (၈၅)ဦးလာရောက်လည်ပတ်ခဲ့ကြောင်း ကျိုးက်ထီးရိုးဘုရာဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှက NP News ကို ပြောသည်။
ထို့ပြင် နိုဝင်ဘာလ၌ ကျိုက်ထီးရိုးဘုရားသို့ ပြည်တွင်းဘုရားဖူး (၁၁၃၆၂)ဦးအထိ လာရောက်ဖူးမြှော်ခဲ့ပြီး နိုင်ငံခြားသားဘုရားဖူးဦးရေသည် (၁၉၃)ဦး ရှိခဲ့ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးစိုးလှက ဆိုသည်။
“သွားရေး၊ လာရေး၊ စားရေသောက်ရေး၊ တည်းခိုရေးတို့နဲ့ပတ်သက်လို့ ကျိုက်ထိုဟိုတယ်တို့၊ ရိုးရိုးလေးဟိုတယ်တို့က သီတင်းကျွတ်ကတည်းကဖွင့်တာ အခုအချိန်ထိပါပဲ။ အခြားတည်းခိုဆောင်တွေနဲ့ စားသောက်ဆိုင်တွေလည်း အကုန်လုံး စည်း စည်းကားကားနဲ့ ပြည့်ပြည့်စုံစုံရှိပါတယ်။ ဘုရားဖူးတွေကို ဖိတ်ခေါ်ချင်တာကတော့ လက်ရှိကတော့ လုံခြုံရေးအခြေအနေအရ အေးငြိမ်းလာတဲ့အနေအထားဖြစ်ပါတယ်။ နောက်ဘုရားလည်းဖူး၊ အပန်းလည်းဖြေရင်း လာခဲ့ဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ဦးစိုးလှက ပြောသည်။
လက်ရှိ ဒီဇင်ဘာလအတွင်း၌ ကျိုက်ထီးရိုးဘုရားသို့ နေ့စဉ် ဘုရားဖူးပြည်သူ (၉ဝဝ) ဝန်းကျင်ခန့်လာရောက် ဖူးမြှော်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံအတွင်း လူသိများထင်ရှားသော ကျိုက်ထီးရိုးဘုရားသို့ ပြည်တွင်းဘုရား ဖူးပြည်သူများအပြင် နိုင်ငံတကာမှ နိုင်ငံခြားခရီးသွားများပါ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
“နိုင်ငံခြားသားလာရောက်တာက အများဆုံးက ထိုင်းနိုင်ငံပဲ။ လာတာကတော့ နိုင်ငံတော်တော်များများရှိပါတယ်။ နိုင်ငံ (၂ဝ) လောက်ရှိတယ်။ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်၊ ဘရာဇီး၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ် အဲဒီနိုင်ငံတွေလည်း များပါတယ်။ အဲဒီအထဲကမှ အများဆုံးကတော့ ထိုင်းပဲဖြစ်ပါတယ်” ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။
လက်ရှိ (၂)လတာကာလအတွင်း၌ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးပြည်သူနှင့်လာရောက်လည်ပတ်သူဦးရေမှာ (၄ဝဝဝဝ)ကျော်ရှိနေပြီဖြစ်ကာ ယခုဒီဇင် ဘာလအတွင်း ပိုမိုများပြားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

zawgyi version
က်ိဳက္ထီး႐ိုးဘုရားသို႔ (၂)လအတြင္း ျပည္တြင္း ႏွင့္ ထိုင္း၊ အေမရိကန္၊ တ႐ုတ္အပါအဝင္ ႏိုင္ငံေပါင္း (၂ဝ)မွ ခရီးသြား(၄ဝဝဝဝ)ေက်ာ္လာေရာက္လည္ပတ္
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁၃
မြန္ျပည္နယ္ရွိ က်ိဳက္ထီး႐ိုးဘုရားသို႔ ၿပီးခဲ့ေသာ (၂)လအတြင္း ျပည္တြင္းဘုရားဖူး (၄ဝဝဝဝ)ေက်ာ္လာေရာက္ခဲ့ၿပီး ထိုင္း၊ အေမရိကန္၊ တ႐ုတ္ ခရီးသြားမ်ားပါ လာေရာက္လည္ပတ္ခဲ့ေၾကာင္း သတင္းရရွိသည္။
က်ိဳက္ထီး႐ိုးဘုရားဖူးပြဲေတာ္ စတင္ဖြင့္လွစ္သည့္ သီတင္းကြၽတ္ကာလျဖစ္သည့္ ေအာက္တိုဘာလအတြင္း၌ ျပည္တြင္းဘုရားဖူး (၃၃ဝ၅၇) ဦးလာေရာက္ခဲ့ၿပီး ႏိုင္ငံျခားသားခရီးသြား (၈၅)ဦးလာေရာက္လည္ပတ္ခဲ့ေၾကာင္း က်ိဳးက္ထီး႐ိုးဘုရာေဂါပကအဖြဲ႕ ဥကၠ႒ ဦးစိုးလွက NP News ကို ေျပာသည္။
ထို႔ျပင္ ႏိုဝင္ဘာလ၌ က်ိဳက္ထီး႐ိုးဘုရားသို႔ ျပည္တြင္းဘုရားဖူး (၁၁၃၆၂)ဦးအထိ လာေရာက္ဖူးေျမႇာ္ခဲ့ၿပီး ႏိုင္ငံျခားသားဘုရားဖူးဦးေရသည္ (၁၉၃)ဦး ရွိခဲ့ေၾကာင္း ေဂါပကဥကၠ႒ ဦးစိုးလွက ဆိုသည္။
“သြားေရး၊ လာေရး၊ စားေရေသာက္ေရး၊ တည္းခိုေရးတို႔နဲ႔ပတ္သက္လို႔ က်ိဳက္ထိုဟိုတယ္တို႔၊ ႐ိုး႐ိုးေလးဟိုတယ္တို႔က သီတင္းကြၽတ္ကတည္းကဖြင့္တာ အခုအခ်ိန္ထိပါပဲ။ အျခားတည္းခိုေဆာင္ေတြနဲ႔ စားေသာက္ဆိုင္ေတြလည္း အကုန္လုံး စည္း စည္းကားကားနဲ႔ ျပည့္ျပည့္စုံစုံရွိပါတယ္။ ဘုရားဖူးေတြကို ဖိတ္ေခၚခ်င္တာကေတာ့ လက္ရွိကေတာ့ လုံၿခဳံေရးအေျခအေနအရ ေအးၿငိမ္းလာတဲ့အေနအထားျဖစ္ပါတယ္။ ေနာက္ဘုရားလည္းဖူး၊ အပန္းလည္းေျဖရင္း လာခဲ့ဖို႔ ဖိတ္ေခၚလိုပါတယ္” ဟု ဦးစိုးလွက ေျပာသည္။
လက္ရွိ ဒီဇင္ဘာလအတြင္း၌ က်ိဳက္ထီး႐ိုးဘုရားသို႔ ေန႔စဥ္ ဘုရားဖူးျပည္သူ (၉ဝဝ) ဝန္းက်င္ခန႔္လာေရာက္ ဖူးေျမႇာ္လ်က္ရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။
ျမန္မာႏိုင္ငံအတြင္း လူသိမ်ားထင္ရွားေသာ က်ိဳက္ထီး႐ိုးဘုရားသို႔ ျပည္တြင္းဘုရား ဖူးျပည္သူမ်ားအျပင္ ႏိုင္ငံတကာမွ ႏိုင္ငံျခားခရီးသြားမ်ားပါ လာေရာက္လည္ပတ္လ်က္ရွိေၾကာင္း သိရသည္။
“ႏိုင္ငံျခားသားလာေရာက္တာက အမ်ားဆုံးက ထိုင္းႏိုင္ငံပဲ။ လာတာကေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ ႏိုင္ငံ (၂ဝ) ေလာက္ရွိတယ္။ ကိုရီးယား၊ အေမရိကန္၊ အဂၤလန္၊ ဘရာဇီး၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ တ႐ုတ္ အဲဒီႏိုင္ငံေတြလည္း မ်ားပါတယ္။ အဲဒီအထဲကမွ အမ်ားဆုံးကေတာ့ ထိုင္းပဲျဖစ္ပါတယ္” က်ိဳက္ထီး႐ိုးဘုရားေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွက ေျပာသည္။
လက္ရွိ (၂)လတာကာလအတြင္း၌ က်ိဳက္ထီး႐ိုးဘုရားသို႔ ဘုရားဖူးျပည္သူႏွင့္လာေရာက္လည္ပတ္သူဦးေရမွာ (၄ဝဝဝဝ)ေက်ာ္ရွိေနၿပီျဖစ္ကာ ယခုဒီဇင္ ဘာလအတြင္း ပိုမိုမ်ားျပားႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။