မော်ဝါဒီ သူပုန်ခေါင်းဆောင်ဟောင်း ပရာချန်ဒါက နီပေါရဲ့ သုံးကြိမ်မြောက် ဝန်ကြီးချုပ်ဖြစ်လာ

680

ရောင်နီ (NP News) - ဒီဇင်ဘာလ ၂၇
နီပေါနိုင်ငံ၏ဘုရင်စနစ်အား တော်လှန်ပုန်ကန်မှုကို ဆယ်စုနှစ်များစွာကြာ ဦးဆောင်ခဲ့တဲ့၊ မော်ဝါဒီ ခေါင်းဆောင် ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ပရာချန်ဒါဟာ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲအပြီး ပါလီမန်ကို ပြန်လည်ရုပ်သိမ်း ပြီးနောက် အဓိကအတိုက်အခံများနဲ့ မဟာမိတ်အဖွဲ့က တတိယအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ ရပါတယ်။
"ကြောက်မက်ဖွယ်" (သို့မဟုတ်) "ပြင်းထန်သော" လို့အဓိပ္ပာယ်ရတဲ့ ပက်ပါကာမဲလ်ဒါဟဲလ် အမည်လည်းရှိတဲ့ ပရာချန်ဒါဟာ အတိုက်အခံကွန်မြူနစ်များ ပေါင်းစည်းထားတဲ့ မာ့က်စ်-လီနင်ဝါဒီများရဲ့ ထောက်ခံမှုနဲ့ အစိုးရသစ် ငါးနှစ်သက်တမ်းကို ဦးဆောင်မည်ဖြစ်တယ်လို့ သိရပါတယ်။ ပရာချန်ဒါဟာ ဒီဇင်ဘာလ ၂၆ ရက်၊ တနင်္လာနေ့မှာ ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိပြီး ပါတီ ခုနစ်ခုက ၄င်းကိုထောက်ခံကြောင်း ကတိပြုထားပါတယ်။
နီပေါကွန်ဂရက်ပါတီမှ ရှားဘာဟာဒါဒီဘာ နေရာမှာ အစားထိုးဝင်ရောက်မယ့် ပရာချန်ဒါ ဟာ ၂ဝ၂၅ ခုနှစ်မှာ ရာထူးမှ ဆင်းမှာဖြစ်ပြီး UML ရဲ့ ရာထူးကို ရယူရန် လမ်းစဖြစ်လာကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ပါ တယ်။ ပရာချန်ဒါဟာ နီပေါနိုင်ငံရဲ့ ၁၉၉၆ - ၂ဝဝ၆ ခုနှစ် ပြည်တွင်းစစ်အတွင်း လူပေါင်း ၁၇ဝဝဝ နီးပါးသေဆုံးပြီး ၂၃၉ သက်တမ်းရှိ ဘုရင်စနစ် အဆုံးသတ်စေခဲ့တဲ့တော်လှန်ရေးမှာ မော်ဝါဒီ သူပုန်ခေါင်းဆောင်အဖြစ် လုပ်ဆောင် ခဲ့ပါတယ်။၂ဝဝ၆ ခုနှစ်မှာတော့ မော်ဝါဒီများဟာ ၎င်းတို့ရဲ့လက်နက်ကိုင်ပုန်ကန်မှုကိုစွန့်လွှတ်ကာ ကုလသမဂ္ဂ အကူအညီပေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကာ ပင်မနိုင်ငံရေးသို့ ဝင်ရောက်ခဲ့ပါတယ်။ ပရာချန်ဒါဟာ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ခုနှစ် မှာ ယင်းရာထူးနဲ့ပဲ ထပ်မံတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပရာချန်ဒါဟာ ညွန့်ပေါင်းမိတ်ဖက်များစွာကြောင့် နိုင်ငံတည်ငြိမ်ရေးကို ပံ့ပိုးပေးနိုင်ဖွယ်မရှိကြောင်း လေ့လာသူများ က ပြောကြားခဲ့ခြင်းစတဲ့ ကြီးလေးတဲ့ စီးပွားရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ငွေကြေးဖောင်းပွမှု ၆ နှစ် အတွင်း အမြင့်ဆုံး ၈ ရာခိုင်နှုန်းကျော်ရှိပြီ အခြေခံကုန်ပစ္စည်းများတင်သွင်းမှုအပေါ် မှီခိုမှု တိုးမြင့်လာမှုနဲ့အတူ နီပေါနိုင်ငံဟာ နိုင်ငံခြားငွေ အရန်ငွေလျော့နည်းသွားခြင်းနဲ့ရင်ဆိုင်နေရပါတယ်။
နီပေါနိုင်ငံဟာ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု၊ အစိုးရအပြောင်းအလဲများ မကြာခဏဖြစ်ပေါ်ခြင်းနဲ့ ပါတီများအကြား ငြင်းခုံမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားရာမှာ နှောင့်နှေးမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း တို့ဖြစ်ပေါ်နေပါတယ်။

Zawgyi Version;
ေမာ္ဝါဒီ သူပုန္ေခါင္းေဆာင္ေဟာင္း ပရာခ်န္ဒါက နီေပါရဲ႕ သုံးႀကိမ္ေျမာက္ ဝန္ႀကီးခ်ဳပ္ျဖစ္လာ
ေရာင္နီ (NP News) - ဒီဇင္ဘာလ ၂၇
နီေပါႏိုင္ငံ၏ဘုရင္စနစ္အား ေတာ္လွန္ပုန္ကန္မႈကို ဆယ္စုႏွစ္မ်ားစြာၾကာ ဦးေဆာင္ခဲ့တဲ့၊ ေမာ္ဝါဒီ ေခါင္းေဆာင္ ေဟာင္းတစ္ဦးလည္းျဖစ္တဲ့ ပရာခ်န္ဒါဟာ ၿပီးခဲ့တဲ့လက ေ႐ြးေကာက္ပြဲအၿပီး ပါလီမန္ကို ျပန္လည္႐ုပ္သိမ္း ၿပီးေနာက္ အဓိကအတိုက္အခံမ်ားနဲ႔ မဟာမိတ္အဖြဲ႕က တတိယအႀကိမ္ေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ ရပါတယ္။
"ေၾကာက္မက္ဖြယ္" (သို႔မဟုတ္) "ျပင္းထန္ေသာ" လို႔အဓိပၸာယ္ရတဲ့ ပက္ပါကာမဲလ္ဒါဟဲလ္ အမည္လည္းရွိတဲ့ ပရာခ်န္ဒါဟာ အတိုက္အခံကြန္ျမဴနစ္မ်ား ေပါင္းစည္းထားတဲ့ မာ့က္စ္-လီနင္ဝါဒီမ်ားရဲ႕ ေထာက္ခံမႈနဲ႔ အစိုးရသစ္ ငါးႏွစ္သက္တမ္းကို ဦးေဆာင္မည္ျဖစ္တယ္လို႔ သိရပါတယ္။ ပရာခ်န္ဒါဟာ ဒီဇင္ဘာလ ၂၆ ရက္၊ တနလၤာေန႔မွာ က်မ္းသစၥာက်ိန္ဆိုဖြယ္ရွိၿပီး ပါတီ ခုနစ္ခုက ၄င္းကိုေထာက္ခံေၾကာင္း ကတိျပဳထားပါတယ္။
နီေပါကြန္ဂရက္ပါတီမွ ရွားဘာဟာဒါဒီဘာ ေနရာမွာ အစားထိုးဝင္ေရာက္မယ့္ ပရာခ်န္ဒါ ဟာ ၂ဝ၂၅ ခုႏွစ္မွာ ရာထူးမွ ဆင္းမွာျဖစ္ၿပီး UML ရဲ႕ ရာထူးကို ရယူရန္ လမ္းစျဖစ္လာေၾကာင္း ျပည္တြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့ပါ တယ္။ ပရာခ်န္ဒါဟာ နီေပါႏိုင္ငံရဲ႕ ၁၉၉၆ - ၂ဝဝ၆ ခုႏွစ္ ျပည္တြင္းစစ္အတြင္း လူေပါင္း ၁၇ဝဝဝ နီးပါးေသဆုံးၿပီး ၂၃၉ သက္တမ္းရွိ ဘုရင္စနစ္ အဆုံးသတ္ေစခဲ့တဲ့ေတာ္လွန္ေရးမွာ ေမာ္ဝါဒီ သူပုန္ေခါင္းေဆာင္အျဖစ္ လုပ္ေဆာင္ ခဲ့ပါတယ္။၂ဝဝ၆ ခုႏွစ္မွာေတာ့ ေမာ္ဝါဒီမ်ားဟာ ၎တို႔ရဲ႕လက္နက္ကိုင္ပုန္ကန္မႈကိုစြန႔္လႊတ္ကာ ကုလသမဂၢ အကူအညီေပးတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ပါဝင္ကာ ပင္မႏိုင္ငံေရးသို႔ ဝင္ေရာက္ခဲ့ပါတယ္။ ပရာခ်န္ဒါဟာ ၂ဝဝ၈-၂ဝဝ၉ ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေခတၱတာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂ဝ၁၆-၂ဝ၁၇ ခုႏွစ္ မွာ ယင္းရာထူးနဲ႔ပဲ ထပ္မံတာဝန္ထမ္းေဆာင္ခဲ့ပါတယ္။
ပရာခ်န္ဒါဟာ ၫြန႔္ေပါင္းမိတ္ဖက္မ်ားစြာေၾကာင့္ ႏိုင္ငံတည္ၿငိမ္ေရးကို ပံ့ပိုးေပးႏိုင္ဖြယ္မရွိေၾကာင္း ေလ့လာသူမ်ား က ေျပာၾကားခဲ့ျခင္းစတဲ့ ႀကီးေလးတဲ့ စီးပြားေရးစိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ေငြေၾကးေဖာင္းပြမႈ ၆ ႏွစ္ အတြင္း အျမင့္ဆုံး ၈ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီ အေျခခံကုန္ပစၥည္းမ်ားတင္သြင္းမႈအေပၚ မွီခိုမႈ တိုးျမင့္လာမႈနဲ႔အတူ နီေပါႏိုင္ငံဟာ ႏိုင္ငံျခားေငြ အရန္ေငြေလ်ာ့နည္းသြားျခင္းနဲ႔ရင္ဆိုင္ေနရပါတယ္။
နီေပါႏိုင္ငံဟာ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္မႈ၊ အစိုးရအေျပာင္းအလဲမ်ား မၾကာခဏျဖစ္ေပၚျခင္းနဲ႔ ပါတီမ်ားအၾကား ျငင္းခုံမႈမ်ားေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒေရးသားရာမွာ ေႏွာင့္ေႏွးမႈနဲ႔ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေႏွးေကြးျခင္း တို႔ျဖစ္ေပၚေနပါတယ္။