အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်လို့ ရောကီအမည်ရှိလိပ် နဲ့ ရိုမီအိုအမည်ရှိ သိမ်းငှက်တို့ ရွေးချယ်ခဲ့ကြ

869

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၈
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲ ဆိုတဲ့အချက်ကို ပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ ရော့ကီအမည်ရှိ လိပ်ကလေးနဲ့ ရိုမီအိုအမည်ရှိ သိမ်းငှက်ကလေးတို့က အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်လို့ ရွေးချယ်ခန့်မှန်းလိုက်ပါတယ်။
လိပ်ကလေး၊ ရော့ကီ နဲ့ သိမ်းငှက်ကလေး ရိုမီအိုတို့ကို ဘယ်အသင်း ချန်ပီယံဖြစ်မလဲဆိုတဲ့အချက်ကို ရွေးချယ်နိုင်ဖို့ အာဂျင်တီနား အလံ၊ ပြင်သစ်အလံ ရှေ့မှာ အစာများ ချထားခဲ့ရာ ရော့ကီနဲ့ ရီုမိအိုတို့ဟာ အာဂျင်တီးနားအသင်း အလံရှေ့မှာ ချထားတဲ့အစာကို စားခဲ့တဲ့အတွက် အာဂျင်တီးနားအသင်းချန်ပီယံဖြစ်မယ်လို့ ရေပန်းစားလျက်ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းအနိုင်ရမလဲဆိုတဲ့အချက်ကို ကြိုတင်ခန့်မှန်းနိုင်ဖို့ တိရစ္ဆာန်များကိုအသုံးပြုကာ ရွေးချယ်မှုတွေလုပ်ဆောင်ခဲ့ပြီး ငှက်တွေ၊ ငါးတွေ၊ လိပ်တွေ၊ ခွေးတွေ စတဲ့ သတ္တဝါများကို အသုံးပြုများရှိခဲ့တယ်လို့ သိရပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၇၄ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တို့မှာ ရယူနိုင်ခဲ့ပြီး ၁၉၃ဝ၊ ၁၉၉ဝ၊ ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယနေရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်အသင်းဟာလည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ရယူနိုင်ခဲ့ဖူးပြီး လက်ရှိကမ္ဘာ့ဖလား ချန်ပီယံအသင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် နောက်ဆုံး နှစ်ပေါင်း ၆ဝ အတွင်း ကမ္ဘာ့ဖလား လက်ရှိချန်ပီယံတွေဟာ ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ရာ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ထပ်မံထိန်းသိမ်းနိုင်မလား ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
အာဂ်င္တီးနားအသင္းက ကမာၻ႔ဖလားခ်န္ပီယံျဖစ္မယ္လို႔ ေရာကီအမည္ရွိလိပ္ နဲ႔ ႐ိုမီအိုအမည္ရွိ သိမ္းငွက္တို႔ ေ႐ြးခ်ယ္ခဲ့ၾက
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၈
ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဘယ္အသင္းခ်န္ပီယံျဖစ္မလဲ ဆိုတဲ့အခ်က္ကို ပရိသတ္မ်ား စိတ္ဝင္စားမႈျမင့္တက္ေနခ်ိန္မွာ ေရာ့ကီအမည္ရွိ လိပ္ကေလးနဲ႔ ႐ိုမီအိုအမည္ရွိ သိမ္းငွက္ကေလးတို႔က အာဂ်င္တီးနားအသင္း ကမာၻ႔ဖလားခ်န္ပီယံျဖစ္မယ္လို႔ ေ႐ြးခ်ယ္ခန႔္မွန္းလိုက္ပါတယ္။
လိပ္ကေလး၊ ေရာ့ကီ နဲ႔ သိမ္းငွက္ကေလး ႐ိုမီအိုတို႔ကို ဘယ္အသင္း ခ်န္ပီယံျဖစ္မလဲဆိုတဲ့အခ်က္ကို ေ႐ြးခ်ယ္ႏိုင္ဖို႔ အာဂ်င္တီနား အလံ၊ ျပင္သစ္အလံ ေရွ႕မွာ အစာမ်ား ခ်ထားခဲ့ရာ ေရာ့ကီနဲ႔ ႐ီုမိအိုတို႔ဟာ အာဂ်င္တီးနားအသင္း အလံေရွ႕မွာ ခ်ထားတဲ့အစာကို စားခဲ့တဲ့အတြက္ အာဂ်င္တီးနားအသင္းခ်န္ပီယံျဖစ္မယ္လို႔ ေရပန္းစားလ်က္ရွိေနတယ္လို႔ သိရပါတယ္။
လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘယ္အသင္းအႏိုင္ရမလဲဆိုတဲ့အခ်က္ကို ႀကိဳတင္ခန႔္မွန္းႏိုင္ဖို႔ တိရစာၦန္မ်ားကိုအသုံးျပဳကာ ေ႐ြးခ်ယ္မႈေတြလုပ္ေဆာင္ခဲ့ၿပီး ငွက္ေတြ၊ ငါးေတြ၊ လိပ္ေတြ၊ ေခြးေတြ စတဲ့ သတၱဝါမ်ားကို အသုံးျပဳမ်ားရွိခဲ့တယ္လို႔ သိရပါတယ္။
အာဂ်င္တီးနားအသင္းဟာ ကမာၻ႔ဖလားခ်န္ပီယံဆုကို ၁၉၇၄ ခုႏွစ္နဲ႔ ၁၉၈၆ ခုႏွစ္တို႔မွာ ရယူႏိုင္ခဲ့ၿပီး ၁၉၃ဝ၊ ၁၉၉ဝ၊ ၂ဝ၁၄ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒုတိယေနရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ျပင္သစ္အသင္းဟာလည္း ကမာၻ႔ဖလားခ်န္ပီယံဆုကို ႏွစ္ႀကိမ္ရယူႏိုင္ခဲ့ဖူးၿပီး လက္ရွိကမာၻ႔ဖလား ခ်န္ပီယံအသင္းျဖစ္ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ေနာက္ဆုံး ႏွစ္ေပါင္း ၆ဝ အတြင္း ကမာၻ႔ဖလား လက္ရွိခ်န္ပီယံေတြဟာ ခ်န္ပီယံဆုကို ထိန္းသိမ္းႏိုင္ျခင္းမရွိခဲ့ရာ ျပင္သစ္အသင္းဟာ ကမာၻ႔ဖလားခ်န္ပီယံဆုကို ထပ္မံထိန္းသိမ္းႏိုင္မလား ဆိုတဲ့အခ်က္ကလည္း စိတ္ဝင္စားမႈျမင့္တက္ေနတယ္လို႔ သိရပါတယ္။