သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် ထောင်ဒဏ်(၅)နှစ် ပြစ်ဒဏ်ချမှတ်

 3326

NP News - ဒီဇင်ဘာ ၂၃

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်အား အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် ထောင်ဒဏ်(၅)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) တွင် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးက သင်ဇာဝင့်ကျော်အပေါ် အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ထောင်ဒဏ်၅နှစ် ချမှတ်တဲ့သတင်းက မှန်ပါတယ်။ ဟုတ်ပါတယ်။ ဒီနေ့ အင်းစိန်အ ကျဉ်းထောင် တရားရုံးက အမိန့်ချမှတ်လိုက်တာ” ဟု တရားရုံးနှင့်နီးစပ်သောသတင်းအရင်းအမြစ်တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်အား အမေရိကန်အခြေစိုက် Exantria ညစ်ညမ်းဝက်ဆိုက်ဒ်တွင် လိင်အသားပေး ဓါတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေ ရယူကာ ဖြန့်ဝေလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်ထားခြင်းဖြစ်ကြောင်း နစကမှ ပြီးခဲ့သော သြဂုတ်လအတွင်းက ပြောဆိုထားသည်။

မြန်မာအမျိုးသမီးများ ထိန်းသိမ်းအပ်သည့် မြန်မာယဉ်ကျေးမှုကိုပါ ထိခိုက်စေသော လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုဖိုင်များကို အခကြေးငွေရယူကာ ဖြန့်ဝေခဲ့သော သရုပ်ဆောင် သင်ဇာဝင့်ကျော်အား အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)အရ အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။

ထိုသို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်အား ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်ပြီးနောက် (၅)လနီးပါးအကြာတွင် ယခုကဲ့သို့ ထောင်ဒဏ်(၅)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့်အတူ မော်ဒယ် နန်းမွေစံသည်လည်း Exantria ညစ်ညမ်းဝက်ဆိုက်ဒ်တွင် လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေ ရယူကာ ဖြန့်ဝေမှုဖြင့် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်ခံခဲ့ရသည်။

Zawgyi Version;
သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ကို အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒျဖင့္ ေထာင္ဒဏ္(၅)ႏွစ္ ျပစ္ဒဏ္ခ်မွတ္
NP News - ဒီဇင္ဘာ ၂၃

႐ုပ္ရွင္သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္အား အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒျဖင့္ ေထာင္ဒဏ္(၅)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ (ဒီဇင္ဘာ ၂၃ ရက္) တြင္ ရန္ကုန္ၿမိဳ႕၊ အင္းစိန္အက်ဥ္းေထာင္ရွိ တရား႐ုံးက သင္ဇာဝင့္ေက်ာ္အေပၚ အထက္ပါကဲ့သို႔ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ကို ေထာင္ဒဏ္၅ႏွစ္ ခ်မွတ္တဲ့သတင္းက မွန္ပါတယ္။ ဟုတ္ပါတယ္။ ဒီေန႔ အင္းစိန္အ က်ဥ္းေထာင္ တရား႐ုံးက အမိန႔္ခ်မွတ္လိုက္တာ” ဟု တရား႐ုံးႏွင့္နီးစပ္ေသာသတင္းအရင္းအျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္အား အေမရိကန္အေျခစိုက္ Exantria ညစ္ညမ္းဝက္ဆိုက္ဒ္တြင္ လိင္အသားေပး ဓါတ္ပုံႏွင့္ ဗီဒီယိုမ်ားအား အခေၾကးေငြ ရယူကာ ျဖန႔္ေဝလ်က္ရွိသည္ကို စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ ဖမ္းဆီးထိန္းသိမ္းအမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း နစကမွ ၿပီးခဲ့ေသာ ၾသဂုတ္လအတြင္းက ေျပာဆိုထားသည္။

ျမန္မာအမ်ိဳးသမီးမ်ား ထိန္းသိမ္းအပ္သည့္ ျမန္မာယဥ္ေက်းမႈကိုပါ ထိခိုက္ေစေသာ လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုဖိုင္မ်ားကို အခေၾကးေငြရယူကာ ျဖန႔္ေဝခဲ့ေသာ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္အား အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရးဥပေဒ ပုဒ္မ ၃၃(က)အရ အမႈဖြင့္အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

ထိုသို႔ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္အား ဖမ္းဆီးထိန္းသိမ္းအမႈဖြင့္ၿပီးေနာက္ (၅)လနီးပါးအၾကာတြင္ ယခုကဲ့သို႔ ေထာင္ဒဏ္(၅)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ႏွင့္အတူ ေမာ္ဒယ္ နန္းေမြစံသည္လည္း Exantria ညစ္ညမ္းဝက္ဆိုက္ဒ္တြင္ လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုမ်ားအား အခေၾကးေငြ ရယူကာ ျဖန႔္ေဝမႈျဖင့္ ဖမ္းဆီးထိန္းသိမ္း အမႈဖြင့္ခံခဲ့ရသည္။

Related news

© 2021. All rights reserved.