မော်လမြိုင်လေဆိပ်ကို ပြောင်းရွှေ့ရန် စီစဉ်နေ

 1379

ပုံစာ - ယခင်က အဆင့်မြှင့်တင်ရန် ဆောင်ရွက်ခဲ့သည့် မော်လမြိုင်လေဆိပ်မူကြမ်း

NP News - ဒီဇင်ဘာ ၂၁

မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ရန်အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂ဝ ရက်တွင်ကျင်းပသည့် မွန်ပြည် နယ် တရားလွှတ်တော် အဆောက်အဦးဖွင့်ပွဲအပြီး မော်လမြိုင်လေဆိပ်သို့ ရောက်ရှိစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်လေယာဉ်ကွင်းသည် မြို့နှင့် နီးကပ်ခြင်း၊ တက္ကသိုလ်နှင့် နီးကပ်ခြင်းတို့ကြောင့် ခေါက်ရေတိုးချဲ့ပြေးဆွဲရန် ကန့်သတ်ချက်ရှိခြင်း၊ လေယာဉ်ပြေးလမ်းအား တိုးချဲ့ရန် ကန့်သတ်ချက်ရှိခြင်းတို့ကြောင့် မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ မှ ၂ဝ၁၉ -၂ဝ၂ဝ အထိ လုပ်ငန်းဆောင်ရွက်မှုတွင် မော်လမြိုင်လေဆိပ်အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP) ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် စီးပွားရေးရာကော်မတီ၏ (၉/၂ဝ၁၇) မှ မူအားဖြင့် ခွင့်ပြုချက် ရရှိခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ်အမျိုးအစားအားလုံး ဆင်းသက်နိုင်သည့် အဆင့်မီလေယာဉ်ကွင်းတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့အတူ မော်လမြိုင်-ထားဝယ် ရထားလမ်း အသစ်ထပ်မံဖောက်လုပ်ရေးအတွက်လည်း ဆောင်ရွက်နေကြကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ေလဆိပ္ကို ေျပာင္းေ႐ႊ႕ရန္စီစဥ္ေန
NP News - ဒီဇင္ဘာ ၂၁

ေမာ္လၿမိဳင္ေလဆိပ္ကို ေနရာအသစ္သို႔ ေျပာင္းေ႐ႊ႕ရန္အတြက္ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက ဥကၠ႒ျဖစ္သူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဒီဇင္ဘာလ ၂ဝ ရက္တြင္က်င္းပသည့္ မြန္ျပည္ နယ္ တရားလႊတ္ေတာ္ အေဆာက္အဦးဖြင့္ပြဲအၿပီး ေမာ္လၿမိဳင္ေလဆိပ္သို႔ ေရာက္ရွိစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ေမာ္လၿမိဳင္ေလယာဥ္ကြင္းသည္ ၿမိဳ႕ႏွင့္ နီးကပ္ျခင္း၊ တကၠသိုလ္ႏွင့္ နီးကပ္ျခင္းတို႔ေၾကာင့္ ေခါက္ေရတိုးခ်ဲ႕ေျပးဆြဲရန္ ကန႔္သတ္ခ်က္ရွိျခင္း၊ ေလယာဥ္ေျပးလမ္းအား တိုးခ်ဲ႕ရန္ ကန႔္သတ္ခ်က္ရွိျခင္းတို႔ေၾကာင့္ ေမာ္လၿမိဳင္ေလဆိပ္ကို ေနရာအသစ္သို႔ ေျပာင္းေ႐ႊ႕ရန္ စီမံေဆာင္႐ြက္လ်က္ရွိသည္ဟု သိရသည္။

ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ၂ဝ၁၆-၂ဝ၁၇ မွ ၂ဝ၁၉ -၂ဝ၂ဝ အထိ လုပ္ငန္းေဆာင္႐ြက္မႈတြင္ ေမာ္လၿမိဳင္ေလဆိပ္အား အစိုးရ-ပုဂၢလိကပူးေပါင္းေဆာင္႐ြက္သည့္စနစ္ (PPP) ျဖင့္ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ႏိုင္ရန္ စီးပြားေရးရာေကာ္မတီ၏ (၉/၂ဝ၁၇) မွ မူအားျဖင့္ ခြင့္ျပဳခ်က္ ရရွိခဲ့ေၾကာင္းသိရသည္။

မြန္ျပည္နယ္ ႏွင့္ ကရင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျပဳႏိုင္သည့္ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားမွ ေလယာဥ္အမ်ိဳးအစားအားလုံး ဆင္းသက္ႏိုင္သည့္ အဆင့္မီေလယာဥ္ကြင္းတစ္ခု တည္ေဆာက္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ထို႔အတူ ေမာ္လၿမိဳင္-ထားဝယ္ ရထားလမ္း အသစ္ထပ္မံေဖာက္လုပ္ေရးအတြက္လည္း ေဆာင္႐ြက္ေနၾကေၾကာင္း သိရသည္။

Picture

Ye Htun

21/12/2022 22:56

မော်လမြိုင် 👏👏👏👍👍

Related news

© 2021. All rights reserved.