အမေရိကန် ပြည်ထောင်စုမှာ ဆောင်းရာသီအားလပ်ရက်များ မတိုင်မီ အားကောင်းသော နှင်းမုန်တိုင်းတစ်ခု ဝင်ရောက်နိုင်ဖွယ်ရှိ

544

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၁
အမေရိကန်ပြည်ထောင်စုရဲ့ နှင်းထူထပ်စွာ ကျဆင်းမှု၊ အေးခဲနေတဲ့ အပူချိန်အောက်မှာ ယခုသီတင်းပတ် အားလပ်ရက်များ မတိုင်မီ အန္တရာယ်ရှိတဲ့ နှင်းမုန်တိုင်းများ ကြုံရနိုင်ဖွယ်ရှိပြီး ယခုနှစ်အတွင်း ခရီးသွားလာမှု အများဆုံးကာလမှာ ပျံသန်းမှု နှောင့်နှေးမှုများ၊ ခရီးသွားလာမှု ခက်ခဲခြင်းများ ကြုံတွေ့ရဖွယ်ရှိတယ်လို့ သိရပါ တယ်။
"ကြီးမားပြီး အားကောင်းတဲ့ မုန်တိုင်းစနစ်ကြောင့် ခရီးသွားများအနေနဲ့ မိုးလေဝသ နောက်ဆုံးခန့်မှန်းချက်ကို စစ်ဆေးဖို့ အရေးကြီးပါတယ်" လို့ မ်ိုးဇလက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
တောင်ဘက်အလယ်ပိုင်းမှ အရှေ့ဘက်ကမ်းရိုးတန်းအထိ လျှပ်တစ်ပြက်အေးခဲမှုများ ဖြစ်ပေါ်နိုင်ပြီး လွင်ပြင်နဲ့ ဂရိတ်ကန်များဒေသ အစိတ်အပိုင်းများမှာ နှင်းမုန်တိုင်းအခြေအနေများ ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။ ဘေးဒဏ်သင့်ဒေသများမှာ နေထိုင်သူများဟာ ခရီးသွားလာမှု အနှောင့်အယှက်များ၊ ၎င်းတို့ အိမ်များမှာ ပိတ်မိနေမယ့်အလားအလာနဲ့ အိမ်ခြေရာမဲ့ အိမ်နီးနားချင်းများ နေထိုင်စရာ အခက်အခဲဖြစ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး စိုးရွံ့ထိတ်လန့်မှုများ မြင့်တက်လာနေတာကို ဆိုရှယ်မီဒီယာမှာ မြင်တွေ့ရပါတယ်။
နှင်းမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ နီဘရာစကာ၊ ကန်းဆက်၊ ဒါကိုတက်၊ မီနီဆိုးတား၊ အိုင်အိုဝါ နဲ့ ဝစ္စကွန်ဆင်ဒေသ များသို့ ရွေ့လျားနိုင်ဖွယ်ရှိပြီး ကြသပတေးနေ့မှာ ချီကာဂိုအပါအဝင် အနောက်အလယ်ပိုင်းနဲ့ ဂရိတ်ကန်ဒေသများ ကို ဝင်ရောက်တိုက်ခတ်နိုင်ကာ နိုင်ငံရဲ့ အကြီးမားဆုံးလေကြောင်းလိုင်းအချက်အချာ O'Hare အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်ပျံသန်းမှု နှောင့်နှေးခြင်းနဲ့ ဖျက်သိမ်းရခြင်းတို့ ဖြစ်ပေါ်စေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အေမရိကန္ ျပည္ေထာင္စုမွာ ေဆာင္းရာသီအားလပ္ရက္မ်ား မတိုင္မီ အားေကာင္းေသာ ႏွင္းမုန္တိုင္းတစ္ခု ဝင္ေရာက္ႏိုင္ဖြယ္ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၁
အေမရိကန္ျပည္ေထာင္စုရဲ႕ ႏွင္းထူထပ္စြာ က်ဆင္းမႈ၊ ေအးခဲေနတဲ့ အပူခ်ိန္ေအာက္မွာ ယခုသီတင္းပတ္ အားလပ္ရက္မ်ား မတိုင္မီ အႏၲရာယ္ရွိတဲ့ ႏွင္းမုန္တိုင္းမ်ား ႀကဳံရႏိုင္ဖြယ္ရွိၿပီး ယခုႏွစ္အတြင္း ခရီးသြားလာမႈ အမ်ားဆုံးကာလမွာ ပ်ံသန္းမႈ ေႏွာင့္ေႏွးမႈမ်ား၊ ခရီးသြားလာမႈ ခက္ခဲျခင္းမ်ား ႀကဳံေတြ႕ရဖြယ္ရွိတယ္လို႔ သိရပါ တယ္။
"ႀကီးမားၿပီး အားေကာင္းတဲ့ မုန္တိုင္းစနစ္ေၾကာင့္ ခရီးသြားမ်ားအေနနဲ႔ မိုးေလဝသ ေနာက္ဆုံးခန႔္မွန္းခ်က္ကို စစ္ေဆးဖို႔ အေရးႀကီးပါတယ္" လို႔ မ္ိုးဇလက အဂၤါေန႔မွာ ေျပာၾကားခဲ့ပါတယ္။
ေတာင္ဘက္အလယ္ပိုင္းမွ အေရွ႕ဘက္ကမ္း႐ိုးတန္းအထိ လွ်ပ္တစ္ျပက္ေအးခဲမႈမ်ား ျဖစ္ေပၚႏိုင္ၿပီး လြင္ျပင္နဲ႔ ဂရိတ္ကန္မ်ားေဒသ အစိတ္အပိုင္းမ်ားမွာ ႏွင္းမုန္တိုင္းအေျခအေနမ်ား ျဖစ္ေပၚလာႏိုင္တယ္လို႔ ခန႔္မွန္းထားပါ တယ္။ ေဘးဒဏ္သင့္ေဒသမ်ားမွာ ေနထိုင္သူမ်ားဟာ ခရီးသြားလာမႈ အေႏွာင့္အယွက္မ်ား၊ ၎တို႔ အိမ္မ်ားမွာ ပိတ္မိေနမယ့္အလားအလာနဲ႔ အိမ္ေျခရာမဲ့ အိမ္နီးနားခ်င္းမ်ား ေနထိုင္စရာ အခက္အခဲျဖစ္လာႏိုင္ေျခနဲ႔ ပတ္သက္ၿပီး စိုး႐ြံ႕ထိတ္လန႔္မႈမ်ား ျမင့္တက္လာေနတာကို ဆိုရွယ္မီဒီယာမွာ ျမင္ေတြ႕ရပါတယ္။
ႏွင္းမုန္တိုင္းဟာ ဗုဒၶဟူးေန႔မွာ နီဘရာစကာ၊ ကန္းဆက္၊ ဒါကိုတက္၊ မီနီဆိုးတား၊ အိုင္အိုဝါ နဲ႔ ဝစၥကြန္ဆင္ေဒသ မ်ားသို႔ ေ႐ြ႕လ်ားႏိုင္ဖြယ္ရွိၿပီး ၾကသပေတးေန႔မွာ ခ်ီကာဂိုအပါအဝင္ အေနာက္အလယ္ပိုင္းနဲ႔ ဂရိတ္ကန္ေဒသမ်ား ကို ဝင္ေရာက္တိုက္ခတ္ႏိုင္ကာ ႏိုင္ငံရဲ႕ အႀကီးမားဆုံးေလေၾကာင္းလိုင္းအခ်က္အခ်ာ O'Hare အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ေလယာဥ္ပ်ံသန္းမႈ ေႏွာင့္ေႏွးျခင္းနဲ႔ ဖ်က္သိမ္းရျခင္းတို႔ ျဖစ္ေပၚေစႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။