တံတားဦးမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုကြောင့်ဖြစ်ပြီး ငလျင်ကြီးများ တစ်ကျော့ပြန် လည်လာနိုင်၍ သတိပြုရန်လိုဟု ကြိုတင်သတိပေး

1483

မျိုးကြီး (NP News) - ဒီဇင်ဘာ ၁၅
တံတားဦးမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်မှာ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုကြောင့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေး က ပြောသည်။
ယနေ့ ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ တံတားဦးမြို့၏ အရှေ့ဘက်(၄)မိုင် ခန့်အကွာကို ဗဟိုပြုကာ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
“စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားတယ်လို့ သုံးသပ်လို့ရတယ်ပေါ့နော်။ မြေအောက်ဗဟို ချက်အနက်က ၆၃ ကီလို မီတာ ဆိုတာက စောက်တိမ်တဲ့ ငလျင်အမျိုးအစားဖြစ်တယ်။ အင်အားပမာဏအနေနဲ့ အသင့်အတင့်ရှိတယ်။ ငလျင်လှုပ်ခတ်တဲ့ ဗဟိုချက်တည်နေရာကလည်း လူနေထိုင်ရာများတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီအနီးတစ်ဝိုက်မှာ တော်တော်များများ သတိပြုမိတယ်” ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက NP News ကိုပြောသည်။
အဆိုပါငလျင်ကြောင့် မန္တလေးတောင်၊ မြွေနှစ်ကောင်ပြဿဒ် အပေါ်ပိုင်း တိမ်းစောင်းမှုဖြစ်ပွားခဲ့သည့်အပြင် စေတီတော်နှစ်ဆူမှာလည်း စိန်ဖူးတော်မြေခခဲ့ကြောင်းနှင့် ရှေ့ဟောင်းအမွေအနှစ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ ကြောင်း သိရသည်။
“နောက်တံတားဦးသာမကပဲ စစ်ကိုင်းဘက်ရော၊ ပြင်ဦးလွင်၊ သပိတ်ကျင်းဘက်အထိ မုံရွာဘက်တွေရော ကျောက် ဆည်တို့၊ တောင်ကြီးတို့ ရှမ်းပြည်နယ်တို့အထိပါ သတိပြုမိတယ်ဆိုတဲ့ဟာမျိုးတော့ သတင်းရရှိတယ်။ ရှေ့ဟောင်း စေတီပုထိုးတွေ ထိခိုက်မှုရှိတယ်ဆိုတဲ့ဟာမျိုးတွေကို သတင်းရရှိတယ်ပေါ့နော်” ဟု ၎င်းက ဆက်လက်ပြောသည်။
ငလျင်လှုပ်ခတ်မှု မကြာခဏတွေ့ကြုံနေရသည့် အရပ်ဒေသများ၊ အထူးသဖြင့် စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက်နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်သင့်ကြောင်း ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေး က အကြံပြုထားသည်။
မြန်မာနိုင်ငံ၌ ၁၉၃ဝ ခုနှစ်အတွင်း ပဲခူးငလျင်လှုပ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကာ အများအပြားထိခိုက်ပျက်စီးမှုရှိခဲ့ပြီး နှစ်ပေါင်း ၁၆ဝ အတွင်း ၎င်းကဲ့သို့မျိုး ငလျင်မှာ တစ်ကျော့ပြန်လည်လာနိုင်သည်ဆိုသောအချက်များကိုတွေ့ရှိရကြောင်း ၎င်းက မှတ်ချက်ပြုထားသည်။
“ယခင်ကဖြစ်ပေါ်ခဲ့တဲ့ ငလျင်ရဲ့ဖြစ်စဉ်တွေပေါ့နော် မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ၁၉၃ဝ ခုနှစ်ဖြစ်စဉ်ကြောင့် လှုပ်ခတ် ခဲ့တဲ့ ပဲခူးငလျင်ပေါ့နော် ပြန်လည်ပြီးတော့ လေ့လာမှုအရဆိုရင် နောက်တစ်ကျော့ပြန်လည်လှုပ်ရှားဖို့ရာ ဆိုလို့ရှိရင် သူက နှစ်ပေါင်း ၁၆ဝ အတွင်း ဒါမျိုး တစ်ကျော့လည်နိုင်တယ်ဆိုတဲ့ဟာမျိုးကို တွေ့ရှိထားတာမျိုးဖြစ်တဲ့ အတွက် အခုဆိုရင် နှစ်ပေါင်း ၉ဝ ကျော်လာပြီ ဒါကြောင့့်လို့ ဒီငလျင်နဲ့ပတ်သက်ပြီး သတိပြုရန်လိုအပ်သလိုပဲ မြန်မာနိုင်ငံရဲ့အနောက်ဖက်ခြမ်းမှာ ဆိုရင်လည်း ရခိုင်ပြည်နယ်ပေါ့ အဲဒီဘက်မှာ ၁၇၆၂ ခုနှစ်က ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ပြီးတော့ ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့တယ်ဆိုတာမျိုးတွေကို သမိုင်းအထောက်အထားအရ တွေ့ရှိထားတာမျိုး ရှိတယ်။ ဒီငလျင်ဟာလည်း နှစ်ပေါင်း ၂၅ဝ ကျော်ကြာလာပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီဘက်မှာဆိုလို့ရှိရင်လည်း ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုအစီအမံလေးတွေ ဆောင်ရွက်ထားဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း ဒါလေး ကိုတော့ ဗဟုသုတအနေနဲ့ မျှဝေချင်ပါတယ်” ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။
ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်အတွင်း ပုဂံဒေသ၌ အင်အားကောင်းသည့် ငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ ရှေ့ဟောင်းစေတီပုထိုးများစွာ ထိခိုက်မှုများရှိခဲ့သည်။

Zawgyi Version;
တံတားဦးၿမိဳ႕ကို ဗဟိုျပဳလႈပ္ခတ္ခဲ့ေသာ ငလ်င္မွာ စစ္ကိုင္းျပတ္ေ႐ြ႕လႈပ္ရွားမႈေၾကာင့္ျဖစ္ၿပီး ငလ်င္ႀကီးမ်ား တစ္ေက်ာ့ျပန္ လည္လာႏိုင္၍ သတိျပဳရန္လိုဟု ႀကိဳတင္သတိေပး
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁၅
တံတားဦးၿမိဳ႕ကို ဗဟိုျပဳလႈပ္ခတ္ခဲ့ေသာ ငလ်င္မွာ စစ္ကိုင္းျပတ္ေ႐ြ႕လႈပ္ရွားမႈေၾကာင့္ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၊ ငလ်င္ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာယဥ္မ်ိဳးမင္းေထြး က ေျပာသည္။
ယေန႔ ဒီဇင္ဘာ ၁၅ ရက္ နံနက္ ၃ နာရီ ၁၆ မိနစ္အခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ တံတားဦးၿမိဳ႕၏ အေရွ႕ဘက္(၄)မိုင္ ခန႔္အကြာကို ဗဟိုျပဳကာ အင္အားရစ္(ခ္)တာစေကး ၅ ဒသမ ၂ အဆင့္ရွိ ေျမငလ်င္လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
“စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာင့္ လႈပ္ရွားတယ္လို႔ သုံးသပ္လို႔ရတယ္ေပါ့ေနာ္။ ေျမေအာက္ဗဟို ခ်က္အနက္က ၆၃ ကီလို မီတာ ဆိုတာက ေစာက္တိမ္တဲ့ ငလ်င္အမ်ိဳးအစားျဖစ္တယ္။ အင္အားပမာဏအေနနဲ႔ အသင့္အတင့္ရွိတယ္။ ငလ်င္လႈပ္ခတ္တဲ့ ဗဟိုခ်က္တည္ေနရာကလည္း လူေနထိုင္ရာမ်ားတဲ့ေနရာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီအနီးတစ္ဝိုက္မွာ ေတာ္ေတာ္မ်ားမ်ား သတိျပဳမိတယ္” ဟု ေဒါက္တာယဥ္မ်ိဳးမင္းေထြးက NP News ကိုေျပာသည္။
အဆိုပါငလ်င္ေၾကာင့္ မႏၲေလးေတာင္၊ ေႁမြႏွစ္ေကာင္ျပႆဒ္ အေပၚပိုင္း တိမ္းေစာင္းမႈျဖစ္ပြားခဲ့သည့္အျပင္ ေစတီေတာ္ႏွစ္ဆူမွာလည္း စိန္ဖူးေတာ္ေျမခခဲ့ေၾကာင္းႏွင့္ ေရွ႕ေဟာင္းအေမြအႏွစ္မ်ား ထိခိုက္ပ်က္စီးမႈရွိခဲ့ ေၾကာင္း သိရသည္။
“ေနာက္တံတားဦးသာမကပဲ စစ္ကိုင္းဘက္ေရာ၊ ျပင္ဦးလြင္၊ သပိတ္က်င္းဘက္အထိ မုံ႐ြာဘက္ေတြေရာ ေက်ာက္ ဆည္တို႔၊ ေတာင္ႀကီးတို႔ ရွမ္းျပည္နယ္တို႔အထိပါ သတိျပဳမိတယ္ဆိုတဲ့ဟာမ်ိဳးေတာ့ သတင္းရရွိတယ္။ ေရွ႕ေဟာင္း ေစတီပုထိုးေတြ ထိခိုက္မႈရွိတယ္ဆိုတဲ့ဟာမ်ိဳးေတြကို သတင္းရရွိတယ္ေပါ့ေနာ္” ဟု ၎က ဆက္လက္ေျပာသည္။
ငလ်င္လႈပ္ခတ္မႈ မၾကာခဏေတြ႕ႀကဳံေနရသည့္ အရပ္ေဒသမ်ား၊ အထူးသျဖင့္ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာ တစ္ေလွ်ာက္ေနထိုင္သူမ်ားအေနျဖင့္ သတိျပဳေနထိုင္သင့္ေၾကာင္း ငလ်င္ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ ယဥ္မ်ိဳးမင္းေထြး က အႀကံျပဳထားသည္။
ျမန္မာႏိုင္ငံ၌ ၁၉၃ဝ ခုႏွစ္အတြင္း ပဲခူးငလ်င္လႈပ္ခတ္မႈျဖစ္စဥ္ျဖစ္ပြားခဲ့ကာ အမ်ားအျပားထိခိုက္ပ်က္စီးမႈရွိခဲ့ၿပီး ႏွစ္ေပါင္း ၁၆ဝ အတြင္း ၎ကဲ့သို႔မ်ိဳး ငလ်င္မွာ တစ္ေက်ာ့ျပန္လည္လာႏိုင္သည္ဆိုေသာအခ်က္မ်ားကိုေတြ႕ရွိရေၾကာင္း ၎က မွတ္ခ်က္ျပဳထားသည္။
“ယခင္ကျဖစ္ေပၚခဲ့တဲ့ ငလ်င္ရဲ႕ျဖစ္စဥ္ေတြေပါ့ေနာ္ ျမန္မာႏိုင္ငံမွာဆိုလို႔ရွိရင္ ၁၉၃ဝ ခုႏွစ္ျဖစ္စဥ္ေၾကာင့္ လႈပ္ခတ္ ခဲ့တဲ့ ပဲခူးငလ်င္ေပါ့ေနာ္ ျပန္လည္ၿပီးေတာ့ ေလ့လာမႈအရဆိုရင္ ေနာက္တစ္ေက်ာ့ျပန္လည္လႈပ္ရွားဖို႔ရာ ဆိုလို႔ရွိရင္ သူက ႏွစ္ေပါင္း ၁၆ဝ အတြင္း ဒါမ်ိဳး တစ္ေက်ာ့လည္ႏိုင္တယ္ဆိုတဲ့ဟာမ်ိဳးကို ေတြ႕ရွိထားတာမ်ိဳးျဖစ္တဲ့ အတြက္ အခုဆိုရင္ ႏွစ္ေပါင္း ၉ဝ ေက်ာ္လာၿပီ ဒါေၾကာင့့္လို႔ ဒီငလ်င္နဲ႔ပတ္သက္ၿပီး သတိျပဳရန္လိုအပ္သလိုပဲ ျမန္မာႏိုင္ငံရဲ႕အေနာက္ဖက္ျခမ္းမွာ ဆိုရင္လည္း ရခိုင္ျပည္နယ္ေပါ့ အဲဒီဘက္မွာ ၁၇၆၂ ခုႏွစ္က ငလ်င္ႀကီးတစ္ခု လႈပ္ရွားခဲ့ၿပီးေတာ့ ဆူနာမီလႈိင္းျဖစ္ေပၚခဲ့တယ္ဆိုတာမ်ိဳးေတြကို သမိုင္းအေထာက္အထားအရ ေတြ႕ရွိထားတာမ်ိဳး ရွိတယ္။ ဒီငလ်င္ဟာလည္း ႏွစ္ေပါင္း ၂၅ဝ ေက်ာ္ၾကာလာၿပီျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီဘက္မွာဆိုလို႔ရွိရင္လည္း ငလ်င္နဲ႔ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္မႈအစီအမံေလးေတြ ေဆာင္႐ြက္ထားဖို႔ လိုအပ္တယ္ဆိုတဲ့အေၾကာင္း ဒါေလး ကိုေတာ့ ဗဟုသုတအေနနဲ႔ မွ်ေဝခ်င္ပါတယ္” ဟု ေဒါက္တာယဥ္မ်ိဳးမင္းေထြးက ေျပာသည္။
ၿပီးခဲ့ေသာ ၂ဝ၁၆ ခုႏွစ္အတြင္း ပုဂံေဒသ၌ အင္အားေကာင္းသည့္ ငလ်င္တစ္ခုလႈပ္ခတ္မႈျဖစ္ပြားခဲ့ရာ ေရွ႕ေဟာင္းေစတီပုထိုးမ်ားစြာ ထိခိုက္မႈမ်ားရွိခဲ့သည္။