နက်ရှိုင်းစွာ အချိန်ယူလေ့လာပြီးနောက် ဂြိုလ်သားများနှင့်ပတ်သက်၍ အထောက်အထား မတွေ့ရှိရသေးကြောင်း ပင်တာဂွန်စစ်ဋ္ဌာနချုပ် ပြောဆို

 655

Htay Oung (NP News) - ဒီဇင်ဘာ ၁၈

အခြားကမ္ဘာမှ ဂြိုလ်သားဆိုသူများ လာရောက်ခြင်း၊ မြေပြင်ဆင်းသက်ခြင်းနဲ့ ယာဉ်ပျက်ကျတယ်ဆိုတဲ့ကိစ္စတွေမှာ လောလောဆယ် ခိုင်မာတဲ့အထောက်အထား မရှိသေးကြောင်း၊ ဒါပေမဲ့ အမျိုးအမည်မသိအရာဝတ္ထုများနဲ့ ပတ်သက်တဲ့အစီရင်ခံစာသစ်များဟာ ပင်တာဂွန်မှာ ရာနဲ့ချီပြီး ကျန်ရှိနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက ဒီဇင်ဘာလ ၁၆ ရက်၊ သောကြာနေ့မှာ ပြောဆိုခဲ့ကြောင်း Reuters က ယမန်နေ့ ရေးသားပါတယ်။

ကောင်းကင်၊ ရေအောက် (သို့မဟုတ်) အာကာသအတွင်း “မူမမှန်ဖြစ်စဉ်များအတွက် ပညာရပ်နယ်ပယ် အားလုံး ဆိုင်ရာ ဖော်ထုတ်အဖြေရှာရေး” AARO အနေနဲ့ ဉာဏ်ရည်မြင့်မားတဲ့ ဂြိုလ်သားများ တည်ရှိကြောင်း ညွှန်ပြတဲ့ အထောက်အထားရယ်လို့ ဘာတစ်ခုမှ မတွေ့ခဲ့ရကြောင်း၊ အာကာသအတွင်း အခြားကမ္ဘာမှ ဂြိုလ်သားများ ဖြစ်နိုင် ခြေကို ငြင်းဆိုခြင်း မဟုတ်ဘဲ၊ သုတေသနအတွက် သိပ္ပံနည်းကျ ချဉ်းကပ်လုပ်ဆောင်နေကြောင်း အဖွဲ့ညွှန်ကြား ရေးမှူး ရှောင်ကတ်ပက်ထရစ်က ဆိုပါတယ်။

ခွဲခြမ်းစိတ်ဖြာမှုများကို စေ့စေ့စပ်စပ်နဲ့ အလွန်တင်းကျပ်စွာ တည်ဆောက်ထားတယ်လို့ ပြောလိုကြောင်း၊ အားလုံး ကို ဖြေရှင်းပေးသွားဖို့ ရှိနေကြောင်း၊ ရူပဗေဒပညာရှင်တစ်ဦးအနေနဲ့ “သိပ္ပံနည်းကျဖြစ်ခြင်း” ကို လိုက်နာရမှာဖြစ် ပြီး၊ အချက်အလက်များနဲ့ ဘယ်လိုရှု့ထောင့်မဆို သိပ္ပံပညာအမြင်ဖြင့် ချဉ်းကပ်လျက်ရှိကြောင်း ဇူလိုင်လမှာ အသစ် ထပ်မံဖွဲ့စည်းလိုက်တဲ့ AARO ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

စစ်ရေးခင်းကျင်းမှုများ၊ ကန့်သတ်လေပိုင်နက်များနဲ့ စိတ်ဝင်စားဖွယ်အခြားနေရာဝန်းကျင်တို့မှာ ရှင်းပြနိုင်ခြင်း မရှိတဲ့ ဖြစ်စဉ်/တွေ့ရှိချက်များနဲ့ပတ်သက်ပြီး အမေရိကန်စစ်တပ်ရဲ့စစ်ဆင်ရေးများမှာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အမျိုးသားလုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ခြိမ်းခြောက်မှုများကို ဖော်ထုတ်ကူညီနိုင်ဖို့ ရည်ရွယ်ပြီး AARO ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

၂ဝဝ၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့တဲ့ "မျိုးမည်မသိ ကောင်းကင်ဖြစ်စဉ်များ" (သို့မဟုတ်) UAPs လို့ အမေရိကန်စစ်တပ်က တရားဝင်ခေါ်ဆိုတဲ့ အမှုပေါင်း ၁၄ဝ ကျော်ရှိနေတယ်လို့ လွန်ခဲ့တဲ့နှစ်မှာ အမေရိကန်အစိုးရက အစီရင်ခံခဲ့ပါ တယ်။

ဒါပေမဲ့ တွေ့လိုက်ရတယ်ဆိုတဲ့မြင်ကွင်းများအားလုံးမှာ တစ်ခုဟာ ဓါတ်ငွေ့လျော့နည်းနေတဲ့ မီးပုံးပျံကြီးဖြစ်ကြောင်း သက်သေပြနိုင်တာကလွဲလို့ ကျန်အမှုများကို ရှင်းပြနိုင်ခြင်းမရှိသေးဘဲ ဆက်လက်လေ့လာသုံးသပ်ဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ကျန် အမှုပေါင်း ၁၄၃ ခု တို့မှာ အမေရိကန်အစိုးရကိုယ်တိုင် (သို့မဟုတ်) စီးပွားဖြစ်ထုတ်လုပ်ရေးအဖွဲ့အစည်း၊ (သို့မဟုတ်) တရုတ် (သို့မဟုတ်) ရုရှားတို့လို အင်အားကြီးပြည်ပနိုင်ငံတို့က တီထွင်ခဲ့တဲ့ ထူးခြားဝေဟင်စနစ်တွေ ဖြစ်ကြောင်း ကောက်ချက်ချဖို့ အချက်အလက်အနည်းငယ်သာရှိတယ်လို့ ဆိုပါတယ်။

ယခင်တွေ့ရှိခဲ့တဲ့ UAPs ဆိုင်ရာဖြစ်စဉ်ကို ၂ဝ၂၁ ခုနှစ်မှာ ပင်တာဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ဖူးပါတယ်။ ပဟေဠိ ဆန်တဲ့အရာဝတ္ထုဟာ လက်ရှိ (လူသားတို့ရဲ့) လေကြောင်းနည်းပညာကို ကျော်လွန်ပြီး (ထူးခြား) အမြန်နှုန်းနဲ့ ထိန်း ကျောင်း ပျံသန်းနိုင်ကြောင်း၊ တွန်းကန်ပျံသန်းခြင်း (သို့မဟုတ်) ပျံသန်းမှုထိန်းချုပ်ပုံကို မမြင်တွေ့ရဘဲ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီက စတင်ပြီး နောက်ထပ် မှတ်တမ်းတင်ခဲ့တဲ့ အမှုပေါင်း ရာဂဏန်းရှိနေပြီး ကိန်းဂဏန်းအတိအကျကို မကြာမီထုတ်ပြန်ဖို့ရှိနေကြောင်း ကက်ပက်ထရစ်က ပြောပါတယ်။ မေလအတွင်း အစီရင်ခံတင်ပြထားတဲ့ဖြစ်စဉ် စုစုပေါင်းဟာ ၄ဝဝ ကျော်သွားပြီလို့ ရေတပ်အကြီးတန်းအရာရှိတစ်ဦးထံမှ သိရှိရပါတယ်။

ပင်တာဂွန်ရဲ့ နှစ်ပတ်လည်ကာကွယ်ရေးမူဝါဒဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်က အသေးစိတ်စိစစ်ပြီး ထပ်မံတွန်းအားပေးများနဲ့ ယခုသီတင်းပတ်မှ အတည်ပြုခဲ့ပါတယ်။ သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခြင်း မပြုရသေးတဲ့ အဲဒီဥပဒေမှာ UFO (ခေါ်) အမျိုးအမည်မသိ ပျံသန်းနေတဲ့အရာဝတ္ထုများနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက မှတ်တမ်းတင်ခဲ့တဲ့ ၁၉၄၅ ခုနှစ်အထိဖြစ်စဉ်များကို ပြင်ဆင်ချက်ပြန်လည်ထည့်သွင်းပေးဖို့ ပင်တာဂွန်ကို တောင်းဆိုကြောင်း မှတ်ချက်ပါရှိပါတယ်။

ဒီကိစ္စဟာ သုတေသနပရော့ဂျက်အနေနဲ့ နယ်နယ်ရရမဟုတ်ကြောင်း၊ AARO အနေနဲ့ မှတ်တမ်းအားလုံးကို လေ့လာဆန်းစစ်ဖို့ ကွန်ဂရက်လွှတ်တော်က ဆန္ဒရှိနေပြီး တစ်ချို့အမှုတွေဟာ လူအနည်းငယ်ကိုသာ အသိပေးထားတဲ့ “နိုင်ငံတော် လျှို့ဝှက်အဆင့်” ဖြစ်နေကြောင်း ကတ်ပက်ထရစ်က ပြောပါတယ်။

ယခင် စုံစမ်းစစ်ဆေးမှုများကို “ပရော့ဂျက် ဘလူးဘွတ်ခ်” အဖြစ် အမေရိကန်လေတပ်က ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ် ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ မြင်တွေ့ရမှု ၁၂၆၁၈ ခုကို ထည့်သွင်းထားပြီး ၎င်းတို့အနက် ၇ဝ၁ ခုမှာ အမျိုးအမည် ခွဲခြားနိုင်ခြင်းမရှိတဲ့အရာဝတ္ထုများအဖြစ် တရားဝင် ကျန်ရှိနေပါတယ်။

၁၉၉၄ ခုနှစ်မှာ အမေရိကန်လေတပ်က “၁၉၄၇ ခုနှစ် ရို့စ်ဝဲလ်ဖြစ်ရပ်" နဲ့ ပတ်သက်တဲ့မှတ်တမ်းများအပေါ် လေ့လာမှုပြီးဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ရို့စ်ဝဲလ်မြို့အနီးမှ ကောက်ယူစုဆောင်းရရှိတဲ့ပစ္စည်းများဟာ ပျက်ကျခဲ့တဲ့ မီးပုံးပျံတစ်ခုဖြစ်ကြောင်း၊ စစ်တပ်က ကာလကြာရှည်စွာ ရှင်းပြချက်များနဲ့ ကိုက်ညီပြီး ဂြိုလ်သားရုပ်အလောင်းများ (သို့မဟုတ်) အာကာသမှ ဂြိုဟ်သားပစ္စည်းများ ရှာဖွေတွေ့ရှိတယ်လို့ အထောက်အထားမရှိကြောင်း ဖော်ပြထားပါတယ်။

Zawgyi Version;
နက္ရႈိင္းစြာ အခ်ိန္ယူေလ့လာၿပီးေနာက္ ၿဂိဳလ္သားမ်ားႏွင့္ပတ္သက္၍ အေထာက္အထား မေတြ႕ရွိရေသးေၾကာင္း ပင္တာဂြန္စစ္႒ာနခ်ဳပ္ ေျပာဆို
Htay Oung (NP News) - ဒီဇင္ဘာ ၁၈

အျခားကမာၻမွ ၿဂိဳလ္သားဆိုသူမ်ား လာေရာက္ျခင္း၊ ေျမျပင္ဆင္းသက္ျခင္းနဲ႔ ယာဥ္ပ်က္က်တယ္ဆိုတဲ့ကိစၥေတြမွာ ေလာေလာဆယ္ ခိုင္မာတဲ့အေထာက္အထား မရွိေသးေၾကာင္း၊ ဒါေပမဲ့ အမ်ိဳးအမည္မသိအရာဝတၳဳမ်ားနဲ႔ ပတ္သက္တဲ့အစီရင္ခံစာသစ္မ်ားဟာ ပင္တာဂြန္မွာ ရာနဲ႔ခ်ီၿပီး က်န္ရွိေနေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး ဌာနက ဒီဇင္ဘာလ ၁၆ ရက္၊ ေသာၾကာေန႔မွာ ေျပာဆိုခဲ့ေၾကာင္း Reuters က ယမန္ေန႔ ေရးသားပါတယ္။

ေကာင္းကင္၊ ေရေအာက္ (သို႔မဟုတ္) အာကာသအတြင္း “မူမမွန္ျဖစ္စဥ္မ်ားအတြက္ ပညာရပ္နယ္ပယ္ အားလုံး ဆိုင္ရာ ေဖာ္ထုတ္အေျဖရွာေရး” AARO အေနနဲ႔ ဉာဏ္ရည္ျမင့္မားတဲ့ ၿဂိဳလ္သားမ်ား တည္ရွိေၾကာင္း ၫႊန္ျပတဲ့ အေထာက္အထားရယ္လို႔ ဘာတစ္ခုမွ မေတြ႕ခဲ့ရေၾကာင္း၊ အာကာသအတြင္း အျခားကမာၻမွ ၿဂိဳလ္သားမ်ား ျဖစ္ႏိုင္ ေျခကို ျငင္းဆိုျခင္း မဟုတ္ဘဲ၊ သုေတသနအတြက္ သိပၸံနည္းက် ခ်ဥ္းကပ္လုပ္ေဆာင္ေနေၾကာင္း အဖြဲ႕ၫႊန္ၾကား ေရးမႉး ေရွာင္ကတ္ပက္ထရစ္က ဆိုပါတယ္။

ခြဲျခမ္းစိတ္ျဖာမႈမ်ားကို ေစ့ေစ့စပ္စပ္နဲ႔ အလြန္တင္းက်ပ္စြာ တည္ေဆာက္ထားတယ္လို႔ ေျပာလိုေၾကာင္း၊ အားလုံး ကို ေျဖရွင္းေပးသြားဖို႔ ရွိေနေၾကာင္း၊ ႐ူပေဗဒပညာရွင္တစ္ဦးအေနနဲ႔ “သိပၸံနည္းက်ျဖစ္ျခင္း” ကို လိုက္နာရမွာျဖစ္ ၿပီး၊ အခ်က္အလက္မ်ားနဲ႔ ဘယ္လိုရႈ႕ေထာင့္မဆို သိပၸံပညာအျမင္ျဖင့္ ခ်ဥ္းကပ္လ်က္ရွိေၾကာင္း ဇူလိုင္လမွာ အသစ္ ထပ္မံဖြဲ႕စည္းလိုက္တဲ့ AARO ရဲ႕ ပထမဆုံးအႀကိမ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။

စစ္ေရးခင္းက်င္းမႈမ်ား၊ ကန႔္သတ္ေလပိုင္နက္မ်ားနဲ႔ စိတ္ဝင္စားဖြယ္အျခားေနရာဝန္းက်င္တို႔မွာ ရွင္းျပႏိုင္ျခင္း မရွိတဲ့ ျဖစ္စဥ္/ေတြ႕ရွိခ်က္မ်ားနဲ႔ပတ္သက္ၿပီး အေမရိကန္စစ္တပ္ရဲ႕စစ္ဆင္ေရးမ်ားမွာ ေဘးအႏၲရာယ္ကင္းရွင္းေရး၊ အမ်ိဳးသားလုံၿခဳံေရးအတြက္ ျဖစ္ႏိုင္ေျခရွိတဲ့ၿခိမ္းေျခာက္မႈမ်ားကို ေဖာ္ထုတ္ကူညီႏိုင္ဖို႔ ရည္႐ြယ္ၿပီး AARO ကို ဖြဲ႕စည္းထားတာျဖစ္ပါတယ္။

၂ဝဝ၄ ခုႏွစ္မွ စတင္ေတြ႕ရွိခဲ့တဲ့ "မ်ိဳးမည္မသိ ေကာင္းကင္ျဖစ္စဥ္မ်ား" (သို႔မဟုတ္) UAPs လို႔ အေမရိကန္စစ္တပ္က တရားဝင္ေခၚဆိုတဲ့ အမႈေပါင္း ၁၄ဝ ေက်ာ္ရွိေနတယ္လို႔ လြန္ခဲ့တဲ့ႏွစ္မွာ အေမရိကန္အစိုးရက အစီရင္ခံခဲ့ပါ တယ္။

ဒါေပမဲ့ ေတြ႕လိုက္ရတယ္ဆိုတဲ့ျမင္ကြင္းမ်ားအားလုံးမွာ တစ္ခုဟာ ဓါတ္ေငြ႕ေလ်ာ့နည္းေနတဲ့ မီးပုံးပ်ံႀကီးျဖစ္ေၾကာင္း သက္ေသျပႏိုင္တာကလြဲလို႔ က်န္အမႈမ်ားကို ရွင္းျပႏိုင္ျခင္းမရွိေသးဘဲ ဆက္လက္ေလ့လာသုံးသပ္ဖို႔ လိုအပ္ေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

လက္က်န္ အမႈေပါင္း ၁၄၃ ခု တို႔မွာ အေမရိကန္အစိုးရကိုယ္တိုင္ (သို႔မဟုတ္) စီးပြားျဖစ္ထုတ္လုပ္ေရးအဖြဲ႕အစည္း၊ (သို႔မဟုတ္) တ႐ုတ္ (သို႔မဟုတ္) ႐ုရွားတို႔လို အင္အားႀကီးျပည္ပႏိုင္ငံတို႔က တီထြင္ခဲ့တဲ့ ထူးျခားေဝဟင္စနစ္ေတြ ျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ဖို႔ အခ်က္အလက္အနည္းငယ္သာရွိတယ္လို႔ ဆိုပါတယ္။

ယခင္ေတြ႕ရွိခဲ့တဲ့ UAPs ဆိုင္ရာျဖစ္စဥ္ကို ၂ဝ၂၁ ခုႏွစ္မွာ ပင္တာဂြန္စစ္ဌာနခ်ဳပ္က ထုတ္ျပန္ခဲ့ဖူးပါတယ္။ ပေဟဠိ ဆန္တဲ့အရာဝတၳဳဟာ လက္ရွိ (လူသားတို႔ရဲ႕) ေလေၾကာင္းနည္းပညာကို ေက်ာ္လြန္ၿပီး (ထူးျခား) အျမန္ႏႈန္းနဲ႔ ထိန္း ေက်ာင္း ပ်ံသန္းႏိုင္ေၾကာင္း၊ တြန္းကန္ပ်ံသန္းျခင္း (သို႔မဟုတ္) ပ်ံသန္းမႈထိန္းခ်ဳပ္ပုံကို မျမင္ေတြ႕ရဘဲ ရွိေနတယ္လို႔ ဆိုပါတယ္။

အဲဒီက စတင္ၿပီး ေနာက္ထပ္ မွတ္တမ္းတင္ခဲ့တဲ့ အမႈေပါင္း ရာဂဏန္းရွိေနၿပီး ကိန္းဂဏန္းအတိအက်ကို မၾကာမီထုတ္ျပန္ဖို႔ရွိေနေၾကာင္း ကက္ပက္ထရစ္က ေျပာပါတယ္။ ေမလအတြင္း အစီရင္ခံတင္ျပထားတဲ့ျဖစ္စဥ္ စုစုေပါင္းဟာ ၄ဝဝ ေက်ာ္သြားၿပီလို႔ ေရတပ္အႀကီးတန္းအရာရွိတစ္ဦးထံမွ သိရွိရပါတယ္။

ပင္တာဂြန္ရဲ႕ ႏွစ္ပတ္လည္ကာကြယ္ေရးမူဝါဒဥပေဒၾကမ္းကို ကြန္ဂရက္လႊတ္ေတာ္က အေသးစိတ္စိစစ္ၿပီး ထပ္မံတြန္းအားေပးမ်ားနဲ႔ ယခုသီတင္းပတ္မွ အတည္ျပဳခဲ့ပါတယ္။ သမၼတဂ်ိဳးဘိုင္ဒင္ လက္မွတ္ေရးထိုးျခင္း မျပဳရေသးတဲ့ အဲဒီဥပေဒမွာ UFO (ေခၚ) အမ်ိဳးအမည္မသိ ပ်ံသန္းေနတဲ့အရာဝတၳဳမ်ားနဲ႔ပတ္သက္လို႔ အေမရိကန္အစိုးရက မွတ္တမ္းတင္ခဲ့တဲ့ ၁၉၄၅ ခုႏွစ္အထိျဖစ္စဥ္မ်ားကို ျပင္ဆင္ခ်က္ျပန္လည္ထည့္သြင္းေပးဖို႔ ပင္တာဂြန္ကို ေတာင္းဆိုေၾကာင္း မွတ္ခ်က္ပါရွိပါတယ္။

ဒီကိစၥဟာ သုေတသနပေရာ့ဂ်က္အေနနဲ႔ နယ္နယ္ရရမဟုတ္ေၾကာင္း၊ AARO အေနနဲ႔ မွတ္တမ္းအားလုံးကို ေလ့လာဆန္းစစ္ဖို႔ ကြန္ဂရက္လႊတ္ေတာ္က ဆႏၵရွိေနၿပီး တစ္ခ်ိဳ႕အမႈေတြဟာ လူအနည္းငယ္ကိုသာ အသိေပးထားတဲ့ “ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္အဆင့္” ျဖစ္ေနေၾကာင္း ကတ္ပက္ထရစ္က ေျပာပါတယ္။

ယခင္ စုံစမ္းစစ္ေဆးမႈမ်ားကို “ပေရာ့ဂ်က္ ဘလူးဘြတ္ခ္” အျဖစ္ အေမရိကန္ေလတပ္က ျပဳလုပ္ခဲ့ပါတယ္။ ၁၉၆၁ ခုႏွစ္ ထုတ္ျပန္ခဲ့တဲ့ အဲဒီအစီရင္ခံစာမွာ ျမင္ေတြ႕ရမႈ ၁၂၆၁၈ ခုကို ထည့္သြင္းထားၿပီး ၎တို႔အနက္ ၇ဝ၁ ခုမွာ အမ်ိဳးအမည္ ခြဲျခားႏိုင္ျခင္းမရွိတဲ့အရာဝတၳဳမ်ားအျဖစ္ တရားဝင္ က်န္ရွိေနပါတယ္။

၁၉၉၄ ခုႏွစ္မွာ အေမရိကန္ေလတပ္က “၁၉၄၇ ခုႏွစ္ ႐ို႕စ္ဝဲလ္ျဖစ္ရပ္" နဲ႔ ပတ္သက္တဲ့မွတ္တမ္းမ်ားအေပၚ ေလ့လာမႈၿပီးဆုံးခဲ့ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။ ႐ို႕စ္ဝဲလ္ၿမိဳ႕အနီးမွ ေကာက္ယူစုေဆာင္းရရွိတဲ့ပစၥည္းမ်ားဟာ ပ်က္က်ခဲ့တဲ့ မီးပုံးပ်ံတစ္ခုျဖစ္ေၾကာင္း၊ စစ္တပ္က ကာလၾကာရွည္စြာ ရွင္းျပခ်က္မ်ားနဲ႔ ကိုက္ညီၿပီး ၿဂိဳလ္သား႐ုပ္အေလာင္းမ်ား (သို႔မဟုတ္) အာကာသမွ ၿဂိဳဟ္သားပစၥည္းမ်ား ရွာေဖြေတြ႕ရွိတယ္လို႔ အေထာက္အထားမရွိေၾကာင္း ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.