"ဒီနည်းတွေနဲ့ အပိုဝင်ငွေ ရှာကြမယ်" (ထူးခြားသုတဆောင်းပါး)

 3116

ဝတီ (NP News) - ဒီဇင်ဘာ ၂၆

ကုန်ဈေးနှုန်းတွေ မိုးပျံနေပြီး ဝင်ငွေနဲ့ ထွက်ငွေ လောက်ငှဖို့ ခက်လှတဲ့ ခေတ်ကြီးထဲမှာ လူတိုင်းနီးပါးက အပိုဝင်ငွေ ရှာချင်နေကြပါတယ်။ ဒါကြောင့် ဘယ်နည်းလမ်းတွေက အပိုဝင်ငွေရှာဖို့ အကောင်းဆုံးလဲဆိုတာ စုစည်းဖော်ပြလိုက်ပါတယ်။

ကုမ္ပဏီတွေရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ကိုင်တွယ်စီမံပေးပါ။
ဒီနေ့ခေတ်မှာ လူတိုင်းလိုလို ဖေ့စ်ဘွတ်ခ် သုံးနေကြတော့ ကုမ္ပဏီတွေဟာ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်ထောင်ပြီး ကိုယ့်ကုန်ပစ္စည်း၊ ကိုယ့်ဝန်ဆောင်မှုတွေကို အဆက်မပြတ် ကြော်ငြာလာရပါတော့တယ်။ ပြီးတော့ ဖေ့စ်ဘွတ်ခ်ကနေ မေးမြန်းလာသမျှကိုလည်း အမြန်ဆုံးအကြောင်းပြန်နိုင်အောင်လုပ်လာကြရပါတယ်။ ဒါ့ပြင် ကိုယ့်စာ မျက်နှာပေါ်မှာလည်း ကိုယ့်ကုန်ပစ္စည်းနဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းအရာတွေကို တင်ဆက်လာကြရပါတယ်။ ဒီတော့ ဒီစာမျက်နှာတွေကို ကိုင်တွယ်ပေးမယ့်လူ၊ဖောက်သည်တွေကို အမြန်ဆုံးအကြောင်းပြန်ပေးနိုင်မယ့်လူတွေ လိုလာတာမဆန်းပါဘူး။ ဒါကြောင့် ဒီလိုအလုပ်မျိုး အချိန်ပိုင်းအလုပ်တွေ ခေါ်လာတဲ့အခါ လျှောက်ကြည့်ပါ။ တပြိုင်တည်းမှာ ကုမ္ပဏီ တစ်ခုထက်မက ကိုင်ပေးနိုင်ရင်တော့ ဝင်ငွေ ပိုရမှာပါ။ ဒါပေမဲ့ ကိုယ်က အခုမှ စလုပ်တာဆိုရင်တော့ ကုမ္ပဏီတစ်ခုအတွက်ပဲ စလုပ်ပါ။

zawgyi version
"ဒီနည္းေတြနဲ႔ အပိုဝင္ေငြ ရွာၾကမယ္" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၂၆

ကုန္ေဈးႏႈန္းေတြ မိုးပ်ံေနၿပီး ဝင္ေငြနဲ႔ ထြက္ေငြ ေလာက္ငွဖို႔ ခက္လွတဲ့ ေခတ္ႀကီးထဲမွာ လူတိုင္းနီးပါးက အပိုဝင္ေငြ ရွာခ်င္ေနၾကပါတယ္။ ဒါေၾကာင့္ ဘယ္နည္းလမ္းေတြက အပိုဝင္ေငြရွာဖို႔ အေကာင္းဆုံးလဲဆိုတာ စုစည္းေဖာ္ျပလိုက္ပါတယ္။

ကုမၸဏီေတြရဲ႕ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကို ကိုင္တြယ္စီမံေပးပါ။
ဒီေန႔ေခတ္မွာ လူတိုင္းလိုလို ေဖ့စ္ဘြတ္ခ္ သုံးေနၾကေတာ့ ကုမၸဏီေတြဟာ ေဖ့စ္ဘြတ္ခ္ေပ့ဂ်္ေထာင္ၿပီး ကိုယ့္ကုန္ပစၥည္း၊ ကိုယ့္ဝန္ေဆာင္မႈေတြကို အဆက္မျပတ္ ေၾကာ္ျငာလာရပါေတာ့တယ္။ ၿပီးေတာ့ ေဖ့စ္ဘြတ္ခ္ကေန ေမးျမန္းလာသမွ်ကိုလည္း အျမန္ဆုံးအေၾကာင္းျပန္ႏိုင္ေအာင္လုပ္လာၾကရပါတယ္။ ဒါ့ျပင္ ကိုယ့္စာ မ်က္ႏွာေပၚမွာလည္း ကိုယ့္ကုန္ပစၥည္းနဲ႔ ဆက္စပ္မႈရွိတဲ့ အေၾကာင္းအရာေတြကို တင္ဆက္လာၾကရပါတယ္။ ဒီေတာ့ ဒီစာမ်က္ႏွာေတြကို ကိုင္တြယ္ေပးမယ့္လူ၊ေဖာက္သည္ေတြကို အျမန္ဆုံးအေၾကာင္းျပန္ေပးႏိုင္မယ့္လူေတြ လိုလာတာမဆန္းပါဘူး။ ဒါေၾကာင့္ ဒီလိုအလုပ္မ်ိဳး အခ်ိန္ပိုင္းအလုပ္ေတြ ေခၚလာတဲ့အခါ ေလွ်ာက္ၾကည့္ပါ။ တၿပိဳင္တည္းမွာ ကုမၸဏီ တစ္ခုထက္မက ကိုင္ေပးႏိုင္ရင္ေတာ့ ဝင္ေငြ ပိုရမွာပါ။ ဒါေပမဲ့ ကိုယ္က အခုမွ စလုပ္တာဆိုရင္ေတာ့ ကုမၸဏီတစ္ခုအတြက္ပဲ စလုပ္ပါ။

ဘလော့ဂ်တစ်ခု ထောင်ပါ။
အွန်လိုင်းကနေ ပိုက်ဆံရှာတဲ့ နည်းတွေထဲမှာ ဒီနည်းကအကောင်းဆုံးထဲ ပါပါတယ်။ ဘလော့ဂ်တစ်ခု ထောင်ရတာ၊ ဘလော့ဂ်တစ်ခု နာမည်ရလာဖို့ဆိုတာ လွယ်တဲ့အ လုပ် မဟုတ်သလို အချိန်တိုအတွင်း ပိုက်ဆံရလာမှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘလော့ဂ် နာမည်ကြီးလာပြီဆိုတာနဲ့ ဝင်ငွေအတွက်ပူစရာကို မလိုတော့ပါဘူးတဲ့။ နာမည် ရလာပြီ၊ ပရိသတ်များလာပြီဆိုရင် ပိုက်ဆံရဖို့ လျှောက်လို့ရပြီလေ။ ဒါ့အပြင် ကြော်ငြာတွေကနေလည်း ပိုက်ဆံဝင်လာမှာပေါ့။ ကိုယ့်ဘလော့ဂ်မှာတော့ လူစိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ရေးသားတင်ဆက်ရမှာပါ။ ဒါမှသာ ကိုယ့်ဘလော့ဂ်ကို ဝင်ကြည့်တဲ့လူတွေ များလာမှာပါ။

zawgyi version
ဘေလာ့ဂ္တစ္ခု ေထာင္ပါ။
အြန္လိုင္းကေန ပိုက္ဆံရွာတဲ့ နည္းေတြထဲမွာ ဒီနည္းကအေကာင္းဆုံးထဲ ပါပါတယ္။ ဘေလာ့ဂ္တစ္ခု ေထာင္ရတာ၊ ဘေလာ့ဂ္တစ္ခု နာမည္ရလာဖို႔ဆိုတာ လြယ္တဲ့အ လုပ္ မဟုတ္သလို အခ်ိန္တိုအတြင္း ပိုက္ဆံရလာမွာလည္း မဟုတ္ပါဘူး။ ဒါေပမဲ့ ကိုယ့္ဘေလာ့ဂ္ နာမည္ႀကီးလာၿပီဆိုတာနဲ႔ ဝင္ေငြအတြက္ပူစရာကို မလိုေတာ့ပါဘူးတဲ့။ နာမည္ ရလာၿပီ၊ ပရိသတ္မ်ားလာၿပီဆိုရင္ ပိုက္ဆံရဖို႔ ေလွ်ာက္လို႔ရၿပီေလ။ ဒါ့အျပင္ ေၾကာ္ျငာေတြကေနလည္း ပိုက္ဆံဝင္လာမွာေပါ့။ ကိုယ့္ဘေလာ့ဂ္မွာေတာ့ လူစိတ္ဝင္စားမယ့္ အေၾကာင္းအရာေတြကို ေရးသားတင္ဆက္ရမွာပါ။ ဒါမွသာ ကိုယ့္ဘေလာ့ဂ္ကို ဝင္ၾကည့္တဲ့လူေတြ မ်ားလာမွာပါ။

ယူကျု့ချန်နယ် ထောင်ပါ။
ကိုယ်ပိုင် ယူကျု့ချန်နယ် ဖွင့်တာကလည်း ဘလော့ဂ်စာမျက်နှာတစ်ခု ထောင်သလိုပဲ ချက်ချင်းလက်ငင်း ငွေရတဲ့အလုပ် မဟုတ်ပါဘူး။ အများကြီးအချိန်ပေးရ၊ အရမ်းအား စိုက်ရပါတယ်။ ဒါပေမဲ့ ကိုယ့်ချန်နယ် ပေါက်သွားပြီဆိုရင်လည်း အပင်ပန်းခံရကျိုး နပ်လှပါတယ်။ ဒါကြောင့်ဒီအလုပ် လုပ်မယ်ဆိုရင် ဇွဲနပဲကြီးကြီး လုပ်ဖို့လိုပါလိမ့်မယ်။ ဒီအလုပ်လုပ်မယ်ဆိုရင်တော့ အရည်အသွေးသာမက အကြောင်းအရာပါ ကောင်းတဲ့ ဗီဒီယိုတွေကို ပုံမှန်တင်ဆက်နိုင်ရပါမယ်။ ဗီဒီယိုတည်းဖြတ်တာတွေနည်းနည်းပါးပါး တတ်ထားဖို့လိုပါတယ်။ ပြီးတော့ တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့ လိုပါလိမ့်မယ်။

zawgyi version
ယူက်ဳ႕ခ်န္နယ္ ေထာင္ပါ။
ကိုယ္ပိုင္ ယူက်ဳ႕ခ်န္နယ္ ဖြင့္တာကလည္း ဘေလာ့ဂ္စာမ်က္ႏွာတစ္ခု ေထာင္သလိုပဲ ခ်က္ခ်င္းလက္ငင္း ေငြရတဲ့အလုပ္ မဟုတ္ပါဘူး။ အမ်ားႀကီးအခ်ိန္ေပးရ၊ အရမ္းအား စိုက္ရပါတယ္။ ဒါေပမဲ့ ကိုယ့္ခ်န္နယ္ ေပါက္သြားၿပီဆိုရင္လည္း အပင္ပန္းခံရက်ိဳး နပ္လွပါတယ္။ ဒါေၾကာင့္ဒီအလုပ္ လုပ္မယ္ဆိုရင္ ဇြဲနပဲႀကီးႀကီး လုပ္ဖို႔လိုပါလိမ့္မယ္။ ဒီအလုပ္လုပ္မယ္ဆိုရင္ေတာ့ အရည္အေသြးသာမက အေၾကာင္းအရာပါ ေကာင္းတဲ့ ဗီဒီယိုေတြကို ပုံမွန္တင္ဆက္ႏိုင္ရပါမယ္။ ဗီဒီယိုတည္းျဖတ္တာေတြနည္းနည္းပါးပါး တတ္ထားဖို႔လိုပါတယ္။ ၿပီးေတာ့ တီထြင္ဖန္တီးႏိုင္စြမ္းရွိဖို႔ လိုပါလိမ့္မယ္။

စာသင်ပါ။
စာသင်တဲ့အလုပ်ဟာလည်း အပိုဝင်ငွေ ကောင်းကောင်း ရနိုင်တဲ့အချိန်ပိုင်းအလုပ်ပါပဲ။ ကိုယ်က ဘာသာစကား တစ်ခုခုကျွမ်းကျင်တယ်၊ ဒါမှမဟုတ် ပညာရပ်တစ်ခုခုကို တတ်ကျွမ်းနားလည်တယ်ဆိုရင် သင်လို့ရပါပြီ။ သူကတော့ ချက်ချင်းပိုက်ဆံရတဲ့ အလုပ်ပေါ့။

version
စာသင္ပါ။
စာသင္တဲ့အလုပ္ဟာလည္း အပိုဝင္ေငြ ေကာင္းေကာင္း ရႏိုင္တဲ့အခ်ိန္ပိုင္းအလုပ္ပါပဲ။ ကိုယ္က ဘာသာစကား တစ္ခုခုကြၽမ္းက်င္တယ္၊ ဒါမွမဟုတ္ ပညာရပ္တစ္ခုခုကို တတ္ကြၽမ္းနားလည္တယ္ဆိုရင္ သင္လို႔ရပါၿပီ။ သူကေတာ့ ခ်က္ခ်င္းပိုက္ဆံရတဲ့ အလုပ္ေပါ့။

နောက်ခံစကားပြောတဲ့ အလုပ် လုပ်ပါ
နောက်ခံစကားပြောပေးမယ့် လူတွေကို လိုက်ရှာတဲ့ အလုပ်ခေါ်စာတွေ ရှိတတ်ပါတယ်။ ဒီအလုပ်အတွက် လိုအပ်တာဆိုလို့ မိုက်ခရိုဖုန်း ကောင်းကောင်းတစ်လုံးရယ်၊ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ရယ်ပါပဲ။ ဒါပေမဲ့ ကိုယ့်အသံက နားထောင်ကောင်းတဲ့ အသံဖြစ်ဖို့ လိုသလို အသံပိုင်းမှာလည်း လေ့ကျင့်ထားတဲ့လူ ဖြစ်ရင်ပိုကောင်းပါတယ်။ ဒါက အိုးမကွာ အိမ်မကွာ လုပ်လို့ရတဲ့ အလုပ်လေ။

zawgyi version
ေနာက္ခံစကားေျပာတဲ့ အလုပ္ လုပ္ပါ။
ေနာက္ခံစကားေျပာေပးမယ့္ လူေတြကို လိုက္ရွာတဲ့ အလုပ္ေခၚစာေတြ ရွိတတ္ပါတယ္။ ဒီအလုပ္အတြက္ လိုအပ္တာဆိုလို႔ မိုက္ခ႐ိုဖုန္း ေကာင္းေကာင္းတစ္လုံးရယ္၊ တိတ္ဆိတ္တဲ့ ပတ္ဝန္းက်င္ရယ္ပါပဲ။ ဒါေပမဲ့ ကိုယ့္အသံက နားေထာင္ေကာင္းတဲ့ အသံျဖစ္ဖို႔ လိုသလို အသံပိုင္းမွာလည္း ေလ့က်င့္ထားတဲ့လူ ျဖစ္ရင္ပိုေကာင္းပါတယ္။ ဒါက အိုးမကြာ အိမ္မကြာ လုပ္လို႔ရတဲ့ အလုပ္ေလ။

ရုပ်ရှင်သုံးသပ်ချက်တွေ ရေးတဲ့အလုပ် လုပ်ပါ။
ဒီအလုပ်တွေလည်း တခါတလေ ခေါ်တာ တွေ့ရတတ်ပါတယ်။ ဒီအလုပ်ကတော့ ရုပ်ရှင်ဆို အရူးအမူး ကြိုက်တတ်တဲ့လူတွေ၊ စာချောအောင် ရေးတတ်သူတွေနဲ့အဆင် ပြေမှာပါ။ ရုပ်ရှင်မကြိုက်တဲ့လူတွေအတွက်တော့ ဒီအလုပ်က အဆင်ပြေမှာ မဟုတ်ပါဘူး။

zawgyi version
႐ုပ္ရွင္သုံးသပ္ခ်က္ေတြ ေရးတဲ့အလုပ္ လုပ္ပါ။
ဒီအလုပ္ေတြလည္း တခါတေလ ေခၚတာ ေတြ႕ရတတ္ပါတယ္။ ဒီအလုပ္ကေတာ့ ႐ုပ္ရွင္ဆို အ႐ူးအမူး ႀကိဳက္တတ္တဲ့လူေတြ၊ စာေခ်ာေအာင္ ေရးတတ္သူေတြနဲ႔အဆင္ ေျပမွာပါ။ ႐ုပ္ရွင္မႀကိဳက္တဲ့လူေတြအတြက္ေတာ့ ဒီအလုပ္က အဆင္ေျပမွာ မဟုတ္ပါဘူး။

အချက်အလက်တွေ ရေးသွင်းတဲ့အလုပ် လုပ်ပါ။
Data Entry လို့ခေါ်တဲ့ အချက်အလက်တွေ ရေးသွင်းတဲ့အလုပ်ဟာလည်း ခေါ်လေ့ခေါ်ထရှိတဲ့ အိုးမကွာ အိမ်မကွာ အလုပ်ပါပဲ။ ပြီးတော့ ဒီအလုပ်က ဘာမှသိပ်ကြီးကျွမ်းကျင်နေစရာ မလိုပါဘူး။ စာကောင်းကောင်း ရိုက်တတ်ရင် အဆင်ပြေပါတယ်။ ပြီးတော့ ကိုယ်အားတဲ့အချိန်မှာ လုပ်လို့ရတာဆိုတော့ အဆင်ပြေတာပေါ့။ ဒီတော့ ဒီအလုပ်ဟာလည်း အပိုဝင်ငွေရှာလို့ကောင်းတဲ့ အချိန်ပိုင်းအလုပ်ပါပဲ။

zawgyi version
အခ်က္အလက္ေတြ ေရးသြင္းတဲ့အလုပ္ လုပ္ပါ။
Data Entry လို႔ေခၚတဲ့ အခ်က္အလက္ေတြ ေရးသြင္းတဲ့အလုပ္ဟာလည္း ေခၚေလ့ေခၚထရွိတဲ့ အိုးမကြာ အိမ္မကြာ အလုပ္ပါပဲ။ ၿပီးေတာ့ ဒီအလုပ္က ဘာမွသိပ္ႀကီးကြၽမ္းက်င္ေနစရာ မလိုပါဘူး။ စာေကာင္းေကာင္း ႐ိုက္တတ္ရင္ အဆင္ေျပပါတယ္။ ၿပီးေတာ့ ကိုယ္အားတဲ့အခ်ိန္မွာ လုပ္လို႔ရတာဆိုေတာ့ အဆင္ေျပတာေပါ့။ ဒီေတာ့ ဒီအလုပ္ဟာလည္း အပိုဝင္ေငြရွာလို႔ေကာင္းတဲ့ အခ်ိန္ပိုင္းအလုပ္ပါပဲ။

ကားတွေကို ညအိပ် လက်ခံပါ။
ကိုယ်က ခြံနဲ့ဝင်းနဲ့ နေတဲ့လူ ဆိုရင်တော့ ဒါက အဆင်ပြေမှာပါ။ ကားကို ညအိပ်လက်ခံထားရုံပဲဆိုတော့ ကိုယ်ဘာမှ မလုပ်ရဘဲ အပိုဝင်ငွေ ရမယ့်အလုပ်ပေါ့။ ဒီနေ့ခေတ်မှာ ကားပိုင်ရှင်တွေက သူတို့ကားကို အရင်လို လမ်းဘေးမှာပဲ ညအိပ်မထားချင်ကြတော့ဘူး မဟုတ်လား။ ဒါ့ပြင် ကိုယ့်အိမ်က ဘတ်စ်ကား မှတ်တိုင်နား၊ ဘူတာရုံနားမှာဆိုရင် နေ့ဘက်ဆိုလည်း စက်ဘီးအပ်၊ ဆိုင်ကယ်အပ် လက်ခံလို့ရတယ်လေ။

zawgyi version
ကားေတြကို ညအိပ္ လက္ခံပါ။
ကိုယ္က ၿခံနဲ႔ဝင္းနဲ႔ ေနတဲ့လူ ဆိုရင္ေတာ့ ဒါက အဆင္ေျပမွာပါ။ ကားကို ညအိပ္လက္ခံထား႐ုံပဲဆိုေတာ့ ကိုယ္ဘာမွ မလုပ္ရဘဲ အပိုဝင္ေငြ ရမယ့္အလုပ္ေပါ့။ ဒီေန႔ေခတ္မွာ ကားပိုင္ရွင္ေတြက သူတို႔ကားကို အရင္လို လမ္းေဘးမွာပဲ ညအိပ္မထားခ်င္ၾကေတာ့ဘူး မဟုတ္လား။ ဒါ့ျပင္ ကိုယ့္အိမ္က ဘတ္စ္ကား မွတ္တိုင္နား၊ ဘူတာ႐ုံနားမွာဆိုရင္ ေန႔ဘက္ဆိုလည္း စက္ဘီးအပ္၊ ဆိုင္ကယ္အပ္ လက္ခံလို႔ရတယ္ေလ။

ကိုယ့်ကား ကိုယ်ထည်ပေါ်မှာ ကြော်ငြာပုံကြီးတွေ ကပ်တာ လက်ခံလိုက်ပါ။
ဒါကတော့ လူတိုင်း မြင်ဖူးတဲ့အရာပါ။ ဒါကြောင့် ကိုယ့်ကားကိုယ်ထည်ပေါ် ဘာပုံကြီးတွေ၊ ဘာစာသားတွေပဲ ရောက်နေနေ၊ ပိုက်ဆံရ ပြီးရော ဆိုရင်တော့ ဒီအလုပ်ကို လက်ခံသင့်ပါတယ်။ ဒါကဘာမှ ခေါင်းရှုပ်ခံစရာမလိုဘဲ ပိုက်ဆံ အလိုလို ရနေမှာလေ။

zawgyi version
ကိုယ့္ကား ကိုယ္ထည္ေပၚမွာ ေၾကာ္ျငာပုံႀကီးေတြ ကပ္တာ လက္ခံလိုက္ပါ။
ဒါကေတာ့ လူတိုင္း ျမင္ဖူးတဲ့အရာပါ။ ဒါေၾကာင့္ ကိုယ့္ကားကိုယ္ထည္ေပၚ ဘာပုံႀကီးေတြ၊ ဘာစာသားေတြပဲ ေရာက္ေနေန၊ ပိုက္ဆံရ ၿပီးေရာ ဆိုရင္ေတာ့ ဒီအလုပ္ကို လက္ခံသင့္ပါတယ္။ ဒါကဘာမွ ေခါင္းရႈပ္ခံစရာမလိုဘဲ ပိုက္ဆံ အလိုလို ရေနမွာေလ။

အိမ်မှာ အခန်းလွတ်ရှိနေရင် ငှားစားပါ။
ကိုယ့်အိမ်မှာ အခန်းလွတ်ရှိနေရင်လည်း အလကား ထားမယ့်အစား အပိုဝင်ငွေရ အောင် ငှားစားသင့်ပါတယ်။ ဒီနေ့ခေတ်မှာ နေစရာခက်နေတဲ့လူတွေ အများကြီးပဲ မဟုတ်လား။ အိမ်တစ်လုံး၊ တိုက်ခန်းတစ်ခန်းလုံး ငှားနေရတာကလည်း စရိတ်ကြီးတော့ လူနည်းတဲ့ မိသားစုက အိမ်ခန်းတစ်ခန်းလောက်ကိုပဲ ငှားနေချင်ကြပါတယ်။ သူစိမ်းမိသားစုနဲ့အတူ နေရတာဟာ ကိုယ့်မိသားစုချည်းပဲ နေရတာလောက်တော့
စိတ်လွတ်လက်လွတ် မရှိနိုင်ပေမယ့် ပိုက်ဆံရဖို့အတွက်ဆိုတော့ သည်းညည်းခံရမှာပါပဲ။

zawgyi version
အိမ္မွာ အခန္းလြတ္ရွိေနရင္ ငွားစားပါ။
ကိုယ့္အိမ္မွာ အခန္းလြတ္ရွိေနရင္လည္း အလကား ထားမယ့္အစား အပိုဝင္ေငြရ ေအာင္ ငွားစားသင့္ပါတယ္။ ဒီေန႔ေခတ္မွာ ေနစရာခက္ေနတဲ့လူေတြ အမ်ားႀကီးပဲ မဟုတ္လား။ အိမ္တစ္လုံး၊ တိုက္ခန္းတစ္ခန္းလုံး ငွားေနရတာကလည္း စရိတ္ႀကီးေတာ့ လူနည္းတဲ့ မိသားစုက အိမ္ခန္းတစ္ခန္းေလာက္ကိုပဲ ငွားေနခ်င္ၾကပါတယ္။ သူစိမ္းမိသားစုနဲ႔အတူ ေနရတာဟာ ကိုယ့္မိသားစုခ်ည္းပဲ ေနရတာေလာက္ေတာ့ စိတ္လြတ္လက္လြတ္ မရွိႏိုင္ေပမယ့္ ပိုက္ဆံရဖို႔အတြက္ဆိုေတာ့ သည္းညည္းခံရမွာပါပဲ။

အားတဲ့အချိန်မှာ ပစ္စည်းလိုက်ပို့ပါ။
ကိုယ်အားတဲ့အချိန်တွေမှာ ဒါမှမဟုတ် အားလပ်ရက်တွေမှာ delivery လိုက်ပို့တာဟာလည်း မြိုးမြိုးမြက်မြက် ရတဲ့အလုပ်ပါပဲ။ ပစ္စည်းများများ လိုက်ပို့ရရင် ကိုက်တာမို့ အပိုဝင်ငွေ ရှာချင်သူတွေ ဒီအလုပ်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒီအလုပ် လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်မြို့နယ်ထဲက ရောင်းအားကောင်းတဲ့ အွန်လိုင်းရှော့ပင်တွေနဲ့ ချိတ်ဆက်ထားသင့်ပါတယ်။

zawgyi version
အားတဲ့အခ်ိန္မွာ ပစၥည္းလိုက္ပို႔ပါ။
ကိုယ္အားတဲ့အခ်ိန္ေတြမွာ ဒါမွမဟုတ္ အားလပ္ရက္ေတြမွာ delivery လိုက္ပို႔တာဟာလည္း ၿမိဳးၿမိဳးျမက္ျမက္ ရတဲ့အလုပ္ပါပဲ။ ပစၥည္းမ်ားမ်ား လိုက္ပို႔ရရင္ ကိုက္တာမို႔ အပိုဝင္ေငြ ရွာခ်င္သူေတြ ဒီအလုပ္ကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ဒီအလုပ္ လုပ္ခ်င္တယ္ဆိုရင္ေတာ့ ကိုယ့္ၿမိဳ႕နယ္ထဲက ေရာင္းအားေကာင္းတဲ့ အြန္လိုင္းေရွာ့ပင္ေတြနဲ႔ ခ်ိတ္ဆက္ထားသင့္ပါတယ္။

Related news

© 2021. All rights reserved.